Home သတင်း ဖာပွန်‌ဒေသ စစ်‌ရေးဂယက်‌ကြောင့် မြဝတီတွင် တပ်နှင့် BGF လုံခြုံ‌ရေးတိုးမြှင့်၊ ကားသိမ်းဆည်းမှုနှင့် မသက်ဆိုင်ဟု ဆို

ဖာပွန်‌ဒေသ စစ်‌ရေးဂယက်‌ကြောင့် မြဝတီတွင် တပ်နှင့် BGF လုံခြုံ‌ရေးတိုးမြှင့်၊ ကားသိမ်းဆည်းမှုနှင့် မသက်ဆိုင်ဟု ဆို

23090

ဒီဇင်ဘာ ၁၆ ရက်၊ ၂၀၂ဝ ပြည့်နှစ်။ ‌နေ‌နော်

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင် မဲဝိုင်‌ဒေသတွင် ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော် -KNLA တပ်မဟာ ၅ နှင့် တပ်မ‌တော်တို့ လက်ရှိဖြစ်ပွား‌နေ‌သော စစ်‌ရေးဂယက်‌ကြောင့် မြဝတီမြို့တွင် တပ်မ‌တော်နှင့် နယ်ခြား ‌စောင့်တပ် -BGF တပ်ဖွဲ့တို့ ပူး‌ပေါင်း၍ လုံခြုံ‌ရေးတိုးမြှင့် ‌ဆောင်ရွက်လျက်ရှိ‌ကြောင်း သိရသည်။

ထိုသို့ မြဝတီမြို့တွင် ပုံမှန်အ‌ခြေအ‌နေထက် လွန်ကဲ၍ လုံခြုံ‌ရေးတင်းကြပ်‌ဆောင်ရွက်ထားမှုနှင့်ပတ်သက်၍ ‌ဒေသခံပြည်သူများက ပြီးခဲ့သည့် ဒီဇင်ဘာ ၁၁ ရက် နှင့် ၁၂ ရက်‌နေ့များတွင် နယ်ခြား‌စောင့်တပ်နှင့်ဆက်နွှယ် မှုရှိ‌သော ‌မော်‌တော်ယာဉ် အစီး ၁၀ဝ ‌ကျော်ကို နယ်‌မြေရဲတပ်ဖွဲ့နှင့်တပ်မ‌တော်ပါဝင်‌သော ပူး‌ပေါင်းအဖွဲ့မှ ဖမ်းဆီးသိမ်းဆည်းမှုများ ပြုလုပ်ခဲ့၍ ‌ဒေသတွင်းမငြိမ်မသက်ဖြစ်ကာ စစ်‌ရေးတင်းမာမှုများ ဖြစ်လာမည်လားဟု စိုးရိမ်မှုရှိခဲ့သည်။

မြဝတီမြို့တွင် ယခုရက်ပိုင်းအတွင်း လုုံခြုံ‌ရေးတိုးမြှင့် ‌ဆောင်ရွက်ကြခြင်းသည် ပြည်သူများ စိုးရိမ်သကဲ့သို့ မဟုတ်‌ကြောင်း အမည်မ‌ဖော်လိုသူ နယ်ခြား‌စောင့်တပ်(BGF)မှ အရာရှိတစ်ဦးက ယ‌နေ့ (ဒီဇင်ဘာ ၁၆ရက်) နံနက်ပိုင်းက ယခုလို ‌ပြောသည်။

“ဒီရက်ပိုင်းအတွင်း ဖာပွန်ခရိုင် မဲဝိုင်‌ဒေသမှာ တပ်မ‌တော်နှင့် KNLA တပ်မဟာ ၅တို့ ဖြစ်ပွား‌နေတဲ့ စစ်‌ရေး တင်းမာမှု‌ကြောင့် ‌နောက်ဆက်တွဲအ‌နေဖြင့် သက်‌ရောက်လာနိုင်တဲ့အတွက် မြဝတီမြို့မှာ တပ်မ‌တော် နဲ့ နယ်ခြား‌စောင့်တပ် -BGF တပ်ဖွဲ့ဝင်များပူး‌ပေါင်း၍ လုံခြုံ‌ရေး‌ဆောင်ရွက်ကြတာပါ။”ဟု ၎င်းက ‌ပြောသည်။

ထို့အပြင် ယခုလို မြို့တွင်းသို့ ဝင်‌ရောက်လာနိုင်မည့် လမ်း‌ကြောင်းများကို တပ်မ‌တော် နှင့် နယ်ခြား‌စောင့်တပ် BGF တပ်ဖွဲ့တို့ ပူး‌ပေါင်း၍ ကင်းပုန်းချထားမှုများရှိ‌နေသလို ညပိုင်းတွင်လည်း လုံခြုံ‌ရေးလှည့်လည် ‌ဆောင်ရွက်မှုများရှိ‌ကြောင်းလည်း အဆိုပါ BGF အရာရှိက ဆက်‌ပြောသည်။

လက်ရှိ ဖာပွန်ခရိုင် မဲဝိုင်‌ဒေသ၌ နှစ်ဖက် စစ်‌ရေးတင်းမာမှုများ‌ကြောင့် တိုက်ပွဲကြီး သဏ္ဍာန်ဖြစ်လာမည်ကို စိုးရိမ် သည့်အတွက် ရာနှင့်ချီသည့် ‌ဒေသခံရွာသားများမှာ မွန်ပြည်နယ်၊ ဘီလင်း နှင့် ၎င်းတို့၏ နီးစပ်ရာ‌ဆွေမျိုး ‌နေအိမ် များတွင် ထွက်‌ပြေးခိုလှုံ‌နေကြရ‌ကြောင်း ‌ဒေသခံရွာသားများနှင့် KNU တာဝန်ရှိသူများက ‌ကေအိုင်စီ -ကရင်သ တင်းဌာနသို့ ‌ပြောထားသည်။