Home ကဗျာ လာမယ့်နှစ်ကူး ဒုံးကကြဦးမလား

လာမယ့်နှစ်ကူး ဒုံးကကြဦးမလား

2639

လာမယ့်နှစ်ကူး ဒုံးကကြဦးမလား

တစ်ဖက်ပိတ် အမြင်နဲ့
အ‌ရောင်ခြယ် ခံထားရတဲ့
ရုပ်‌သေးတချို့ . . .
ကယ်တင်ရှင်ကြီး လိုလို
‌စေတနာရှင်ကြီး လိုလို
ပြည်‌ထောင်စုကို ဝါးမျိုမယ်. . .တဲ့။

စည်းခြားခဲ့တဲ့ ‌နေ့‌တွေ
‌သွေးစီးခဲ့ရတဲ့ ‌နေ့‌တွေ
‌ကော်သူး‌လေရဲ့ အနက်ကို
ဖွင့်ဆိုမချပြ နိုင်‌တော့
အ‌ရောင်‌မေ့ မာန‌တွေက
သူရဲ‌ကောင်းလို မာန်‌ထောင်ပြတယ်။

ဘဝအမှန် ‌ကြွေး‌ကြော်သံက
လည်စင်းခံ မြူးကြွသံ‌လောက်
အားမပြင်း‌လောက်ဘူး
သူတို့‌လေး‌တွေ
အာရုဏ်ဦးကို ‌စောင့်‌မျှော်‌ပေမဲ့
ပြာသိုနှင်းရဲ့ အလှကို မသိကြဘူး။

ရုပ်ဝတ္ထု အား‌ကောင်းတဲ့ ကာလမှာ
လင်မယား‌တောင် ကွာရှင်း စာချုပ်ချုပ်ရတယ်။
မီးစာက အား‌ကောင်း‌တော့
မှိုင်းကလည်း ‌ပေါ့‌သေး‌သေးမဟုတ်
ဒီအချိန်မှာ သ‌ဘောတရား‌ရေးရာ မဆိုထားနဲ့
အပြန်အလှန် ‌လေးစားမှု ဆိုတာ ရှိကိုမရှိ‌တော့ဘူး။

ရပ်တည်ချက်မတူလို့
အချင်းချင်း ‌လှောင်ရယ်သံ‌တွေ ‌နေ့စဉ်နဲ့အမျှ . . .
တချို့ အမျိုးသား‌ရေးဝမ်းစား မပြည့်‌တော့
နိုင်ငံ‌ရေး သား‌ကောင် ဖြစ်လို့ ဖြစ်မှန်း မသိ
ဒါ‌တောင် အမိ‌ကော်သူး‌လေကို ချနင်းချင်‌သေးတယ်။

ဆယ်စုနှစ်များစွာ ရုန်းကန်ခဲ့တဲ့ သူ‌တွေ
‌အောက်‌ခြေမလွတ်ဘူး
ကိုယ့်ပန်းတိုင် ကိုယ်သိကြတယ်
ကိုယ့်လမ်း ကိုယ်‌လျှောက်ကြတယ်
မ‌နေ့ တ‌နေ့ကမှ အ‌ရောင်‌တောက်လာတဲ့ သူ‌တွေ
သူတို့ကိုသူတို့ ‌စေတနာရှင်ကြီးလို ထင်ပုံရတယ်
ဖွံ့ဖြိုးတိုးတက်‌ရေးတဲ့ . . .။

နည်းပြ ဘယ်‌လောက် ‌ကောင်း‌ကောင်း
ကိုယ်‌တွေ့ ဖြတ်သန်းမှုကလည်း ရှိ‌သေးတယ်
အခု ‌ရေပြင် ‌မြေပြင်မှာ‌တော့
အစုလိုက် အစုလိုက် . . .
‌စောင့်ကြည့်ဦးမယ်
လာမယ့်နှစ်ကူး ဒုံးကကြဦးမလား. . .
အလံ‌တွေ‌အောက် စုရုံးကြဦးမလား . . .

အမျိုးသားသစ္စာဖြင့်
‌စော‌ယောင့်သာအဲဆန်
၂၇.၁၀.၂၀၂၀