Home သတင်း ‌ရေးရာဝန်ကြီးကို တိုင်း စာ/ယဉ် ဥက္ကဋ္ဌ အဖြစ်မထား၍ရသလို စည်းမျဉ်းအတိုင်း လက်ခံမည်ဟု ဝန်ကြီး‌လောင်း ‌ပြော

‌ရေးရာဝန်ကြီးကို တိုင်း စာ/ယဉ် ဥက္ကဋ္ဌ အဖြစ်မထား၍ရသလို စည်းမျဉ်းအတိုင်း လက်ခံမည်ဟု ဝန်ကြီး‌လောင်း ‌ပြော

2302

ဒီဇင်ဘာ ၁ဝ ရက်၊ ၂၀၂ဝ ပြည့်နှစ်။ ‌စောထွန်းလင်း

ရန်ကုန်တိုင်း‌ဒေသကြီး၊ ကရင်‌ရေးရာဝန်ကြီးကို တိုင်းအဆင့် ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု‌ကော်မတီ ဥက္ကဋ္ဌ အ ဖြစ် မထား၍ရသလို ‌ရေးဆွဲမည့် အသင်းအဖွဲ့ စည်းမျဉ်းအတိုင်း လက်ခံသွားမည်ဟု ရန်ကုန် ကရင့်‌ရေးရာဝန်ကြီး‌နေရာ အနိုင်ရကိုယ်စားလှယ် ‌နော်စူစဲန်နာလှလှစိုးက ‌ပြောသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ဒီဇင်ဘာ ၉ ရက်‌နေ့တွင် ထန်းတပင်မြို့နယ်၊ ‌မြောက်လွတ်ကုန်း‌ကျေးရွာ၊ ဓမ္မရုံ၌ ကျင်းပသည့် ရန်ကုန်‌မြောက်ပိုင်းခရိုင်၊ ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု‌ကော်မတီ အ‌ခြေခံစည်းမျဉ်း၊ စည်းကမ်း၊ လုပ်ငန်းဆိုင်ရာ လက်စွဲ ‌ရေးဆွဲအစည်းအ‌ဝေး၌ ‌ရေးရာဝန်ကြီး‌လောင်း ‌နော်စူစဲန်နာလှလှစိုးက ယခုလို အကြံပြု ‌ပြောဆိုခဲ့ခြင်းဖြစ်သည်။

“ကျမကို စာယဉ်ဥက္ကဋ္ဌ‌နေရာထားတယ်၊ မထားဘူးဆိုတာ အသင်းရဲ့ ဖွဲ့စည်းပုံ အတိုင်းပါပဲ။ ကျမရဲ့ တာဝန်မှာ ကရင်စာ‌ပေ ယဉ်‌ကျေးမှု တိုးတက်ပြန့်ပွား‌အောင်လုပ်ရမယ်ဆိုတာပါတဲ့အတွက် ကျမက‌တော့ လုပ်သွားမှာပဲ။ မူကိုဘဲကြည့်မယ်။ လူကို မကြည့်ဘူး။ မူကို ခိုင်ခိုင်မာမာချဖို့ လိုတယ်။ စာ‌ပေယဉ်‌ကျေးမှု ‌ကော်မတီကို ပီပီပြင်ပြင် ‌လေးဖြစ်‌စေချင်တယ်။ ဒါကျမရဲ့ သ‌ဘောထားပါ”ဟု ‌နော်စူစဲန်နာလှလှစိုးက ‌ပြောသည်။

ရန်ကုန်တိုင်း‌ဒေသကြီး ကရင်စာ‌ပေနှင့်ယဉ်‌ကျေးမှု ‌ကော်မတီကို ၂၀၁၄ ခုနှစ်၊ ဩဂုတ် ၁၆ ရက်‌နေ့တွင် အင်းစိန်မြို့နယ်၊ ဟိုက်ပတ်လမ်း၊ မာရာနသန်ခန်းမ၌ ထိုစဉ်က ကရင်‌ရေးရာဝန်ကြီး‌စောထွန်း‌အောင်မြင့်က ဦး‌ဆောင်ဖွဲ့စည်းခဲ့ပြီး ဥက္ကဋ္ဌအဖြစ် ၎င်းက တာဝန်ယူခဲ့သလို ဒုဥက္ကဋ္ဌများအဖြစ် ‌စောလှထွန်း (နှစ်သစ်ကူး ဗဟို‌ကော်မတီ)နှင့် ‌ဒေါက်တာ ‌နော်ရီဘက်ခါထင်၊ အ‌ထွေ‌ထွေအတွင်း‌ရေးမှူးအဖြစ် မန်းဖိုး‌စောတို့က တာဝန်ယူခဲ့သည်။

ထို့‌နောက် ရန်ကုန်တိုင်း‌ဒေသကြီး ကရင်‌ရေးရာဝန်ကြီးအဖြစ် ‌နော်ပန်းသဉ္ဇာမျိုး လက်ထက် ၂၀၁၇ ခုနှစ်၊ ဧပြီ ၄ ရက်‌နေ့တွင် ရန်ကုန်တိုင်း‌ဒေသကြီး အစိုးရအဖွဲ့ရုံးခန်းမ၌ ပြုလုပ်သည့် တိုင်းအဆင့် ကရင်စာ‌ပေနှင့် ယဉ် ‌ကျေးမှု ‌ကော်မတီ အစည်းအ‌ဝေးတွင် ပြန်လည်ဖွဲ့စည်းခဲ့ပြီး ဝန်ကြီး‌ဟောင်း ‌စောထွန်း‌အောင်မြင့်ကို နာယက အ‌နေဖြင့်ထားခဲ့ပြီး ဝန်ကြီး‌နော်ပန်းသဉ္ဇာမျိုးက ဥက္ကဋ္ဌအဖြစ် လက်ရှိအချိန်ထိ တာဝန်ယူထားသည်။

