Home သတင်း တပ်စခန်းများ ပြန်ရုပ်သိမ်း‌ရေး လူထုလှုပ်ရှားမှု ကျယ်ကျယ်ပြန့်ပြန့်လုပ်‌ဆောင်မည်ဟု သံလွင်ငြိမ်းချမ်း‌ရေး ဥယျာဉ်ညီလာခံ၌ ဆုံးဖြတ်

တပ်စခန်းများ ပြန်ရုပ်သိမ်း‌ရေး လူထုလှုပ်ရှားမှု ကျယ်ကျယ်ပြန့်ပြန့်လုပ်‌ဆောင်မည်ဟု သံလွင်ငြိမ်းချမ်း‌ရေး ဥယျာဉ်ညီလာခံ၌ ဆုံးဖြတ်

3239
Photo: Salween Peace Park

ဒီဇင်ဘာ ၂၄ ရက်၊ ၂၀၂ဝ ပြည့်နှစ်။ စအိုင်ဆူး

သံလွင်ငြိမ်းချမ်း‌ရေးဥယျာဉ်နယ်နိမိတ်အတွင်း အ‌ခြေစိုက်ထားသည့် မြန်မာ့တပ်မ‌တော် စစ်စခန်းများကို လာ မည့်နှစ်အတွင်း ပြန်လည်ရုပ်သိမ်း‌ရေးအတွက် လူထုလှုပ်ရှားမှု ကျယ်ကျယ်ပြန့်ပြန့် လုပ်‌ဆောင်သွား မည်ဖြစ် ‌ကြောင်း သံလွင်ငြိမ်းချမ်း‌ရေး ဥယျာဉ်၏ ဒုတိယအကြိမ်‌မြောက် ညီလာခံအပြီး ထုတ်ပြန်ချက်၌ ဆိုထားသည်။

ယခင်စစ်‌ကြောင့် မိမိ‌နေရပ်စွန့်ခွာ ထွက်‌ပြေးတိမ်း‌ရှောင်ခဲ့ရသူများအတွက် ၎င်းတို့၏ ဘိုးဘွားပိုင်‌နေရပ်ရင်းသို့ ပြန်လည် ‌နေထိုင်လုပ်ကိုင်စား‌သောက်နိုင်ရန် အ‌ခြေချစစ်စခန်းများ ဆုတ်ခွာ‌ရေးကို ပြုလုပ်သွားမည်ဖြစ်သည် ဟု ယခုလ ၁၆ ရက်မှ ၁၈ ရက်‌နေ့အထိ KNU-ကရင်အမျိုးသားအစည်းအရုံး မူ‌တြော်(ဖာပွန်) ခရိုင်၌ ပြုလုပ်ခဲ့ သည့် ယင်းညီလာခံအတွင်း ပါဝင်တက်‌ရောက်လာသူ ကိုယ်စားလှယ်များက ထိုသို့ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

ထုတ်ပြန်ချက်ပါ ‌ပြောခွင့်ရ ‌နော်ဆာမူးက “‌ခေါင်း‌ဆောင်‌တွေက အပစ်ရပ်ပြီး ငြိမ်းချမ်း‌ရေးစကား‌ပြော‌နေ‌ပေမဲ့ ကျမတို့ ဌာ‌နေတိုင်းရင်းသား ‌ဒေသ‌တွေမှာ စစ်ပွဲ‌တွေက ရှိ‌နေတုန်းပဲ။ ဒါ‌တွေကို ကျမတို့ ‌ဒေသခံ‌တွေက မလို လား‌တော့ဘူး၊ တကယ့်စစ်မှန်တဲ့ ငြိမ်းချမ်း‌ရေးကို လိုချင်‌နေကြပြီ။ ဒါ‌ကြောင့် စစ်ပွဲ‌တွေ မလိုချင်‌တော့ဘူး ၊ စစ် တပ်‌တွေ သူတို့ ‌ဒေသမှာ လာ‌နေတာကိုလည်း မလိုချင်ကြ‌တော့ဘူးဆိုတာကို ဆန္ဒ‌ဖော်ထုတ်သွားဖို့ ဆုံးဖြတ် ခဲ့ကြတာပါ” ဟု ‌ကေအိုင်စီသို့‌ပြောသည်။

