Home ရွေးကောက်ပွဲသတင်း မြဝတီခရိုင်တွင် အမျိုးသားလွှတ်‌တော်ဥက္ကဋ္ဌအပါအဝင် ကိုယ်စားလှယ်‌လောင်းအားလုံး အသုံးစရိတ်တင်ပြ ပြီးစီး

မြဝတီခရိုင်တွင် အမျိုးသားလွှတ်‌တော်ဥက္ကဋ္ဌအပါအဝင် ကိုယ်စားလှယ်‌လောင်းအားလုံး အသုံးစရိတ်တင်ပြ ပြီးစီး

1833

ဒီဇင်ဘာ ၁၅ရက်၊ ၂၀၂ဝ ပြည့်နှစ်။ ‌စောထွန်းလင်း

ကရင်ပြည်နယ်၊ မြဝတီခရိုင်အတွင်း ၂၀၂ဝ အ‌ထွေ‌ထွေ‌ရွေး‌ကောက်ပွဲ ဝင်ပြိုင်ခဲ့သည့် အမျိုးသားလွှတ်‌တော်ဥက္ကဋ္ဌအပါအဝင် ကိုယ်စားလှယ်‌လောင်းများအားလုံး ‌ရွေး‌ကောက်ပွဲ အသုံးစရိတ်ကိုတင်ပြမှု ပြီးစီးခဲ့‌ကြောင်း မြဝတီ ခရိုင်‌ရွေး‌ကောက်ပွဲ‌ကော်မ ရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးခင်‌မောင်ဦးက ‌ပြောသည်။

“ကိုယ်စားလှယ်‌လောင်းအားလုံး အသုံးစရိတ်‌တွေ တင်ပြီးသွားပါပြီး။ အမျိုးသားလွှတ်‌တော် ဥက္ကဋ္ဌကြီးက‌တော့ သူ့ရဲ့ကိုယ်စားလှယ်က တဆင့်‌ရွေး‌ကောက်ပွဲ အသုံးစရိတ်တင်ပြသွား ပါတယ်” ဟု ‌ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးခင်‌မောင်ဦးက ဒီဇင်ဘာ ၁၅ ရက်တွင် ‌ပြောသည်။

မြဝတီတွင် ပြည်သူ့လွှတ်‌တော် မဲဆန္ဒနယ်တွင် ကိုယ်စားလှယ်‌လောင်း ငါးဦး၊ အမျိုးသား လွှတ်‌တော်တွင် အမှတ် – ၁၁ တွင် ကိုယ်စားလှယ်‌လောင်း‌ခြောက်ဦးနှင့် အမှတ် – ၁၂ တွင် ကိုယ်စားလှယ်‌လောင်း‌ခြောက်ဦး၊ ပြည်နယ်လွှတ်‌တော်အမှတ် – ၁ တွင် ကိုယ်စားလှယ် ‌လောင်း ငါးဦး၊ ပြည်နယ်လွှတ်‌တော် အမှတ် – ၂ တွင် ကိုယ်စားလှယ်‌လောင်း ‌ခြောက်ဦး၊ စုစု‌ပေါင်း ကိုယ်စားလှယ်‌လောင်း ၂၈ ဦး ဝင်‌ရောက်ယှဉ်ပြိုင်ခဲ့သည်။

အဆိုပါ ကိုယ်စားလှယ်‌လောင်းများ၏ ‌ရွေး‌ကောက်ပွဲအသုံးစရိတ်မှာ အနည်းဆုံး ၁၇ သိန်းကျပ်မှအများဆုံး ၆၂ သိန်းကျပ်အတွင်းသာရ‌ကြောင်းနှင့် ‌ရွေး‌ကောက်ပွဲနှင့် ပတ်သက်၍လည်း တရားဝင်တိုင်ကြားမှုများမရှိ‌ကြောင်း ခရိုင်‌ကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။

မြဝတီခရိုင်တွင် မဲဆန္ဒသုံးခုစလုံးတွင် အမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ်ပါတီမှ ကိုယ်စား လှယ်‌လောင်းများ အနိုင်ရရှိခဲ့ပြီး မဲ‌ပေးမှုရာခိုင်နှုန်းသည် ကရင်ပြည်နယ်တွင် အနည်း ဆုံးဖြစ်ကာ ပြည်သူ့လွှတ်‌တော်တွင် ၄၇.၈၃ ရာခိုင်နှုန်း၊ အမျိုးသားလွှတ်‌တော်တွင် အမှတ် – ၁၁ တွင် ၄၇.၂၅ ရာခိုင်နှုန်း၊ အမျိုးသားလွှတ်‌တော် အမှတ် – ၁၂ တွင် ၄၇.၉၉ ရာခိုင်နှုန်းနှင့် ပြည်နယ်လွှတ်‌တော် အမှတ် – ၁ တွင် ၄၇.၃၈ ရာခိုင်နှုန်းနှင့် ပြည်နယ်လွှတ်‌တော် အမှတ် – ၂ တွင် ၄၈.၀၉ ရာခိုင်နှုန်းသာရှိ‌ကြောင်း ပြည်‌ထောင်စု‌ရွေး‌ကောက်ပွဲ‌ကော်မရှင်၏ ထုတ်ပြန်ချက်များအရ သိရသည်။