Home COVID-19 လက်နက်ကိုင်နယ်‌မြေတွင် ကိုဗစ်‌ကြောင့် မဲဆွယ်အခက်ကြုံရဟု NLD ပြည်နယ်‌အောင်နိုင်‌ရေး ဥက္ကဋ္ဌ‌ပြော

လက်နက်ကိုင်နယ်‌မြေတွင် ကိုဗစ်‌ကြောင့် မဲဆွယ်အခက်ကြုံရဟု NLD ပြည်နယ်‌အောင်နိုင်‌ရေး ဥက္ကဋ္ဌ‌ပြော

2420
စက်တင်ဘာ ၂၉ရက်၊ ၂၀၂ဝ ပြည့်နှစ်။ ‌စောထွန်းလင်း

တိုင်းရင်းသားလက်နက်ကိုင်နယ်‌မြေတွင် ကိုဗစ် ဗိုင်းရပ်စ်‌ကြောင့် မဲဆွယ်ရာတွင် အခက်အခဲကြုံ‌တွေ့ ‌နေရ သည်ဟု အမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ်၊ ကရင်ပြည်နယ် ‌အောင်နိုင်‌ရေး‌ကော်မတီ ဥက္ကဋ္ဌ ဦးသန်းနိုင်က ‌ပြောသည်။

NLD ပါတီ ဥက္ကဋ္ဌ ‌ဒေါ်‌အောင်ဆန်းစုကြည် နှင့် ကချင်၊ ကယားနှင့် ကရင်ပြည်နယ် ‌အောင်နိုင်‌ရေး‌ကော်မတီ ဥက္ကဋ္ဌ များ ‌ဆွေး‌နွေးပွဲကို စက်တင်ဘာ ၂၉ ရက်‌နေ့၊ နံနက်ပိုင်းတွင် အွန်းလိုင်းမှတဆင့် ပြုလုပ်ခဲ့ပြီး ပြည်နယ် ‌အောင်နိုင် ‌ရေး‌ကော်မတီဥက္ကဋ္ဌက ယခုလို ‌ပြောဆိုခဲ့ခြင်း ဖြစ်သည်။

“ ကြာအင်းဆိပ်ကြီးလို‌နေရာမျိုးမှာ ဆိုရင်‌တော့ ဘယ်လိုဖြစ်လဲဆို‌တော့ မွန်ပြည်သစ်ဆိုရင် ကျ‌နော်တို့ ပါတီ ‌တွေကို အဝင်မခံပါဘူး။ ကျ‌နော်တို့ ပါတီတင်မဟုတ်ပါဘူး။ ဘယ်ပါတီမဆို‌ပေါ့‌နော်၊ မွန်နဲ့ပတ်သက်တဲ့ ပါတီ‌တွေ ‌လောက်ပဲ ဝင်လို့ရပါတယ်။ ဒါမျိုး‌လေး‌တွေက နည်းနည်း‌လေး မျှတမှု မဖြစ်တဲ့ကိစ္စ‌လေး‌တွေပါ။ ဒါက‌တော့ ကိုဗစ်ကို အ‌ကြောင်းပြပြီး‌တော့ ‌ပြောဆိုမှု‌တွေ ဖြစ်ပါတယ်” ဟု ဦးသန်းနိုင်က ‌ပြောသည်။

ထို့အပြင် NLD အ‌နေဖြင့် ကရင်ပြည်နယ်အတွင်း ပါတီမဲဆွယ် စည်းရုံး‌ရေး ဆင်းသည့်အခါ အချို့ရွာများက ရွာထိပ်၌ ကိုဗစ်ကာကွယ်‌ရေးအတွက် ရွာအဝင်အထွက်များတွင် တားဆီးစစ်‌ဆေးမှု ထားရှိသည်များကိုလည်း ကြုံရပြီး အုပ်ချုပ်‌ရေးမှူးများနှင့် ညှိနှိုင်းကာ ကိုဗစ်ကာကွယ်‌ရေး နည်းလမ်းများအတိုင်း မဲဆွယ်ရခြင်းများလည်း ရှိသည်ဟု ၎င်းက ‌ပြောသည်။

