Home ရွေးကောက်ပွဲသတင်း မြဝတီတွင် အစိုးရတပ် မဲစာရင်းစိစစ်ထုတ်ပြန်မှုအ‌ပေါ် ‌ထောက်ခံဆန္ဒပြမှု ဆက်တိုက်ပြုလုပ်၊ နှစ်ဦး အမှုဖွင့်ခံရ

မြဝတီတွင် အစိုးရတပ် မဲစာရင်းစိစစ်ထုတ်ပြန်မှုအ‌ပေါ် ‌ထောက်ခံဆန္ဒပြမှု ဆက်တိုက်ပြုလုပ်၊ နှစ်ဦး အမှုဖွင့်ခံရ

2028

ဇန်နဝါရီ ၂၄ရက်၊ ၂၀၂၁ ခုနှစ်။ ‌နေ‌နော်

ကရင်ပြည်နယ်၊ မြဝတီမြို့တွင် အစိုးရတပ်က မဲစာရင်းစိစစ်ထုတ်ပြန်‌နေမှုအပါ် ‌ထောက်ခံဆန္ဒပြမှုများ ဇန်နဝါရီ ၂၁ ရက်နှင့် ၂၂ ရက်များတွင် ဆက်တိုက်ပြုလုပ်ခဲ့ပြီး ဦး‌ဆောင်သူနှစ်ဦးကို ငြိမ်းစုစီပုဒ်မ ၁၉ အရ အမှုဖွင့်ထား‌ကြောင်း မြဝတီမြိုမရဲစခန်းတာဝန်ရှိသူများထံမှ သိရသည်။

တပ်မ‌တော်မှ မဲစာရင်းစိစစ်ထုတ်ပြန်‌နေမှုကို ‌ထောက်ခံ‌ကြောင်း ဇန်နဝါရီ ၂၂ ရက်‌နေ့ နံနက် ၁၁ နာရီ အချိန်ခန့်တွင် လူ ၃ဝ ဦး ဝန်းကျင်ခန့်က မြဝတီမြို့‌ပေါ် အမှတ် ၄ ရပ်ကွက် မြစန္ဒီပန်းခြံမှစတင်၍ မြို့နယ်စည်ပင်သာယာ‌ရေးရုံး လမ်းတစ်‌လျှောက် ‌ရွှေမြင်းဝန်ဘုရားအထိ ‌ကြွေး‌ကြော်သံ ၁ဝ ချက်ဖြင့် စီတန်းလှည့်လည် ဆန္ဒ‌ဖော်ထုတ်မှု ပြုလုပ်ခဲ့ကြသည်။

ယခုလို ဆန္ဒထုတ်‌ဖော်မှုကို ငြိမ်းစုစီ ဥပ‌ဒေအရ ခွင့်ပြုချက်တင်ပြထား‌သော်လည်း ‌ဒေသန္တရအမိန့်အရ ခွင့်မပြုထားသလို ၄၈ နာရီမတိုင်မီ ဆန္ဒထုတ်‌ဖော်ခဲ့သည့်အတွက် ‌ရွှေမြင်းဝန်ဘုရားဝန်းအ‌ရောက်တွင် ရဲတပ်ဖွဲ့ဝင်များက တာဆီးကာ လူစုခွဲလိုက်‌ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ ဆန္ဒထုတ်‌ဖော်ပွဲကို ဦး‌ဆောင်ခဲ့သည့် မြဝတီမြို့နယ်၊ ပြည်‌ထောင်စုကြံ့ခိုင်‌ရေးနှင့်ဖွံ့ဖြိုး‌ရေးပါတီဝင် ဦးရဲထွဋ်ပိုင်ကို မြဝတီမြို့မရဲစခန်းက ငြိမ်းစုစီပုဒ်မ ၁၉ ဖြင့် အမှုဖွင့်အ‌ရေးယူထားသည်ဟု မြဝတီမြို့မရဲစခန်း တာဝန်ရှိသူတဦးက ‌ပြောသည်။

အလားတူ ဇန်နဝါရီ ၂၁ ရက်တွင် တပ်မ‌တော်မဲစာရင်းစိစစ်ထုတ်ပြန်မှုကို ‌ထောက်ခံ‌ကြောင်း မြဝတီမြို့‌ပေါ်တွင် တစ်ကိုယ်‌တော် ဆန္ဒထုတ်‌ဖော်ခဲ့သူ မြဝတီမြို့ အမှတ် ၃ ရပ်ကွက်၊ ကျွန်း‌တောရပ်‌နေသူ ဦး‌ဇော်မင်းထွန်းကိုလည်း ငြိမ်းစုစီပုဒ်မ ၁၉ ဖြင့် အမှုဖွင့်အ‌ရေးယူထား‌ကြောင်း သိရသည်။

ထို့အပြင် ဇန်နဝါရီ ၂၂ ရက် နံနက် ၉ နာရီ‌ကျော်အချိန်တွင် ကရင်ပြည်နယ်၊ ‌ကော့ကရိတ်မြို့နယ်၊ လှိုင်းဝရွာ ‌ဘောလုံးကွင်း၌ တပ်မ‌တော်မဲစာရင်းစိစစ်ထုတ်ပြန်မှုအ‌ပေါ် လူ ၃ဝ ဦးက ‌ထောက်ခံဆန္ဒပြမှုဖြစ်စဉ် ဖြစ်ပွားခဲ့‌ကြောင်း ‌ကေ့ကရိတ်‌ဒေသခံများက‌ပြောသည်။