Home သတင်း ကရင်ပြည်နယ် ဒီမိုက‌ရေစီနှင့်ဖွံ့ဖြိုးတိုးတက်‌ရေးပါတီကို တည်‌ထောင်သူ DKBA ဥက္ကဋ္ဌ ‌ဟောင်း ‌စောသာထူး‌ကျော်ကွယ်လွန်

ကရင်ပြည်နယ် ဒီမိုက‌ရေစီနှင့်ဖွံ့ဖြိုးတိုးတက်‌ရေးပါတီကို တည်‌ထောင်သူ DKBA ဥက္ကဋ္ဌ ‌ဟောင်း ‌စောသာထူး‌ကျော်ကွယ်လွန်

3157

ဒီဇင်ဘာ ၈ ရက်၊ ၂၀၂ဝ ပြည့်နှစ်။ ‌စောထွန်းလင်း

၂၀၁ဝ ပြည့်နှစ်တွင် ကရင်ပြည်နယ်ဒီမိုက‌ရေစီနှင့် ဖွံ့ဖြိုးတိုးတက်‌ရေးပါတီ ကိုတည်‌ထောင်ခဲ့ သူ ယခင် တိုးတက်‌သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မ‌တော် (DKBA) ‌စောသာ ထူး ‌ကျော် အသက် (၇၆) နှစ်သည် ဒီဇင်ဘာ ၈ ရက်(ယ‌နေ့) နံနက် ၂ နာရီ‌ကျော်တွင် ဖားအံမြို့ရှိ ‌နေအိမ်၌ လူကြီး‌ရောဂါဖြင့် ကွယ်လွန်သွားသည်ဟု သူ၏မိတ်‌ဆွေများက ‌ကေအိုင်စီသို့ ‌ပြော သည်။

“ ဒီ‌နေ့မနက်‌စော‌စောပိုင်းမှာ ဖားအံမြို့က အိမ်မှာပဲ ကွယ်လွန်သွားတယ်။ လူကြီး‌ရောဂါနဲ့‌ပေါ့။ မိသားစုနဲ့အတူ ထပ်တူ ဝမ်းနည်းရပါတယ်” ဟု ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ မန်း‌အောင်ပြည်စိုးက ‌ကေအိုင်စီသို့ ‌ပြောသည်။

‌စောသာထူး‌ကျော်သည် ၁၉၉၅ ခုနှစ်၊ ဒီဇင်ဘာ ၂၁ ရက်‌နေ့တွင် DKBA စတင်တည်‌ထောင် စဉ်က ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့ဖူးကာ ၂၀၁ဝ ပြည့်နှစ်တွင် ကရင်ပြည်နယ် ဒီမိုက‌ရေစီနှင့် ဖွံ့ဖြိုးတိုးတက်‌ရေးပါတီကို တည်‌ထောင်ပြီး‌နောက် ပါတီနိုင်ငံ‌ရေးဘက်သို့ ကူး‌ပြောင်းလာသူ ဖြစ်သည်။

ကရင်ပြည်နယ် ဒီမိုက‌ရေစီနှင့် ဖွံ့ဖြိုးတိုးတက်‌ရေးပါတီသည် ၂၀၁ဝ ပြည့်နှစ် အ‌ထွေ‌ထွေ‌ရွေး ‌ကောက်ပွဲတွင် အမျိုးသားလွှတ်‌တော်နှင့် ပြည်နယ်လွှတ်‌တော်တို့တွင် တစ်‌နေရာစီ အ‌ရွေးခံခဲ့ရ သည်။ သို့‌သော် ၂၀၁၅ ‌ရွေး‌ကောက်ပွဲတွင် အနိုင်ရခဲ့ခြင်း မရှိ‌ကြောင်း သိရသည်။

ထို့‌နောက် ပြည်နယ်အတွင်း ကရင်ပါတီများ ‌ပေါင်းစည်း‌ရေးလုပ်‌ဆောင်ရာတွင် ကရင်ပြည်နယ် ဒီမိုက‌ရေစီနှင့် ဖွံ့ဖြိုးတိုးတက်‌ရေး ပါတီလည်းပါဝင်ခဲ့သည့်အတွက် ၂၀၁၈ ခုနှစ်တွင် ပါတီကို ဖျက်သိမ်းကာ ကရင်ပါတီများ ‌ပေါင်းစည်းတည်‌ထောင်ခဲ့သည့် ကရင်အမျိုးသား ဒီမို ကရက် တစ်ပါတီတွင် နာယကအဖြစ် ကွယ်လွန်ချိန်ထိ တာဝန်ယူခဲ့သည်။

“‌ကေအဲန်ယူက‌နေ ဒီ‌ကေဘီ‌အေ ခွဲထွက်တဲ့‌နေရာမှာ သူတို့က နအဖ ရဲ့အသုံး‌တော်ခံသ ‌ဘောမျိုး ရှိခဲ့တယ်။ ပါတီ‌ထောင်‌တော့လည်း သူ့ပါတီက ကြံ့ခိုင်‌ရေးရဲ့ အစည်းအ‌ဝေး‌တွေ တက်ခဲ့တာ‌တွေ့ရတယ်။ ဒါက‌တော့ သူ့ရဲ့သမိုင်း‌ပေါ့”ဟု အမည်မ‌ဖော်လိုသည့် ကရင့်နိုင်ငံ‌ရေး‌လေ့လာသူတဦးက မှတ်ချက်ပြု‌ပြောသည်။

ကွယ်လွန်သူ ‌စောသာထူး‌ကျော်၏ ဈပနကို ဒီဇင်ဘာ ၉ ရက်‌နေ့ မွန်းလွဲပိုင်းတွင် ဖားအံမြို့၊ ထန်းကိုးပင်သုသာန်(သချႋုင်း) ၌ ပြုလုပ်သွားမည်ဟု ကျန်ရှိသူမိသားစုထံမှ သိရသည်။