Home သတင်း တပ်မ‌တော်၏ မဲစာရင်းစိစစ်ထုတ်ပြန်မှုကို ‌ထောက်ခံသူတစ်ဦး မြဝတီတွင် ဆန္ဒ‌ဖော်ထုတ်

တပ်မ‌တော်၏ မဲစာရင်းစိစစ်ထုတ်ပြန်မှုကို ‌ထောက်ခံသူတစ်ဦး မြဝတီတွင် ဆန္ဒ‌ဖော်ထုတ်

1788

ဇန်နဝါရီ ၂၁ ရက်၊ ၂၀၂၁ ခုနှစ် ။ ‌နေ‌နော်

တပ်မ‌တော်၏ မဲစာရင်းစိစစ်များကို‌ထောက်ခံ‌ကြောင်း တစ်ကိုယ်‌တော် ဆန္ဒထုတ်‌ဖော်မှုတစ်ခုကို ကရင်ပြည်နယ် မြဝတီမြို့‌ပေါ်ရှိ ဘုရင့်‌နောင် ‌ဈေး‌ရှေ့တွင် ဇန်နဝါရီ ၂၁ ရက် (ယ‌နေ့) နံနက် ၉ နာရီ‌ကျော်ခန့်က ပြုလုပ်ခဲ့‌ကြောင်း သိရသည်။

အဆိုပါ ဆန္ဒထုတ်‌ဖော်မှုကို မြဝတီမြို့‌ပေါ်ရှိ ဘုရင့်‌နောင်‌ဈေး‌ရှေ့ လမ်းမတစ်‌လျှောက်တွင် ငါးမိနစ်ခန့်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး မဲစာရင်းအား တပ်မ‌တော်ကစိစစ်‌နေသည်ကို ‌ထောက်ခံဆန္ဒပြခြင်းဖြစ်သည်ဟု တစ်ကိုယ်‌တော်ဆန္ဒထုတ်‌ဖော်ခဲ့သူ ကို‌ဇော်မင်းထွန်းက ‌ပြောသည်။

“ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေနှင့်အညီ မဲစာရင်းများကို တပ်မ‌တော်က မှန်မှန်ကန်ကန် မျှမျှတတ ပြန်လည်စိစစ်‌နေတာကို ပြည်သူတ‌ယောက်အ‌နေနဲ့ ‌ထောက်ခံဆန္ဒပြ‌နေခြင်းဖြစ်တယ်” ဟု ကို‌ဇော်မင်းထွန်းက ‌ပြောသည်။

ဆန္ဒထုတ်‌ဖော်သူ ကို‌ဇော်မင်းဦးသည် “တပ်မ‌တော်မှ ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေနှင့်အညီ မဲမသမာမှုများကို ‌ဖော်ထုတ်‌ဆောင်ရွက်‌နေမှုအား ‌ထောက်ခံအပ်ပါသည်” ဟု ‌ရေးသားထားသည့်ပိုစတာကို ချိတ်ဆွဲ ဆန္ဒထုတ်‌ဖော်ခဲ့ခြင်းဖြစ်‌ကြောင်း သိရသည်။

ယခုလို ဆန္ဒထုတ်‌ဖော်မှု ပြုလုပ်ခဲ့သည့်အ‌ပေါ် ငြိမ်ချမ်းစွာစု‌ဝေးခြင်း စီတန်းလှည့်လည်ခြင်း ဥပ‌ဒေနှင့်အညီ ခွင့်ပြုထားခြင်းမရှိသည့်အတွက် ဆန္ဒထုတ်‌ဖော်သူကို အ‌ရေးယူရန် ရဲတပ်ဖွဲ့က ရှာ‌ဖွေ‌နေသည်ဟု ကနဦးသတင်းရရှိသည်။

တပ်မ‌တော်သတင်းမှန်ပြန်ကြား‌ရေးအဖွဲ့က မဲစာရင်းစိစစ်‌တွေ့ရှိမှုအ‌ပေါ် ဇန်နဝါရီ ၂ဝ ရက်အထိ ၂၄ ကြိမ်အထိ ထုတ်ပြန်ခဲ့ပြီး ယင်း‌နေ့တွင် ကရင်ပြည်နယ်တွင် မဲစာရင်းမသမာမှုပြုနိုင်သည့် ထပ်‌နေသည့် မဲစာရင်း ၁၃,၂၄၇ ရှိ‌ကြောင်း ထုတ်ပြန်ခဲ့‌ကြောင်းနှင့် ယင်းသို့ထုတ်ပြန်ပြီး တစ်ရက်အကြာ ကရင်ပြည်နယ် မြဝတီမြို့တွင် ယခုလို ‌ထောက်ခံဆန္ဒထုတ်‌ဖော်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။