Home သတင်း ကရင်ပြည်နယ်ဝန်ကြီး ၃ ဦး‌နေအိမ်ပြန်မ‌ရောက်‌သေး

ကရင်ပြည်နယ်ဝန်ကြီး ၃ ဦး‌နေအိမ်ပြန်မ‌ရောက်‌သေး

4698

‌ဖေ‌ဖော်ဝါရီလ ၃ ရက်၊ ၂၀၂၁ ခုနှစ်။ ‌ကေအိုင်စီ

‌ဖေ‌ဖော်ဝါရီလ ၁ ရက်‌နေ့တွင် ဖြစ်‌ပေါ်ခဲ့သည့် မြန်မာ့တပ်မ‌တော်၏ အာဏာသိမ်းသည့်‌နေ့ နံနက်မှစတင်ကာ ‌ခေါ်ယူထိန်းသိမ်းခံရသည့် ကရင်ပြည်နယ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ၃ဦးမှာ ယ‌နေ့ (‌ဖေ‌ဖော်ဝါရီလ ၃ ရက်‌နေ့ နံနက်အထိ ‌နေအိမ်သို့ ပြန်လည်‌ရောက်ရှိလာခြင်းမရှိ‌သေး‌ကြောင်း မိသားစုဝင်များနှင့်နီးစပ်သူများ၏ ‌ပြောပြ ချက်များအရ သိရသည်။

အဆိုပါအ‌ခြေအ‌နေများနှင့်ပတ်သက်ပြီး ဝန်ကြီးဦးသန်းနိုင်မိသားစုဝင်များနှင့်နီးစပ်သူတစ်ဦးက “ မလွတ်‌သေး ဘူး၊ လိုက်‌မေးကြည့်‌တော့ ဟိုဘက်က ‌မေးစရာ‌လေး‌တွေရှိ‌သေးတယ်ဆိုပြီး‌တော့ တစ်ရက်နှစ်ရက် ‌လောက်ကြာအုံးမယ်‌ပြောတယ်။ ‌ကောင်း‌ကောင်းပဲထားတယ်၊ ‌ကောင်း‌ကောင်းပဲ‌မေးတယ်လို့ သိရတယ်။ လာ‌ခေါ်သွားတုန်းကလည်း ‌အေး‌ဆေးပါပဲ” ဟု ‌ကေအိုင်စီ သို့‌ပြောသည်။

‌နေအိမ်သို့ ယ‌နေ့နံနက်အထိ ပြန်လည်‌ရောက်ရှိလာခြင်းမရှိ‌သေးသည့် အဆိုပါဝန်ကြီး ၃ ဦးမှာ ပြည်နယ်စီမံ ကိန်း၊ ဘဏ္ဍာ‌ရေးနှင့် စည်ပင်သာယာ‌ရေးဝန်ကြီးဦးသန်းနိုင်၊ ပြည်နယ်လူမှု‌ရေးဝန်ကြီး ဦးဘိုဘို‌ဝေ‌မောင်၊ ပြည်နယ်လူဝင်မှုကြီးကြပ်‌ရေးနှင့်လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးမင်းကိုခိုင်တို့ ဖြစ်သည်ဟု သိရသည်။

ထို့အတူ ဝန်ကြီးဦးဘိုဘို‌ဝေ‌မောင်နှင့်နီးစပ်သည့်လူငယ်တစ်ဦး၏ ‌ပြောပြချက်များအရ လူမှု‌ရေးဝန်ကြီးမှာလည်း ယ‌နေ့အထိ ၎င်း‌နေထိုင်ရာ အစိုးရအိမ်ရာသို့ ပြန်လည်‌ရောက်ရှိလာခြင်းမရှိ‌သေး‌ကြောင်း အတည်ပြု‌ပြောဆို သလို မည်သို့မျှအဆက်အသွယ်မရရှိ‌ကြောင်းလည်း ‌ပြောဆိုသည်။

မြန်မာ့တပ်မ‌တော်၏ အာဏာသိမ်းသည့်‌နေ့ နံနက်မှစတင်ကာ ‌ခေါ်ယူထိန်းသိမ်းခံရသည့် ကရင်ပြည်နယ် ဝန်ကြီးချုပ်အပါအဝင်ဝန်ကြီးများထဲမှ အဆိုပါဝန်ကြီး ၃ ဦးမှလွဲ၍ ယမန်‌နေ့က ပြည်နယ်ဝန်ကြီးချုပ်အပါအဝင် ဝန်ကြီးအချို့‌နေအိမ်သို့ပြန်လည်‌ရောက်ရှိလာပြီဖြစ်သည်ဟု သိရသည်။