Home သတင်း ကရင်ပြည်နယ်အတွင်း တပ်မ‌တော်၏ တိုက်ခိုက်မှုများရပ်တန့်‌ရေး နိုင်ငံတကာဖိအား‌ပေးရန် နိုင်ငံတကာ ‌ရောက်ကရင်များ တိုက်တွန်း

ကရင်ပြည်နယ်အတွင်း တပ်မ‌တော်၏ တိုက်ခိုက်မှုများရပ်တန့်‌ရေး နိုင်ငံတကာဖိအား‌ပေးရန် နိုင်ငံတကာ ‌ရောက်ကရင်များ တိုက်တွန်း

3206

ဇန်နဝါရီ ၂၇ရက်၊ ၂၀၂၁ ခုနှစ်။ စအိုင်ဆူး

အရပ်သား ထိခိုက်‌သေဆုံးမှုများရှိ‌နေသည့် ကရင်ပြည်နယ်အတွင်း တပ်မ‌တော်၏ တိုက်ခိုက်မှုများကို ရပ်တန့် ‌စေ‌ရေးအတွက် ဥ‌ရောပ သမဂ္ဂ(EU) အပါအဝင် ဥ‌ရောပ တိုင်းပြည်များအ‌နေဖြင့် တပ်မ‌တော်အ‌ပေါ် ဖိအား‌ပေး သွားရန် နိုင်ငံတကာ‌ရောက် ကရင်များက ယမန်‌နေ့ (ဇန်နဝါရီလ ၂၆)က ‌ကြေညာချက်ထုတ်ကာ ‌တောင်းဆို လိ်ုက်သည်။

ပြီးခဲ့သည့် ၂၀၂ဝခုနှစ်၊ ဒီဇင်ဘာလက စတင်ခဲ့ပြီး အရှိန်မြင့် တက်လာသည့် တိုက်ခိုက်မှုများနှင့်အတူ အရပ် သား ထိခိုက်‌သေဆုံးမှုများရှိလာသည့် ကရင်ပြည်နယ်အတွင် တိုက်ခိုက်မှုများအ‌ပေါ် EU အပါအဝင် ဥ‌ရောပ တိုင်းပြည်များအ‌နေဖြင့် အသံတိတ်နုတ်ဆိတ်‌နေ‌ကြောင်း ဥ‌ရောပ ကရင်ကွန်ရက် (European Karen Network) က ဆိုသည်။

မြန်မာ့ ငြိမ်းချမ်း‌ရေး လုပ်ငန်းစဉ်အ‌ပေါ် Joint Peace Fund အ‌နေဖြင့် ထည့်ဝင်‌ထောက်ပံ့‌နေသည့် EU ဥ‌ရောပ သမဂ္ဂ အပါအဝင် ဗြိတိန်၊ ‌နော်‌ဝေ၊ ဖင်လန်၊ အီတလီ၊ ဆွစ်ဇာလန်၊ ဂျာမနီ တိုင်းပြည်များအ‌နေဖြင့် ကရင်ပြည်နယ်အတွင်း တပ်မ‌တော်၏ အရပ်သားအ‌ပေါ် ပစ်မှတ်ထား တိုက်ခိုက်‌နေမှုများကို အဆုံး သတ်‌စေ‌ရေး ‌တောင်းဆိုသွားရန် ဥ‌ရောပ ကရင်ကွန်ယက်အဖွဲ့က ၎င်းထုတ်ပြန်ချက်၌ ‌တောင်းဆိုခဲ့သည်။

ထို့အပြင် တပ်မ‌တော်၏ လက်နက်ကြီး ရမ်းသမ်း ပစ်ခတ်မှုများ‌ကြောင့် ‌ထောင်နှင့် ချီသည့် အရပ်သားပြည်သူ များသည် အစားအစာနှင့် အမိုးအကာမရှိ ‌တောထဲတွင် ထွက်‌ပြေးတိမ်း‌ရှောင်‌နေရသလို လူသားချင်း စာနာ သည့် အကူအညီအ‌ထောက်အပံ့များလည်း တားမြစ်ပိတ်ပင်ခံ‌နေရခြင်း‌ကြောင်း ဆက်လက်‌ဖော်ပြ ထားသည်။

ထိုသို့ လူသားချင်းစာနာမှု ကူညီ‌ထောက်ပံ့မှုများ ပိတ်ပင်တားမြစ်ခံရမှုသည် နိုင်ငံတကာ ရာဇဝတ်မှု ‌မြောက်သ လို ၎င်းကို အမြန်ဆုံး ရုပ်သိမ်း‌ပေး‌ရေး နှင့် အရပ်သားများ ကူညီ‌ထောက်ပံ့မှု အမြန်ဆုံးရရှိ‌စေ‌ရေးအတွင် EU အဖွဲ့ဝင် နိုင်ငံများနှင့် ငြိမ်းချမ်း‌ရေး အလှူရှင်များအ‌နေဖြင့် ‌တောင်းဆိုသင့်‌ကြောင်းလည်း ၎င်းကွန်ရက်က ဆိုသည်။

အလားတူ ဩစ‌တြေးလျ ‌ရောက် ကရင်တိုင်းရင်းများနှင့် ဖွဲ့စည်းထားသည့် ဩစ‌တြေလျားကရင်အဖွဲ့( AKO) အ‌နေဖြင့်လည်း ယ‌နေ့ ရက်စွဲဖြင့် သ‌ဘောထား ထုတ်ပြန်ရာတွင် လတ်တ‌လော ကရင်ပြည်နယ်‌မြောက်ပိုင်း အတွင်း တပ်မ‌တော်၏ တိုက်ခိုက်မှုများအ‌ပေါ် ကုလသမဂ္ဂ လုံခြုံ‌ရေး‌ကောင်စီ အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်း အ‌နေဖြင့် နိုင်ငံတကာ ဥပ‌ဒေအရတာဝန်ရှိ‌ကြောင်းနှင့် တာဝန်ယူမှု ပျက်ကွက်‌နေ‌ကြောင်း ထုတ်ပြန်ခဲ့သည်။

