ဒီဇင်ဘာ ၈ရက်၊ ၂၀၂ဝ ပြည့်နှစ်။ နေနော်
ကရင်ပြည်နယ်၊ မြဝတီမြို့နယ် မေတ္တာလင်းမြိုင်ကျေးရွာတွင် ပြီးခဲ့သည့် နိုဝင်ဘာလ ၂၈ ရက်နေ့ ညပိုင်းက ဖြစ် ပွားခဲ့သော ဇနီးဖြစ်သူမှ လင်ယောက်ျားဖြစ်သူကို လူငှားပြီးသတ်ခိုင်းခဲ့သည့် လူသတ်မှုဖြစ်စဉ်အား ယနေ့ (ဒီဇင် ဘာ ၈ ရက်) တွင် အမှုကျူးလွန်သူတရားခံများအား ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့သည်ဟု မြဝတီမြို့မရဲစခန်း သတင်းအရ သိရသည်။
ကရင်ပြည်နယ် မြဝတီမြို့နယ် မယ်ထော်သလေးကျေးရွာအုပ်စု မေတ္တာလင်းမြိုင်ကျေးရွာတွင် ပြီးခဲ့သည့် နိုဝင်ဘာ ၂၉ ရက်နေ့ နံနက် ၈ နာရီအချိန်ခန့်က ကိုမျိုးအေး (၄၇နှစ်) ဆိုသူမှာနေအိမ်၌ ဓားဒဏ်ရာဖြင့် သေဆုံးနေကြောင်းသတင်းအရ မြဝတီမြို့မရဲစခန်းမှူး ဒုရဲမှူးအောင်ကျော်ဦး ဦးစီးသည့် ရဲတပ်ဖွဲ့ဝင်များနှင့် ကျေးရွာတာဝန်ရှိသူများသည် သွားရောက်စစ်ဆေးရာတွင် သေဆုံးသူ ကိုမျိုးအေးမှာ ၎င်းအိမ်၏အိမ်ရှေ့ခန်းတွင် ဝမ်းဗိုက်၌ ထိုးသွင်းဒဏ်ရာရရှိပြီးသေဆုံးနေသည်ကို စစ်ဆေးတွေ့ရှိခဲ့သည်။
ထို့ကြောင့် တစ်အိမ်တည်းအတူနေ ဇနီးဖြစ်သူ မဇာနီမြင့်အားစစ်ဆေးမေးမြန်းခဲ့ရာတွင် ဇနီးဖြစ်သူမှ အခင်းဖြစ် သည့် ည ၉ နာရီအချိန်ခန့်တွင် အိမ်၏နောက်ဘက်ခန်းတွင် အိပ်ယာဝင်ခဲ့ပြီး ယောက်ျားဖြစ်သူမှာ အိမ်ရှေ့ခန်း တွင်အိပ်ကြောင်း၊ နံနက်မိုးလင်းအိပ်ယာနိုးသည့်အချိန်၌ အိမ်ရှေ့ခန်းတွင် အိပ်စက်သောလင်ယောက်ျား ကိုမျိုး အေးမှာ ဝမ်းဗိုက်တွင် ဓားဒဏ်ရာဖြင့် သေဆုံးနေကြောင်း ကနဦးအစစ်ခံထွက်ဆိုခဲ့သည်ဟု ရဲတပ်ဖွဲ့မှတ်တမ်း တွင် ဖော်ပြထားသည်။
အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ မြဝတီခရိုင်ရဲမှူးကြီး ဒုရဲမှူးကြီး ပြည့်စုံ၏ လမ်းညွှန်ချက်ဖြင့် စခန်းမှူး ဒုရဲမှူးအောင် ကျော်ဦးမှ နယ်ထိန်းအရာရှိ ဒုရဲအုပ်မင်းမင်းထွန်းပါဝင်သော ရဲတပ်ဖွဲ့ဝင်များက သေဆုံးသူ ကိုမျိုးအေး၏ ဇနီးအား ပရိယာယ်သုံး စစ်ဆေးခဲ့မှုကြောင့် ၎င်း၏ယောက်ျားမှာ အမြဲတမ်းသဝန်တိုနေပြီး ဘယ်ကိုမှမသွားရဘဲ အကျယ် ချုပ်ကျသလို ခံစားနေရပြီး ရိုက်နှက်နှိပ်စက်ခံရမှုများ မကြာခဏခံစားနေရသည့်အတွက် လူငှါးပြီးသတ်ခိုင်းသည် ဟု ဝန်ခံထွက်ဆိုခဲ့သည်။
၎င်း၏ ဝန်ခံထွက်ဆိုချက်အရ လူသတ်မှုကျူးလွန်သူများဖြစ်သော မြဝတီမြို့အမှတ် ၃ ရပ်ကွက်၊ ကျွန်း တောရပ်နေ ဝေနိုင်ဖြိုး(ခ)ကုလား(၂ဝ)နှစ်နှင့် မိုးမင်းသန်း(ခ)ပေါက်ပန်း(၃၃)နှစ် တို့ ၂ ဦးအားရှာဖွေဖော်ထုတ် ဖမ်းဆီးရမိခဲ့ကြောင်း မြဝတီမြို့မရဲစခန်းထံမှ သိရသည်။
လင်ယောက်ျားအား လူငှါးသတ်ခိုင်းခဲ့သူ မဇာနီမြင့်(၄၂)နှစ်နှင့် လူသတ်မှုကျူးလွန်သူ ဝေနိုင်ဖြိုး(ခ)ကုလားနှင့် မိုးမင်းသန်း(ခ) ပေါက်ပန်းတို့ ၃ ဦးအား မြဝတီမြို့မ ရဲစခန်း၏(ပ) ၅၆/၂ဝ၂ဝ၊ ရာဇသတ်ကြီးပုဒ်မ ၃ဝ၂ ဖြင့် အရေးယူထားကြောင်း သိရသည်။



