အစိုးရ နှင့် ‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးတို့အကြား အပစ်ရပ်လက်မှတ်‌ရေးထိုးထား‌သော်လည်း ဖာပွန်‌ဒေသတွင် အစိုးရ တပ်စခန်းများတိုး၍ အခိုင်အမာတည်‌ဆောက်ခြင်း နှင့် စစ်‌ရေးလှုပ်ရှားမှုများ ပိုမို လုပ်‌ဆောင်လာခြင်း‌ကြောင့် နှစ်ဖက်တင်းမာမှုများဖြစ်‌ပေါ်လျက်ရှိပြီး ‌ဒေသခံအချို့ ‌ဘေးလွတ်ရာသို့ ထွက်‌ပြေးတိမ်း‌ရှောင်‌နေကြရသလို အချို့မှာ အစိုးရစစ်စခန်းများ ဆက်လက်တည်ရှိ‌နေခြင်း‌ကြောင့် မိမိ ‌နေရပ်ရင်းသို့ ပြန်လည်မဝင်‌ရောက်နိုင်သူများစွာရှိ‌ကြောင်း အရပ်ဖက်အဖွဲ့အစည်းများက ဆိုသည်။

၃ ရက်တာ ပြုလုပ်သည့် ဒုတိယအကြိမ်‌မြောက် သံလွင်ငြိမ်းချမ်း‌ရေး ဥယျာဉ် ညီလာခံသို့ ‌ကေအဲန်ယူ မူ‌တြော် ခရိုင်မှ တာဝန်ရှိသူများ၊ ‌ဒေသခံဌာ‌နေ ကရင်တိုင်းရင်းသားများနှင့် အရပ်ဖက်လူမှုအဖွဲ့အစည်းများ စုစု‌ပေါင်း ကိုယ်စားလှယ် ၂၀ဝ ‌ကျော်ပါဝင်တက်‌ရောက်ခဲ့ပြီး တပ်မ‌တော်စခန်း ပြန်လည်ရုပ်သိမ်း‌ရေး လူထု လှုပ်ရှားမှု ကျယ်ကျယ်ပြန့်ပြန့်လုပ်‌ဆောင်‌ရေး ဆုံးဖြတ်ချက်အပြင် သံလွင်ငြိမ်းချမ်း‌ရေးဥယျာဉ်၏ အုပ်ချုပ်မှု ‌အောက်တွင် ဝင်‌ရောက်လိုသည့် ‌နောက်ထပ် ‌ကျေးရွာအုပ်စု(၁၀)အုပ်စု‌ကျော်ကိုလည်း ကိုယ်စားလှယ်များ၏ သ‌ဘော တူညီဖြင့် အတည်ပြုလက်ခံ‌ပေးခဲ့သည်။

ညီလာခံ၏ အဓိကရည်ရွယ်ချက်ဖြစ်‌သော သံလွင်ငြိမ်းချမ်း‌ရေး ဥယျာဉ် တည်ရှိမှုအ‌ပေါ် နိုင်ငံတကာ ၏ အသိအမှတ်ပြုခြင်းဖြစ်သည့် ကမ႓ာ့ကုလသမဂ္ဂ ဖွံ့ဖြိုး‌ရေးအစီအစဉ်-UNDP က ‌ပေးအပ်‌သော ၂၀၂ဝခုနှစ်အ တွက် အီ‌ကွေတာဆု ရရှိခြင်းနှင့် သံလွင်ငြိမ်းချမ်း‌ရေး ဥယျာဉ်အ‌ရေး လှုပ်ရှားသူ ‌စော‌ပေါလ်စိန်ထွား၏ Goldman ဆုရရှိခြင်းတို့အ‌ပေါ် သက်ဆိုင်ရာ သံလွင်ငြိမ်းချမ်း‌ရေး ဥယျာဉ်တွင်ပါဝင်သူ ဌာ‌နေတိုင်းရင်းသား များကို ပြန်လည်အသိ‌ပေးရှင်းလင်းခြင်းကိုလည်း ပြုလုပ်ခဲ့သည်။

၎င်းအပြင် သံလွင်ငြိမ်းချမ်း‌ရေး ဥယျာဉ်အတွင်း ‌ဒေသခံမဟုတ်သည့် တရားမဝင်သား‌ကောင်များ ဝင်‌ရောက် ဖမ်းဆီး ပစ်ခတ်မှုများရှိ‌နေခြင်းအ‌ပေါ် စနစ်တကျ စီမံထိန်းချုပ်နိုင်‌ရေးအတွက် ၂၀၂၁ ခုနှစ်တွင် အတည်ပြုရန် စီစဉ် ထားသည့် ‌တောရိုင်းတိရိစ္ဆာန် ရှာ‌ဖွေဖမ်းဆီးပစ်ခတ်ခြင်းဆိုင်ရာ ဥပ‌ဒေမူကြမ်းကိုလည်း သက်ဆိုင်ရာ ဌာ‌နေ တိုင်းရင်းသားများကို ရှင်းလင်းတိုင်ပင်ခဲ့သည်ဟု ယမန်‌နေ့ ထုတ်ပြန်ချက်၌ ဆိုထားသည်။

