Home သတင်း အမျိုးသမီးအ‌ပေါ် အကြမ်းဖက်မှုရပ်တန့်ရန်လူတိုင်းမျှတသည့် ဥပ‌ဒေဆိုင်ရာတာဝန်ခံမှုရှိရမည်ဟု KWO ‌ပြော

အမျိုးသမီးအ‌ပေါ် အကြမ်းဖက်မှုရပ်တန့်ရန်လူတိုင်းမျှတသည့် ဥပ‌ဒေဆိုင်ရာတာဝန်ခံမှုရှိရမည်ဟု KWO ‌ပြော

1962

နိုဝင်ဘာလ ၂၅ ရက်၊ ၂၀၂ဝပြည့်နှစ်။ စအိုင်ဆူး

အမျိုးသမီးများအ‌ပေါ် အကြမ်းဖက်မှု ရပ်တန့်‌စေရန် လူတိုင်း မျှတသည့် ဥပ‌ဒေဆိုင်ရာ တာဝန်ခံမှုရှိရမည်ဖြစ် ‌ကြောင်း ယ‌နေ့ (နိုဝင်ဘာလ ၂၅ရက်‌နေ့)တွင် ကျ‌ရောက်သည့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများအ‌ပေါ် အကြမ်းဖက်မှုပ‌ပျောက်‌ရေး‌နေ့တွင် ကရင်အမျိုးသမီးအစည်းအရုံး-KWO က ထုတ်ပြန်‌ပြောဆိုလိုက်သည်။

အမျိုးသမီးများအ‌ပေါ် အကြမ်းဖက်မှု ရပ်တန့်‌ရေး ၁၆ရက်တာ လှုပ်ရှားမှုနှင့်ပတ်သက်ပြီး ယခုလို ထုတ် ပြန်လိုက်ခြင်းဖြစ်ပြီး ဥပ‌ဒေအရ အကြမ်းဖက်မှု ကျူးလွန်သူများ၏ ‌နောက်ခံအ‌ခြေအ‌နေ၊ ချမ်းသာကြွယ်ဝမှုနှင့် အာဏာအရှိန်အဝါရှိမှုအ‌ပေါ် ခွဲခြားမှုမရှိဘဲ တာဝန်ခံမှု ရှိရန်လိုအပ်‌ကြောင်း KWO က ဆိုသည်။

KWO အ‌ထွေ‌ထွေအတွင်း‌ရေးမှူး ‌နော်က‌ညော‌ဖောက “အထူးသဖြင့် အရပ်သား‌တွေ ပြစ်မှုကျူးလွန် ရင်အ‌ရေးယူရတာ အဆင်‌ပြေ‌ပေမဲ့ အာဏာရှိ‌ခေါင်း‌ဆောင်‌တွေပဲဖြစ်ဖြစ်၊ စစ်‌ခေါင်း‌ဆောင်‌တွေပဲဖြစ်ဖြစ် ပြစ်မှုကျူးလွန်ခဲ့ရင် အ‌ရေးယူခံရမှုကမရှိ‌တော့ဘူး။ ဥပ‌ဒေစိုးမိုးမှုကမရှိ‌တော့ဘူး။ ဒုက္ခသည်စခန်းအတွင်းမှာပဲ ဖြစ်ဖြစ်၊ ကရင်အသိုင်း အဝိုင်းထဲမှာပဲဖြစ်ဖြစ် သူတို့ကို အ‌ရေးယူ‌ဆောင်ရွက်ဖို့အတွက် ခက်ခက်ခဲခဲ‌ပြော‌ပေးရတာမျိုး‌တွေရှိတယ်။” ဟု ‌ကေအိုင်စီ သို့‌ပြောသည်။

အမျိုးသမီးများ အကြမ်းဖက်ခံရမှု ဖြစ်စဉ်တချို့တွင် ပါဝင်ပတ်သက်သူများမှာ အာဏာအရှိန်အဝါ ရှိမှု‌ကြောင့် ဥပ‌ဒေ၏ အ‌ရေးယူခံရမှုမှ ကင်းလွတ်‌နေကြရခြင်းကို ဆိုလိုခြင်းဖြစ်ပြီး လူသားများအ‌နေဖြင့် ဥပ‌ဒေပြဌာန်း မှု‌အောက်တွင် တာဝန်ခံမှု ရှိမှသာ အာဏာအလွဲသုံးစားမှုကို ‌ရှောင်ရှားနိုင်မည်ဖြစ်ကာ လူတိုင်းသည် မိမိတို့ လုပ်‌ဆောင်ချက်များအ‌ပေါ် တာဝန်ခံမှု ရှိလာ‌စေရန် လိုအပ်ချက် များစွာရှိ‌နေ‌သေး‌ကြောင်းလည်း KWO က ဆိုသည်။

အမျိုးသမီးများအ‌ပေါ် အကြမ်းဖက်မှုများအပြင် မည်သည့် အကြမ်းဖက်မှုများကိုမဆို ရပ်တန့်‌စေ‌ရေးအတွက် အားလုံး တက်ကြွစွာပါဝင်ကြရန်လည်း KWO၏ ယ‌နေ့ ထုတ်ပြန်ချက်၌ တိုက်တွန်း ‌တောင်းဆိုထားသည်။

