Home သတင်း မြိုင်ကြီးငူစစ်‌ရှောင်များ စားနပ်ရိက္ခာ အ‌ရေး‌ပေါ်လိုအပ်‌နေ၊ ‌ထောက်ပံ့‌ပေးရန်စီစဉ်‌နေဟု ပြည်နယ်ဝန်ကြီး‌ပြော

မြိုင်ကြီးငူစစ်‌ရှောင်များ စားနပ်ရိက္ခာ အ‌ရေး‌ပေါ်လိုအပ်‌နေ၊ ‌ထောက်ပံ့‌ပေးရန်စီစဉ်‌နေဟု ပြည်နယ်ဝန်ကြီး‌ပြော

2542

ဒီဇင်ဘာ ၁ဝ ရက်၊ ၂၀၂ဝ ပြည့်နှစ်။ ‌စောရှား

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်ရှိ မြိုင်ကြီးငူစစ်‌ဘေး‌ရှောင်စခန်း၌ လက်ရှိတွင် စားနပ်ရိက္ခာ ပြတ်လပ်သဖြင့် အ‌ရေး‌ပေါ်လိုအပ်‌နေ‌ကြောင်း စခန်းတွင်း‌နေထိုင်သူများက ‌ကေအိုင်စီသို့ ယ‌နေ့(ဒီဇင်ဘာ ၁ဝ ရက်)တွင် ‌ပြောသည်။

စခန်းတွင်း‌နေထိုင်သူ ‌နော်မ‌အေး‌အောင်က “ဆန်ကုန်ပြီ။ ဆန်ဝယ်စားဖို့ကလည်း ပိုက်ဆံရှာမထိ။ အစားအ ‌သောက်လိုအပ်‌နေတာ‌ပေါ့။ အစားအ‌သောက် မရှိ‌တော့ စိတ်အားငယ်လာတယ်။ ထမင်းစား‌နေရ‌သေးရင်‌တော့ ခံသာ‌သေးတာ‌ပေါ့။ စား စရာဘာမှမရှိ‌တော့ရင် ဘာလုပ်ရမှန်းကို မသိ‌တော့ပါဘူး။”ဟု ‌ကေအိုင်စီသို့ ‌ပြော သည်။

မြိုင်ကြီးငူစစ်‌ဘေး‌ရှောင်စခန်းတွင် လူဦး‌ရေ ၄ ‌ထောင်‌ကျော် ‌နေထိုင်လျက်ရှိပြီး ယခု ဒီဇင်ဘာလအတွက် စားနပ်ရိက္ခာများပြတ်လပ်‌နေ၍ အသိမိတ်‌ဆွေများထံတွင် ခိုကပ်စား‌သောက်‌နေရသလို ‌ဆောင်းရာသီဖြစ်သည့် အတွက် အ‌နွေးထည်များပါလိုအပ်‌နေ‌ကြောင်းလည်း စခန်းတာဝန်ရှိသူများက ‌ပြောသည်။

“ ဒီ ဒီဇင်ဘာလအတွက် ဘာမှ မလာဘူး‌လေ။ ဝိုင်းဝန်းကူညီသူ‌တွေရှိရင်‌တော့ ခံသာတာ‌ပေါ့။ အခုက အစား အ‌သောက်‌တောင်မက ရာသီဥတုက ချမ်း‌အေးလာပြီ‌လေ။ က‌လေးလူကြီး‌တွေအကုန်လုံး အ‌နွေးထည် ‌တွေလို အပ်လာပြီ။ ဝယ်ဖို့ကလည်း ပိုက်ဆံက မရှိကြပါဘူး။”ဟု စခန်းကြီးကြပ်‌ရေမှူး ‌နော်မူမူက ‌ပြောသည်။

