Home ဆောင်းပါး စတုတ္တ‌မြောက် ဖြစ်ရပ်က ဘာဖြစ်မလဲ

စတုတ္တ‌မြောက် ဖြစ်ရပ်က ဘာဖြစ်မလဲ

1420

စတုတ္တ‌မြောက် ဖြစ်ရပ်က ဘာဖြစ်မလဲ

‌မောင်‌ကျော်စွာ

(၁၁ ‌ဖေ‌ဖေါ်ဝါရီ ၂၀၂၁)

ဘယ်သူတစ်ဦးတစ်‌ယောက်မှ ကြိုတင်ခန့်မှန်း တွက်ချက်ထားနိုင်စွမ်းမရှိဘဲ ‌ပေါ်‌ပေါက်လာတဲ့ ဖြစ်ရပ်ကြီး ၃ခု ကျ‌နော်တို့နိုင်ငံမှာ ဖြစ်ပွားခဲ့ ဖြစ်ပွား‌နေပါတယ်။
ပထမ တစ်ခုက ၂၀၂ဝ ပြည့်နှစ်၊ ပါတီစုံဒီမိုက‌ရေစီ အ‌ထွေ‌ထွေ‌ရွေး‌ကောက်ပွဲ အနိုင်ရရှိမှု ရလဒ်
ဒုတိယ တစ်ခုက ‌ဖေ‌ဖေါ်ဝါရီလ ၁ရက်၊ စစ်တပ်အာဏာသိမ်းပိုက်မှု
တတိယ တစ်ခု ‌ဖေ‌ဖေါ်ဝါရီလ ၂ရက်က စတင်ပြီး တဟုန်ထိုး ကြီးမားကျယ်ပြန့်လာ‌နေပြီး လူတန်းစား လူ့အ လွှာအသီးသီးက ပြည်သူ‌တွေ တက်ကြွစွာပါဝင်‌နေကြတဲ့ (CDM) လို့‌ခေါ်ကြတဲ့ ပြည်သူ့လှုပ်ရှားမှုကြီးတို့ပဲ ဖြစ်ပါတယ်။

ဒီလို ဖြစ်ရပ်‌တွေ တစ်ခုပြီးတစ်ခု ဆက်တိုက် စီကာစဉ်က ‌ပေါ်‌ပေါက်လာလိမ့်မယ်လို့ ဘယ်သူမှ ကြိုတင်ခန့် မှန်း မတွက်ဆနိုင်ခဲ့ကြပါဘူး။

မဲဆန္ဒရှင် ပြည်သူအများစုဟာ ကိုဗစ် -၁၉ ကပ်‌ရောဂါကြီးဖြစ်ပွား‌နေတဲ့ အကြားကပင် သူတို့ နှစ်သက်တဲ့ အမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ် (NLD) ကို မဲ‌တွေ တခဲနက်‌ပေးခဲ့ကြတယ်။ မဲဆန္ဒရှင်ပြည်သူများရဲ့ ဆန္ဒနဲ့ ‌ရွေး‌ကောက်ပွဲ ရလဒ်ဟာ အ‌ခြေခံအားဖြင့် ကိုက်ညီခဲ့တယ်လို့ ‌ပြောနိုင်ပါတယ်။ ဒီ‌ရွေး‌ကောက်ပွဲရလဒ်နဲ့ပတ်သက်ပြီး ‌ရွေး‌ကောက်ပွဲ မတိုင်ခင် အ‌ထွေ‌ထွေအ‌ခြေအ‌နေအ‌ပေါ် အကဲခတ်သုံးသပ်သူအများစုက ယခုလို အတိုင်းအတာမျိုးနဲ့ ဒီချုပ်ပါတီ အနိုင် ရသွားလိမ့်မယ်လို့ ခန့်မှန်းတွက်ဆထားနိုင်ခဲ့ခြင်းမရှိဘဲ ယခင် ၂၀၁၅ ‌ရွေး‌ကောက်ပွဲရလဒ်ထက်ပင် အများကြီး နည်း လိမ့်မယ်လို့ တွက်ဆခဲ့ကြတာပါ။ ဒါ‌ပေမယ့် ခန့်မှန်းချက်ဟာ လုံးဝ လွဲ‌ချော်ခဲ့ပြီး ၂၀၁၅ ‌ရွေး‌ကောက်ပွဲရလဒ်ထက်ပင် ‌ကျော်လွန်ပြီး အနိုင်ရရှိသွားပါတယ်။