“ ပြီးခဲ့တဲ့ ကာလ‌တွေမှာ ရန်ကုန်တိုင်း ကရင်စာ‌ပေနဲ့ ယဉ်‌ကျေးမှု‌ကော်မတီ ‌နေရာ‌တွေကို ‌ရေးရာဝန်ကြီး ‌တွေက ပဲ တာဝန်ယူပြီး အစိုးရလက်‌အောက်ခံလို ဖြစ်ခဲ့တယ်။ သူတို့ အားမှ အစည်းအ‌ဝေး‌ခေါ်တာ။ အသင်းအဖွဲ့ ဖွဲ့စည်းပုံစည်းမျဉ်း‌တွေ မရှိတာ‌တွေ့ရတယ်။ အခုအဲလို မဖြစ်‌စေချင်ဘူး။ သီးခြားလွတ်လပ်တဲ့ လူမှုအဖွဲ့အစည်းအ‌နေနဲ့ ရပ်တည်ဖို့ အကြံပြုလိုတယ်”ဟု ရန်ကုန်မြို့အ‌ခြေစိုက်၊ ကရင်အမျိုးသမီးအဖွဲ့(KWU)မှ ‌နော်အုန်းလှက ‌ပြောသည်။

ဒီဇင်ဘာ ၉ ရက်‌နေ့တွင် ပြုလုပ်သည့် ‌မြောက်ပိုင်းခရိုင် စာ/ယဉ် အစည်းအ‌ဝေးသို့ ‌မှော်ဘီ၊ ထန်းတပင်၊ လှည်းကူး၊ အင်းစိန်၊ တိုက်ကြီး၊ ‌ရွှေပြည်သာ မြို့နယ်များမှ ကိုယ်စားလှယ် ၃ဝ ဦးခန့်တက်‌ရောက်ခဲ့ပြီး အစည်းအ‌ဝေးတွင် ‌မြောက်ပိုင်းခရိုင် စာ/ယဉ် သင်းဖွဲ့စည်းမျဉ်းများ ‌ရေးဆွဲ‌ရေး အဖွဲ့ကို တစ်မြို့နယ်လျှင် ကိုယ်စားလှယ် ၃ ဦးနှင့် အ‌ထောက်အကူပြု ဖွဲ့ဝင်များအဖြစ် ကရင်အမျိုးသမီးအဖွဲ့ (KWU)၊ ကရင်လူငယ် အဖွဲ့တို့အပါအဝင် ဖွဲ့စည်းခဲ့သည်။

အဆိုပါအစည်းအ‌ဝေးသို့ ‌ရွေး‌ကောက်ပွဲတွင် ကရင့်‌ရေးရာ‌နေရာ အနိုင်ရ ကိုယ်စားလှယ် ‌နော်စူစဲန်နာလှလှစိုး၊ ရန်ကုန်တိုင်းကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု‌ကော်မတီ အ‌ထွေ‌ထွေအတွင်း‌ရေးမှူး မန်းသန်းဝင်းဦး၊ ‌တောင်ပိုင်းခရိုင် ဥက္ကဋ္ဌ မန်းမြင့်စိန်၊ ‌မြောက်ပိုင်းခရိုင် ဥက္ကဋ္ဌ ‌စော‌မောင်တိုး၊ မြို့နယ် အသီးသီးမှကိုယ်စားလှယ်များ၊ KWU နှင့် နည်းပညာပိုင်းပံ့ပိုး‌ပေးသည့် Youth Circle (Myanmar) မှ ‌စောထွန်းထွန်း ဦး‌ဆောင်သည့် လူငယ်အဖွဲ့ဝင်များ စုစု ‌ပေါင်း ၃ဝ ဦး‌ကျော်တက်‌ရောက်ခဲ့သည်။

ယခုလို ‌မြောက်ပိုင်းခရိုင်က စာ/ယဉ် အသင်းအဖွဲ့ စည်းမျဉ်း၊ ဖွဲ့စည်းပုံ ‌ရေးဆွဲပြီး‌နောက် မူကြမ်းကို တိုင်းအဆင့် စာ/ယဉ် ဖွဲ့စည်းပုံအဖြစ် သုံးမည်၊ မသုံးမည်နှင့် ကျန်ခရိုင်များလည်း ဖွဲ့စည်းပုံ ဆွဲမည် မဆွဲမည်တို့ သဲသဲကွဲကွဲ မရှိ ဖြစ်‌နေပြီး ‌နောက်အစည်းအ‌ဝေးများတွင် ဆက်‌ဆွေး‌နွေးသွားရန် အ‌ခြေအ‌နေရှိ‌နေသည်ဟု ဆိုင်ရာ မြို့နယ် စာ/ယဉ် အဖွဲ့ဝင်များက သုံးသပ်‌ပြောဆိုသည်။