လက်ရှိကြုံ‌တွေ့ရသည့် စားနပ်ရိက္ခာပြဿနာများကို ‌ဖြေရှင်း‌ပေးနိုင်ပါရန် လှိုင်းဘွဲမြို့နယ် အ‌ထွေ‌ထွေအုပ် ချုပ်‌ရေး ဦးစီးဌာနထံ နိုဝင်ဘာလ၌ တင်ပြထား‌သော်လည်း အ‌ကြောင်းပြန်ကြားခြင်း မရှိ‌သေးပါ‌ကြောင်း စခန်းဥက္ကဋ္ဌ ‌စောထွန်းက ‌ပြောသည်။

ယခု ကိစ္စနှင့်ပတ်သက်၍ ပြည်နယ်လူမှု‌ရေးဝန်ကြီး ဦးဘိုဘို‌ဝေ‌မောင်အား ‌ကေအိုင်စီမှ ဆက်သွယ်‌မေးမြန်းခဲ့ရာ စစ်‌ဘေး‌ရှောင်များအတွက် စားနပ်ရိက္ခာအဆင်‌ပြေ‌စေရန် လိုအပ်လျှင် လိုအပ်သလို ပံ့ပိုး‌ဆောင်ရွက်‌ပေးမည်ဟု ‌ပြောသည်။

“ သူတို့ နိုဝင်ဘာလတုန်းက တင်ထားတာ‌တော့ဟုတ်တယ်။ အစိုးရအဖွဲ့ကလည်း စားနပ်ရိက္ခာအတွက် ပုံမှန် ဖြည့်တင်း‌ပေး‌နေတာရှိတယ်။ ကိုဗစ်ကာလမှာ သက်ဆိုင်ရာ နိုင်ငံတကာအဖွဲ့ အစည်း‌တွေက ကူညီပံ့ပိုး ‌နေ တာ ရှိတဲ့အတွက်‌ကြောင့်မို့ အ‌ခြေအ‌နေကို အစိုးရအဖွဲ့က ‌စောင့်ကြည့်‌နေတယ်။ လိုအပ်တယ်ဆို လိုအပ်တဲ့ အချိန်မှာ ပံ့ပိုး‌ပေးဖို့ အဆင်သင့်ပဲ” ဟု ဦးဘိုဘို‌ဝေ‌မောင်က ‌ပြောသည်။

ထို့‌ကြောင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်‌ရေး၊ ပြန်လည်‌နေရာချထား‌ရေးဦးစီးဌာနနှင့် အ‌ထွေ‌ထွေအုပ်ချုပ်‌ရေး ဦးစီး ဌာနတို့အား ယ‌နေ့တွင် စစ်‌ဘေး‌ရှောင်စခန်းသို့ သွား‌ရောက် ကြည့်ရှုကူညီ‌ပေးနိုင်ရန် အ‌ကြောင်းကြားထားခဲ့ပြီ ဖြစ်‌ကြောင်း ဝန်ကြီး ဦးဘိုဘို‌ဝေ‌မောင်က ဆက်‌ပြောသည်။

၂၀၁၆ ခုနှစ်တွင် လှိုင်းဘွဲမြို့နယ်၊ မဲသ‌ဝေါ‌ဒေသ၌ အစိုးရတပ်မ‌တော်၊ ကရင်ပြည် နယ်ခြား‌စောင့်တပ် (BGF) ပူး ‌ပေါင်းတပ်နှင့် တိုးတက်‌သောဗုဒ္ဓဘာသာကရင်အမျိုးသားတပ်မ‌တော်-DKBA (ခွဲထွက်အဖွဲ့)တို့ကြား ပစ်ခတ် တိုက်ခိုက်မှုများ‌ကြောင့် ‌ဒေသခံရွာသားများမှ စစ်‌ဘေး‌ရှောင်ခိုလှုံရန် မြိုင်ကြီးငူ‌ဒေသသို့ ‌ရောက်ရှိလာခဲ့ပြီး လက်ရှိ အချိန်အထိ ‌နေရပ်သို့ မပြန်နိုင်ကြ‌သေးသူများဖြစ်ကြသည်။ သူတို့သည် အလှူရှင်များ၏ ‌ထောက်ပံ့မှုကိုသာ အဓိက မှီခို‌နေကြရသည်ဟု သိရသည်။