သို့‌သော်လည်း ပါတီစုံ‌ရွေး‌ကောက်ပွဲ‌တွေရဲ့ ထုံးစံအတိုင်း ‌ရွေး‌ကောက်ပွဲနဲ့သက်ဆိုင်တဲ့ အမှုအခင်း‌တွေ အနည်း နဲ့အများဆိုသလို ရှိခဲ့ပါတယ်။ ဒါကလည်း သက်ဆိုင်ရာ ဥပ‌ဒေနဲ့အညီ ‌ရွေး‌ကောက်ပွဲကိစ္စ‌တွေနဲ့ နိုင်ငံ‌ရေးပါတီဆိုင်ရာ ကိစ္စရပ်‌တွေနဲ့ပတ်သက်ပြီး အာဏာကုန်လွှဲအပ်ခြင်းခံထားရတဲ့ ပြည်‌ထောင်စု ‌ရွေး‌ကောက်ပွဲ‌ကော်မရှင်ရဲ့ တာဝန်နဲ့ လုပ်ပိုင်ခွင့်‌ဘောင်ထဲက စီရင်ဆုံးဖြတ်ရမယ့် ကိစ္စ‌တွေပဲဖြစ်ပါတယ်။

ယင်းသို့ ပုံမှန်အတိုင်း သမရိုးကျပဲ အရာရာဟာ ဖြစ်ထွန်းလာလိမ့်မယ်လို့ အများက ‌မျှော်လင့်ထား‌နေဆဲမှာ တတိယအကြိမ် လွှတ်‌တော်အစည်းအ‌ဝေး‌တွေကို ‌ခေါ်ယူထားပြီး လွှတ်‌တော်အစည်းအ‌ဝေး‌တွေ စတင်မယ့် ၂၀၂၁ခု နှစ်၊ ‌ဖေ‌ဖေါ်ဝါရီလ ၁ရက်‌နေ့မှာ စစ်တပ်က အာဏာသိမ်းပိုက်မှု ရုတ်တရက်‌ပေါ်‌ပေါက်လာပါတယ်။ ‌ကောလဟလဆန် ဆန် သတင်း‌တွေ ထွက်‌ပေါ်‌နေခဲ့‌သော်လည်း ဘယ်သူမှ ထိုသို့ဖြစ်လာလိမ့်မယ်လို့ ထင်မှတ်မထားခဲ့ပါ။ သို့‌သော်လည်း လက်‌တွေ့မှာ‌တော့ စစ်တပ် အာဏာသိမ်းပိုက်မှု အမှန်ပင်ဖြစ်ပွားခဲ့ပါတယ်။

နိုင်ငံ‌တော်သမ္မတ၊ ဒုတိယသမ္မတ၊ လွှတ်‌တော်ဥက္ကဋ္ဌများ၊ တိုင်း‌ဒေသကြီးနဲ့ပြည်နယ်ဝန်ကြီးချုပ်များ ဖမ်းဆီး ထိန်းသိမ်းခံထားရပါတယ်။ ထို့အပြင် အာဏာသိမ်းစစ်‌ကောင်စီ(SAC)က ပြည်‌ထောင်စု‌ရွေး‌ကောက်ပွဲ‌ကော်မရှင်၊ ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေဆိုင်ရာ ခုံရုံး၊ ‌ရှေ့‌နေချုပ်များ၊ တရားလွှတ်‌တော်တရားသူကြီးများ၊ အစိုးရအဖွဲ့ဝင် ပြည်‌ထောင်စု ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများကို တာဝန်က‌နေ အဓမ္မဖယ်ရှားပစ်ပြီး စစ်‌ကောင်စီရဲ့ ဩဇာနာခံမယ့်သူများနဲ့ အစားထိုး ဖွဲ့စည်းခန့်အပ်တာ‌တွေကို ဆက်တိုက်ဆိုသလို လုပ်ခဲ့ပါတယ်။ လုပ်‌ဆောင်‌နေဆဲလည်း ဖြစ်ပါတယ်။

ဒီလုပ်ရပ်‌တွေက ဘယ်လိုအ‌ကြောင်းပြချက်‌တွေပဲ‌ပေး‌ပေး၊ ‌ပြော‌ပြော၊ ‌ကြေညာ‌ကြေညာ အနှစ်သာရက ပြည်သူများက ‌ရွေး‌ကောက်ပွဲမှာ လွတ်လပ်စွာ ‌ဖော်ပြ‌ရွေးချယ်‌ပေးအပ်ခဲ့ကြတဲ့ ‌ရွေး‌ကောက်ပွဲရလဒ်ကို တပ်မ‌တော်က မ‌ကျေနပ်လို့၊ မလိုလားလို့၊ မရှုဆိမ့်လို့ ဖျက်ဆီးပစ်လိုက်တာပဲလို့ ပြည်တွင်းပြည်ပက နားလည်သ‌ဘော‌ပေါက်ကြပါ တယ်။

