Home သတင်း မြဝတီ ဆန္ဒပြမှု ရဲ နှင့်တပ်မှ လိုက်လံဖြိုခွဲ ဖမ်းဆီး။ လက်ရှိ ဖမ်းဆီးခံရသူ ၁ဝ ဦး‌ကျော်ရှိ

မြဝတီ ဆန္ဒပြမှု ရဲ နှင့်တပ်မှ လိုက်လံဖြိုခွဲ ဖမ်းဆီး။ လက်ရှိ ဖမ်းဆီးခံရသူ ၁ဝ ဦး‌ကျော်ရှိ

1659

‌ဖေ‌ဖော်ဝါရီ ၂၈ ရက် ၂၀၂၁ ခုနှစ်။ ‌ကေအိုင်စီ

ကရင်ပြည်နယ် မြဝတီမြို့တွင် ယ‌နေ့ နံနက်ပိုင်းက စစ်အာဏာရှင်ဆန့်ကျင်‌ရေး ဆန္ဒပြလူထုအား ရဲ နှင့် တပ်မှ လိုက်လံဖမ်းဆီးဖြိုခွဲပြီး လက်ရှိ နံနက် ၁ဝနာရီခွဲအချိန်ထိ ဖမ်းဆီးခံရသူ ၁ဝ ဦး ‌ကျော်ထိ ရှိ‌ကြောင်း သိရသည်။

စစ်အာဏာရှင်ဆန့်ကျင်‌ရေး ဆန္ဒပြလူထုသည် ယ‌နေ့ နံနက်ပိုင်းက ပုံမှန်စု‌ဝေး‌နေကျ မြဝတီ အမှတ် ၁ ချစ်ကြည်‌ရေးတံတားထိပ် ဘုရင့်‌နောင်လမ်းမကြီး ‌ပေါ်တွင် စတင်စု‌ဝေး‌နေစဉ် ရဲ နှင့် တပ်မှ
လူစုခွဲ‌ပေးရန် ‌ပြောဆိုပြီး လိုက်လံဖမ်းဆီးမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ထိုသို့ ဖမ်းဆီးရာ ဘုရင့်‌နောင်လမ်းနှင့် ကြံခင်းလမ်းဆုံရှိ ပြည်သူ ၁ဝ ဦး‌ကျော်ခန့် အဖမ်းခံရ‌ကြောင်း မျက်မြင်‌တွေ့ရှိသူများက ‌ပြောသည်။

လက်ရှိအချိန်ထိ‌တော့ ဆန္ဒပြလူထုမှာ လမ်းသွယ်များဆီ လူစုခွဲချီတက်ပြီး ဆန္ဒ‌ဖော်ထုတ်ရန် တာစူလျက်ရှိသည်။