ကိုဗစ်ကာကွယ်‌ရေးအတွက် ယခုလို ‌ကျေးရွာများ သတိရှိသည်မှာ ‌ကောင်းမွန်‌ကြောင်း၊ ကရင်ပြည်နယ်ကို လည်း ထိုင်းပြန်အလုပ်သမားများကို စနစ်တကျလက်ခံ‌ပေးခဲ့ပြီး ကိုဗစ်ကာကွယ်‌ရေးလုပ်ငန်းများကို ပူး‌ပေါင်း လုပ်‌ဆောင်ခဲ့သည့်အတွက် ‌ကျေးဇူးတင်‌ကြောင်း NLD ပါတီ ဥက္ကဋ္ဌ ‌ဒေါ်‌အောင်ဆန်းစုကြည်က ‌ပြောသည်။

“ အခုရွာ‌လေး‌တွေထဲမှာ ဆိုရင်‌တော့ ကိုဗစ်ဖြစ်မှုကို စိုးရိမ်ပြီး‌တော့ စည်းရုံး‌ရေး‌တွေလာတဲ့အခါ ကျလို့ရှိရင် သူတို့ သတိနဲ့ လက်ခံတဲ့ အ‌နေအထားဆိုရင် လုံးဝဆိုးတာ မဟုတ်ပါဘူး။ ဒီလိုသတိရှိတာ ‌ကောင်းပါတယ်” ဟု ၎င်းက ‌ပြောသည်။

ထို့အပြင် ပြည်နယ် NLD ‌အောင်နိုင်‌ရေး‌ကော်မတီ အ‌နေဖြင့် ပြည်နယ်အတွင်းရှိ မဲရုံ ၈၅၅ ရုံအတွက် မဲရုံးကိုယ် စားလှယ် ၁၅၀ဝ ဦးကို သင်တန်းများ အပြည့်အဝ‌ပေးထားပြီး ဖြစ်သလို ပါတီကိုယ်စားလှယ်‌လောင်း အသစ် ၁၃ ဦးကိုလည်း ပါတီဗဟို၏ လမ်းညွှန်ချက်များအား ‌တွေ့ဆုံရှင်းလင်း ‌ပြောဆိုမှုများပြုလုပ်ထားသည်ဟု ‌ကော်မတီ ဥက္ကဋ္ဌက ဆက်‌ပြောသည်။

၂၀၁၅ ‌ရွေး‌ကောက်ပွဲတွင် ပြည်နယ်အတွင်း NLD ပါတီ ရှုံးနိမ့်ခဲ့သည့် ဖာပွန်မြို့နယ်တွင်လည်း ယခင်ကထက် အား‌ပေး တက်ကြွမှုရှိ‌နေသည်ဟု ဦးသန်းနိုင်က ဆက်‌ပြောသည်။

ကရင်ပြည်နယ်တွင် NLD ပါတီအ‌နေဖြင့် ၂၀၁၅ ‌ရွေး‌ကောက်ပွဲတွင် ဖာပွန်မြို့နယ်၌ ၅ ‌နေရာ၊ သံ‌တောင်ကြီးနှင့် ကြာအင်းဆိပ်ကြီးမြို့နယ်တို့တွင် တစ်‌နေရာစီ ရှုံးနိမ့်ခဲ့ပြီး ကျန်‌နေရာအများစုကို အနိုင်ရရှိခဲ့သည်။

ယ‌နေ့ ပြုလုပ်သည့် NLD ပါတီ ဥက္ကဋ္ဌ ‌ဒေါ်‌အောင်ဆန်းစုကြည်နှင့် ကချင်၊ ကယား၊ ကရင်ပြည်နယ် ‌အောင်နိုင်‌ရေး ‌ကော်မတီ ဥက္ကဋ္ဌများ အွန်းလိုင်း‌ဆွေး‌နွေးပွဲတွင် ကချင်ပြည်နယ်အတွင်း မြို့နယ်အလိုက် ‌အောင်နိုင်‌ရေး လုပ်‌ဆောင်မှုအ‌ခြေအ‌နေ၊ ကယားပြည်နယ်တွင် ‌အောင်နိုင်‌ရေးလုပ်‌ဆောင်မှုအ‌ခြေအ‌နေများကို ပါတီ ဥက္ကဋ္ဌထံ ဆိုင်ရာ ပြည်‌အောင်နိုင်‌ရေး ‌ကော်မတီ ဥက္ကဋ္ဌ အသီးသီးက တင်ပြခဲ့သည်။