အာဏာသိမ်းတဲ့လုပ်ရပ်ကသည်ပင်လျှင် တည်ဆဲ ၂၀၀၈ အ‌ခြေခံဥပ‌ဒေကို လုံးဝ ဂရုမစိုက်ဘဲ ထင်သလို ‌ကျော်လွန်ချိုး‌ဖောက်ပြီး လုပ်‌ဆောင်ခဲ့တာပါ။ ဒါ‌ပေမယ့် ဒီချုပ်ပါတီအစိုးရက‌တော့ ‌ရွေး‌ကောက်ပွဲကျင်းပခဲ့တာ၊ ‌ရွေး‌ကောက်ပွဲရလဒ် တရားဝင်‌ကြေညာခဲ့တာ၊ ဥပ‌ဒေအရ ‌ခေါ်ဆိုရမယ့်လွှတ်‌တော်ကို ‌ခေါ်ဆိုခဲ့တာ‌တွေဟာ တည်ဆဲ ဥပ‌ဒေနဲ့အညီ ‌ဆောင်ရွက်ခဲ့တာဖြစ်‌ကြောင်း ‌တွေ့ရှိရပါတယ်။

ဒါ‌တွေကို ဥပ‌ဒေ‌ဘောင်ထဲကသာ ဆက်ပြီး ‌ဆောင်ရွက်မယ်ဆိုရင် စစ်တပ်အဖို့ ထင်သလို ချယ်လှယ်ချင်သလို ဖျက်သိမ်းပစ်ချင်သလို လုပ်မရတဲ့အဆုံးမှာ ဘယ်သူ့ကိုမှ၊ ဘာကိုမှ ဂရုမစိုက်ဘဲ ‘ဘာမဆို လုပ်ရဲတယ်’ ဆိုတဲ့ ကြိမ်းဝါး ချက်နဲ့အညီ ‘စစ်တပ်က အာဏာသိမ်း’ခဲ့တာပါ။ ဒီ အာဏာသိမ်းလုပ်ရပ်နဲ့ပတ်သက်ပြီး ၂၀၂ဝပြည့်နှစ် ‌ရွေး‌ကောက်ပွဲမှာ ‌ရွေးချယ်ခံထားရတဲ့ ပြည်သူ့ကိုယ်စားလှယ်‌တွေအနက်တစ်ဦးဖြစ်တဲ့ ဦး‌အောင်ကြည်ညွန့်က အခုလို အကဲဖြတ်‌ပြော ကြားတာကို ကြားသိရပါတယ်။

– “စစ်အာဏာရှင်စနစ်ကို ပြန်လည်အသက်သွင်းပြီး‌တော့ ပြည်သူကို စစ်ကျွန်ဖြစ်‌အောင် တရားမဲ့အာဏာသိမ်းတာ” တဲ့။
၁၉၈၈ ဒီမိုက‌ရေစီအ‌ရေး‌တော်ပုံကြီးမှာ ထင်ရှားတဲ့ ‌ကျောင်းသား‌ခေါင်း‌ဆောင်တစ်ဦးဖြစ်တဲ့ ကိုမင်းကိုနိုင်က လည်း အခုလို သုံးသပ်‌ပြောကြားတာကို ကြားရပါတယ်။

– “ဘယ်သူမှ မလုံခြုံဘူး။ ဘာအာမခံချက်မှ မရှိဘူး။ ဘာဖြစ်သွားမယ် ဆိုတာကို ဘယ်လိုမှ မ‌မျှော်မှန်းနိုင်ဘူး။ လက်နက်သာလျှင် ဥပ‌ဒေ၊ လက်နက်သာလျှင် တရားစီရင်‌ရေး ဖြစ်‌နေပြီ” တဲ့။
ပြည်သူ‌တွေက‌တော့ သူတို့‌လေးစားယုံကြည်အားထားတဲ့ နိုင်ငံ‌တော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ‌ဒေါ်‌အောင်ဆန်းစု ကြည်၊ နိုင်ငံ‌တော်သမ္မတကြီး ဦးဝင်းမြင့်တို့ကို ‘ပို့ကုန်သွင်းကုန်ဥပ‌ဒေ၊ ပုဒ်မ ၈’၊ ‘သဘာဝ‌ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပ‌ဒေ’ တို့နဲ့ မဟုတ်မဟပ် လုပ်ကြံအမှုဆင် ဖမ်းဆီးလိုက်တာကလည်း ပြည်သူအများစုကြီးအဖို့ အင်မတန် ခံပြင်းစရာဖြစ်သွားပါတယ်။ ဒီအခါမှာ မြို့ကြီး‌တွေမှာ သံပုံးတီးသံ‌တွေ ‌ပေါ်ထွက်လာပြီး‌နောက်ရက်များ‌တွေမှာ‌တော့ လမ်းမ‌တွေ‌ပေါ်မှာ လူတန်းစားလူ့အလွှာအသီးသီးက ပြည်သူ‌တွေရဲ့ (CDM)ပြည်သူ့လှုပ်ရှားမှုချီတက်ပွဲ‌တွေနဲ့ ပြည့်ကြပ် သွားပါ‌တော့တယ်။

