Home သတင်း မြဝတီမြို့တွင် ၂ ထပ်အိမ် တစ်လုံး မီး‌လောင်ကျွမ်းမှု ဖြစ်ပွား

မြဝတီမြို့တွင် ၂ ထပ်အိမ် တစ်လုံး မီး‌လောင်ကျွမ်းမှု ဖြစ်ပွား

2268

ဒီဇင်ဘာ ၈ ရက်၊ ၂၀၂ဝ ပြည့်နှစ်။ ‌နေ‌နော်

ကရင်ပြည်နယ် မြဝတီမြို့ အမှတ် ၄ ရပ်ကွက် ‌မေတ္တာ(၃)လမ်းတွင် ယမန်‌နေ့ (ဒီဇင်ဘာ ၇ ရက် ) ည ၁ဝ နာရီအချိန်ခန့်က ကုန်စုံဆိုင်ဖွင့်ထား‌သော (၂) ထပ်အိမ်တစ်လုံး မီး‌လောင် ကျွမ်းမှု ဖြစ်ပွားခဲ့သည်။

အမှတ် ၄ ရပ်ကွက် ‌မေတ္တာ ၃ လမ်းရှိ ဦးကြည်လွင်ပိုင်အုတ်ခံ ပျဉ်ခင်းပျဉ်ကာ ၂ ထပ်တိုက် တွင် မီး‌လောင်ကျွမ်းမှု သတင်းအရ မြဝတီခရိုင်မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြဝတီ အရန်မီးသတ်တပ်ဖွဲ့ဝင်များက မီးငြိမ်းသတ်ယာဉ်(၂)စီး၊ မီးသတ်‌ရေသယ်ယာဉ်စီး၊ သဃင်္န်း ညီ‌နောင်သ‌န္ဓေနှင့်အရန်မီးသတ်တပ်ဖွဲ့ဝင်များမှ မီးသတ်‌ရေသယ်ယာဉ် စုစု‌ပေါင်း(၁၈)စီးဖြင့် သွား‌ရောက်ငြိမ်းသတ်ခဲ့ရာ ည ၁ဝ နာရီ ၄၅ မိနစ်ခန့်တွင် အလုံးစုံ မီးငြိမ်းသတ်နိုင်ခဲ့‌ကြောင်း ဖြစ်စဉ်နှင့် ပတ်သက်၍ မြဝတီခရိုင် မီးသတ်ဦးစီးမှူး ဦးဖြိုးမင်း‌ဇော်က ‌ပြောသည်။

ထိုသို့ မီး‌လောင်ကျွမ်းမှု‌ကြောင့် ‌နေအိမ်ပိုင်ရှင် ဦးကြည်လွင် (၆၄)နှစ် မှာ နဖူးပွန်း၊ ယာပါး မီးဟပ်ခံရပြီး (မစိုးရိမ်ရ) ဒဏ်ရာရရှိခဲ့သဖြင့် လူမှုကယ်ဆယ်‌ရေးအဖွဲ့က မြဝတီခရိုင်‌ဆေးရုံသို့ ညတွင်းချင်း ပို့‌ဆောင်‌ပေးခဲ့‌ကြောင်း ‌တွေ့ရသည်။

အဆိုပါ မီး‌လောင်မှုမှာ ‌နေအိမ်ရှိ မီးအားမြှင့်စက် အပူရှိန်လွန်ကဲပြီး မီးစတင်‌လောင်ကျွမ်းရာမှ ‌ပေ(၃၀×၄၀) အုတ်ခံ၊ ပျဉ်ခင်း၊ ပျဉ်ကာ၊ သွပ်မိုး (၂)ထပ် ‌နေအိမ်(၁)လုံး မီး‌လောင်ဆုံးရှုံးခဲ့ပြီး ကာလတန်ဖိုးအားဖြင့် ၁၅ သိန်း ကျပ်ခန့်ရှိ‌ကြောင်း မြဝတီမြို့မရဲစခန်းက အမှုဖွင့်စဉ် ကာလတန်ဖိုး ထည့်သွင်း‌ဖော်ပြမှုအရ သိရသည်။

မီး‌လောင်မှုနှင့်ပတ်သက်၍ ‌နေအိမ်ပိုင်ရှင် ဦးကြည်လွင် (၆၄)နှစ် ‌မေတ္တာ ၃ လမ်း အမှတ် ၄ ရပ်ကွက် မြဝတီမြို့‌နေသူအား မြဝတီမြို့မရဲစခန်း၏ (ပ)၅၇၂/ ၂၀၂၀) ရာဇသတ်ကြီး ပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့် အ‌ရေးယူထား‌ကြောင်းလည်း သိရသည်။