ကုလသမဂ္ဂ နှင့် နိုင်ငံတကာ အသိုင်းအဝိုင်းမှ မြန်မာ့ငြိမ်းချမ်း‌ရေးအတွက် အား‌ပေး‌ထောက်ခံခဲ့‌သော်လည်း လက်ရှိ မြန်မာ့တပ်မ‌တော်၏ တိုက်ခိုက်မှု တိုးမြှင့်လုပ်‌ဆောင်လာမှုအ‌ပေါ် မြန်မာ အစိုးရ နှင့် တပ်မ‌တော် အ‌ပေါ် ဖိအား‌ပေးဖို့ လိုအပ်‌ကြောင်း AKO ၏ ‌ပြောခွင့်ရ ‌စောလွင်ဦး က ယခုလို ‌ပြောသည်။

၎င်းက “ဒီပြဿနာကို ချက်ချင်းမ‌ဖြေရှင်းပဲ အရမ်းရှည်တဲ့ ကာလ တစ်ခုအဖြစ် ဆက်သွား‌နေရင် ကျ‌နော်တို့ လူထုက ပိုနစ်နာမယ်ဆိုတဲ့အတွက် ဒီဟာ‌တွေကို ချက်ချင်းရပ်ဖို့ လိုတယ်။ အရင်ဆုံး လက်ရှိ လက်နက်ကြီး နဲ့ ပစ်တာ‌တွေ ရပ်ဆိုင်းဖို့ရယ်၊ နယ်‌မြေထဲက‌နေ ထွက်သွားဖို့ရယ် အရင်လုပ်ဖို့လိုတယ်။ ဒါကို တပ်က နားမ ‌ထောင်ဘူးဆိုရင် NLD အစိုးရမှာ တာဝန်ရှိတယ်။ NLD ကပါ နားမ‌ထောင်ရင်‌တော့ ICJ အပါအဝင် ICC တို့ပါ သူတို့ ပါဝင် ‌ဆောင်ရွက်ဖို့ပါ တာဝန်ရှိလာမယ်” ဟု ‌ကေအိုင်စီသို့‌ပြောသည်။

ထို့အပြင် မြန်မာနိုင်ငံအတွင်း စစ်မှန်သည့် ငြိမ်းချမ်း‌ရေးနှင့် အမျိုးသား ပြန်လည်သင့်မြတ်‌ရေး ‌ပေါ်ထွန်း လာ‌စေရန် အစိုးရ နှင့် တိုင်းရင်းသား အဖွဲ့အစည်းများအကြား လက်ရှိ‌ဖော်‌ဆောင်‌နေသည့် မြန်မာ့ ငြိမ်းချမ်း‌ရေး လုပ်ငန်းစဉ်အ‌ပေါ် နိုင်ငံ‌ရေးနည်းလမ်းအရ ကြားဝင်‌ဖြေရှင်း‌ပေးရန်ကိုလည်း AKO က ၎င်းတို့၏ ထုတ်ပြန်ချက် ၌ ‌တောင်းဆိုထားသည်။

NLD အစိုးရ အ‌နေဖြင့် လတ်တ‌လော တပ်မ‌တော်မှ တိုင်းရင်းသား ‌ဒေသများအတွင် ပြုလုပ်‌နေသည့် ပြင်းထန် ရက်စက်သည့် တိုက်ခိုက်မှုများကို အဆုံးသတ်‌ပေးရန် တိုက်ရိုက်ညွှန်ကြားသွားရန်ကိုလည်း AKO က ဆက်လက် ‌တောင်းဆိုထားသည်။

ပြီးခဲ့သည့် ၂၀၂ဝ ဒီဇင်ဘာလဆန်းပိုင်းမှ စ၍ ကရင်ပြည်နယ် ‌မြောက်ပိုင်း KNU နယ်‌မြေ တပ်မဟာ (၅) ဖာပွန် ‌ဒေသနှင့် တပ်မဟာ (၃) ‌ကျောက်ကြီး ‌ဒေသတို့တွင် အစိုးရတပ်မ‌တော်နှင့် ကရင်အမျုးိသားလွတ်‌မြောက်‌ရေး တပ်မ‌တော်(KNLA)တပ်ဖွဲ့ဝင်တို့အကြား ပစ်ခတ်မှု စတင်ဖြစ်ပွားခဲ့ပြီး ယခု ၂၀၂၁ နှစ်ဆန်းပိုင်း ကာလအထိ ဆက်လက်ဖြစ်ပွား‌နေ‌ကြောင်း သိရသည်။

၎င်းအပြင် ယင်းစစ်‌ရေး ပဋိပက္ခများ‌ကြောင့် အရပ်သားပြည်သူ ၇‌ထောင်‌ကျော် ‌ဘေးလွတ်ရာသို့ ထွက်‌ပြေး တိမ်း‌ရှောင်‌နေကြရ‌ကြောင်းနှင့် လက်နက်ကြီး လက်နက်ငယ်များ‌ကြောင့် ‌ဒေသခံ ‌ကျေးရွာသား၃ ဦး ထိခိုက် ‌သေဆုံးခဲ့ပြီး က‌လေးငယ်တစ်ဦးအပါအဝင် အခြားသား ‌ဒေသခံ အမျိုးသားတစ်ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ ‌ကြောင်း အရပ်ဖက်အဖွဲ့အစည်းများ၏ ထုတ်ပြန်ချက်များအရ သိရသည်။