အာဏာသိမ်း စစ်‌ကောင်စီ (SAC) က ထုတ်ပြန်ထားတဲ့ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားတဲ့ ‌ဒေသ‌တွေကိုကြည့်တာနဲ့ တိုင်း‌ဒေသကြီးနဲ့ပြည်နယ် ၁၄ခုစလုံး တနည်းအားဖြင့် တစ်ပြည်လုံးက စစ်တပ် ဒီလိုအာဏာသိမ်းမှုကို အုံကြွဆန့်ကျင် ကန့်ကွက်‌နေတယ်ဆိုတဲ့အချက်က အထင်အရှား ‌ပေါ်လွင်‌နေပါတယ်။

ပြည်သူ‌တွေရဲ့ လှုပ်ရှားမှုကြီးဟာ တ‌နေ့ထက်တ‌နေ့ အရှိန်အဟုန်နဲ့ အင်အားတိုးများမြှင့်တက်လာလျက်ရှိ‌နေပါ တယ်။ အုပ်ချုပ်‌ရေးယန္တရား လုံးလုံးလျားလျား ရပ်ဆိုင်းသွားတဲ့အထိ ဦးတည်‌ဆောင်ရွက်‌နေတာကို မြင်ရပါတယ်။

တစ်ပြည်လုံး‌နေရာအနှံ့က ပြည်သူ‌တွေဟာ စစ်အာဏာသိမ်းမှု – စစ်အုပ်ချုပ်မှုဆိုတာ‌တွေကို မုန်းတီးရွံ့ရှာ‌နေ ပြီ။ မလိုချင်‌တော့ပါဘူး။ အခုဆိုရင် စစ်တပ်က ထင်သလိုလုပ်နိုင်တဲ့ ဥပ‌ဒေအမိန့်‌တွေကိုလည်း လုံးဝ ရွံ့ရှာ‌နေပြီဆိုတာ ကို လက်‌တွေ့ကြုံ‌တွေ့ခံစား‌နေရပါပြီ။ ၂၀၀၈ အ‌ခြေခံဥပ‌ဒေဆိုတာကလည်း ကာချုပ်နဲ့စစ်တပ်က ထင်သလို လုပ်‌နေ လုပ်တာ လုံးဝ ပျက်စီး‌နေပါပြီ။

အခုလို ပြည်သူ‌တွေ အင်အားအရှိန်အဟုန်နဲ့ စုစည်းမိလာတဲ့အခါ ပြည်သူ‌တွေအလိုရှိတဲ့ အရာ‌တွေကို အခိုင် အမာ ဖန်တီးစီရင်နိုင်သလို၊ မလိုလားတဲ့အရာ‌တွေကိုလည်း အကုန်အစင် ဖျက်သိမ်းပစ်နိုင်တဲ့ အစွမ်းသတ္တိရှိ‌နေတယ် ဆိုတာကိုလည်း ပြည်သူ‌တွေဟာ လက်‌တွေ့အရ သူတို့အင်အားနဲ့ အစွမ်းသတ္တိကို သိမြင်နားလည် သ‌ဘော‌ပေါက်‌နေ ကြပါပြီ။

တစ်နိုင်ငံလုံးက ပြည်သူများရဲ့ (CDM) လှုပ်ရှားမှုကြီး အကြမ်းဖက် ဖိနှိပ်ဖြိုခွဲမှု‌တွေကို ရင်ဆိုင်နိုင်ပြီး ရည်မှန်း ရာသို့ ‌အောင်မြင်စွာ ချီတက်‌ရောက်ရှိနိုင်ကြပါ‌စေ။

ဒါ‌ကြောင့် စတုတ္တ‌မြောက် ဖြစ်ရပ်က ဘာဖြစ်လာမလဲဆိုတာ မျက်‌စေ့နဲ့ကို ဖွင့်ထားစွင့်ထားကြပါစို့။