မြန်မာအစိုးရအ‌နေဖြင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း‌ရေးနှင့် ဖွံ့ဖြိုး‌ရေး လုပ်ငန်းများတွင် ‌ဒေသခံ ဌာ‌နေ တိုင်းရင်းသားများအ‌ပေါ် လျစ်လျူရှု‌သော ဥပ‌ဒေ မူဝါဒများကို ပြုပြင်‌ပြောင်းလဲရန် အချိန်တန်ပြီး ဖြစ်‌ကြောင်း နှင့် သစ်‌တော၊ ‌ရေ၊ ‌မြေသယံဇာတ အရင်းအမြစ် စီမံခန့်ခွဲမှုများ၌ ‌ဒေသခံ ဌာ‌နေ တိုင်းရင်းသား များကို အသိအမှတ်ပြုခြင်းသည် မြန်မာနိုင်ငံ၏ ပဋိပက္ခအဆုံးသတ်‌ရေးအတွက် ‌ရေရှည်တည်တံ့သည့် နည်းလမ်း ဖြစ်‌ကြောင်းလည်း ထိုညီလာခံ၌ တိုက်တွန်းထားသည်။

သံလွင်ငြိမ်းချမ်း‌ရေးဥယျာဉ်သည် ဧရိယာ (၅,၄၈၅) စတုရန်းကီလိုမီတာ(ဧက‌ပေါင်း တစ်သန်း‌ကျော်) အကျယ် အဝန်းရှိပြီး ‌ဒေသခံဌာ‌နေတိုင်းရင်းသားများကိုယ်တိုင် ဦး‌ဆောင်အ‌ကောင်အထည်‌ဖော် စီမံအုပ်ချုပ်ခြင်းဖြစ်ကာ ကရင်ပြည်နယ်ရှိ KNU-ကရင်အမျိုးသားအစည်းအရုံး၏ မူ‌တြော်(ဖာပွန်)ခရိုင် ထိန်းချုပ်နယ်‌မြေထဲတွင် တည်ရှိ ကာ ဇီဝမျိုးကွဲစုံလင်စွာကျက်စား‌နေထိုင်‌သော‌ဒေသတစ်ခုဖြစ်သည်။

၎င်းကို ငြိမ်းချမ်း‌ရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်၊ သဘာဝပတ်ဝန်းကျင် ‌ရေရှည်တည်တံ့‌ရေးနှင့် ဓ‌လေ့ ရိုးရာယဉ် ‌ကျေးမှု ထိန်းသိမ်းနိုင်‌ရေးစသည့် ‌မျှော်မှန်းချက်သုံးချက်ဖြင့် KNU နှင့် မြန်မာအစိုးရတို့အကြား ငြိမ်းချမ်း‌ရေး လုပ်ငန်းစဉ် စတင်ခဲ့သည့် ၂၀၁၂ ခုနှစ်ကတည်းက ကြိုးပမ်းလုပ်‌ဆောင်လာခဲ့ပြီး ၎င်းဥယျာဉ်နှင့် ဥယျာဉ် အ‌ခြေခံ ဥပ‌ဒေ ပြဌာန်းအတည်ပြုခြင်းကို ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက်‌နေ့တွင် တရားဝင် ‌ကြေညာ ခဲ့သည်။

UNDPမှ ဌာ‌နေတိုင်းရင်းသားများ၏ သဘာဝပတ်ဝန်းကျင်နှင့် ဇီဝမျိုးကွဲ ကာကွယ်ထိန်းသိမ်း စီမံအုပ်ချုပ်ခြင်း အ‌ပေါ်အ သိအမှတ်ပြု‌ပေးအပ်သည့် ယခုနှစ်တွက် ၁၁ ကြိမ်‌မြောက် အီ‌ကွေတာဆုကိုလည်း သံလွင် ငြိမ်း ချမ်း‌ရေး ဥယျာဉ်မှ ရရှိခဲ့သလို ၎င်းဥယျာဉ်‌ပေါ်‌ပေါက်လာ‌ရေး ဦး‌ဆောင်ကြိုးပမ်းခဲ့သူ ‌စော‌ပေါလ်စိန်ထွား လည်းပဲ ယခုနှစ်အတွက် ‌ပေးအပ်သည့် Goldman သဘာဝပတ်ဝန်းကျင်ဆိုင်ရာဆု ရရှိခဲ့သည်။