အလားတူ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများအ‌ပေါ် အကြမ်းဖက်မှု ပ‌ပျောက်‌ရေး‌နေ့နှင့်ပတ်သက်၍ ယ‌နေ့ ထုတ်ပြန်သည့် ကရင်လူ့အခွင့်‌ရေးအဖွဲ့(KHRG)ထုတ်ပြန်ချက်၌လည်း အမျိုးသမီးများအ‌နေဖြင့် တရားမျှတမှု ရှာ‌ဖွေရာ၌ တရားစီရင်‌ရေး စနစ်များသည် လွတ်လပ်မှုမရှိဘဲ တာဝန်ယူမှု၊ တာဝန်ခံမှု မရှိခြင်း နှင့် အမျိုးသား များမှကြီးစိုး‌နေခြင်းများ ကြုံ‌တွေ့‌နေရ‌ကြောင်း ဆိုထားသည်။

၎င်းအပြင် မြန်မာနိုင်ငံတွင် အကြမ်းဖက်ကျူးလွန်သူများအ‌နေဖြင့် ပြစ်မှုမှ ကင်းလွှတ်ခွင့်ရ‌နေကြသည့် အ‌လေ့ အထများ‌ကြောင့် အမျိုးသမီးများအ‌ပေါ် အကြမ်းဖက်မှု လုပ်ရပ်များ ပိုမိုဖြစ်‌ပေါ်‌စေ‌ကြောင်းနှင့် တပ်မ‌တော်မှ ကျူးလွန်‌သော ရာဇဝတ်မှုများအ‌ပေါ် ပြစ်ဒဏ်ကင်းလွတ်ခွင့်‌ပေးခြင်းအား အဆုံးသတ်ရန်အပြင် အရပ်ဖက် တရားရုံးများတွင် အ‌ရေးယူ‌ဆောင်ရွက်‌ပေးရမည်ဖြစ်‌ကြောင်း KHRG မှ တိုက်တွန်း ‌တောင်းဆိုထားသည်။

လူ့အခွင့်အ‌ရေး အဖွဲ့အစည်းအသီးသီး၏ နှစ်စဉ်ထုတ်ပြန်သည့် အစီရင်ခံစာများအရ မြန်မာနိုင်ငံ၌ အမျိုးသမီး နှင့် အမျိုးသမီးငယ်များအ‌ပေါ် အကြမ်းဖက်ခံရမှု ဖြစ်စဉ်များ နှစ်စဉ် ဖြစ်ပွားလျက်ရှိပြီး စစ်‌ရေး ပဋိပက္ခဖြစ်ပွား ရာနယ်စပ် နှင့် တိုင်းရင်းသား ‌ဒေသများ၌ ပိုမိုခံစားကြရ‌ကြောင်း ထုတ်ပြန်‌ဖော်ပြ‌ကြောင်း‌တွေ့ရသည်။

ယ‌နေ့ ကျ‌ရောက်သည့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများအ‌ပေါ် အကြမ်းဖက်မှု ပ‌ပျောက်‌ရေး‌နေ့ကို အ‌ကြောင်းပြု၍ အကြမ်းဖက်မှု ရပ်တန့်‌ရေး ၁၆ရက်တာ လှုပ်ရှားမှုကို စတင်သည့် ဖွင့်ပွဲကို ထိုင်းနိုင်ငံ၊ မဲ‌ဆောက်မြို့၊ မယ်‌တော်‌ဆေးခန်းတွင် KWOမှ ဦး‌ဆောင်၍ လူဦး‌ရေ အကန့်အသတ်ဖြင့် ပြုလုပ်ခဲ့သည်။

ထို့အတူ KNU ထိန်းချုပ်နယ်‌မြေ ခရိုင်(၇)ခု၊ နယ်စပ်‌ဒေသနှင့် ဒုက္ခသည်စခန်းအသီးအသီးတွင်လည်း ကိုဗစ် အ‌ခြေအ‌နေ‌ပေါ်မူတည်ပြီး အကျဉ်းရုံး ပြုလုပ်ကျင်းပမှုများလည်း ရှိ‌ကြောင်း သိရသည်။

၁၉၉၉ ခုနှစ်၊ ဒီဇင်ဘာလ ၁၇ရက် ‌နေ့တွင် ကျင်းပခဲ့‌သော ကမ႓ာ့ကုလသမဂ္ဂ၏ အ‌ထွေ‌ထွေညီလာခံ၏ ဆုံးဖြတ် ချက်အမှတ် (၅၄/၁၃၄)အရ နိုဝင်ဘာလ ၂၅ရက်‌နေ့ကို အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများအ‌ပေါ် အကြမ်းဖက်မှု ပ‌ပျောက်‌ရေး‌နေ့အဖြစ် သတ်မှတ်‌ကြေညာခဲ့ခြင်းဖြစ်သည်။