Home သတင်း မြဝတီခရိုင်အတွင်း ကျပ်သိန်း‌ပေါင်း (၂၃၄,၆၀၀) တန်ဘိုးရှိ ICE မူးယစ်‌ဆေးဝါး (၃၉၁) ကီလိုဂရမ် ဖမ်းဆီးရမိ

မြဝတီခရိုင်အတွင်း ကျပ်သိန်း‌ပေါင်း (၂၃၄,၆၀၀) တန်ဘိုးရှိ ICE မူးယစ်‌ဆေးဝါး (၃၉၁) ကီလိုဂရမ် ဖမ်းဆီးရမိ

4192
Photo: Nay Naw

ဩဂုတ် ၁၁ရက်၊ ၂၀၂ဝ ပြည့်နှစ်။ ‌နေ‌နော်

ကရင်ပြည်နယ် မြဝတီမြို့၏‌တောင်ဘက် မိုင် ၅ဝ ခန့်အကွာ စုကလိမြို့ ဘလက်ဒို‌ကျေးရွာတွင် ကျပ်သိန်း‌ပေါင်း (၂၃၄,၆၀၀) တန်ဘိုးရှိ ICE မူးယစ်‌ဆေးဝါး ၃၉၁ ကီလိုဂရမ်အား ယာဉ်‌မောင်းတစ်ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ ‌ကြောင်း သိရသည်။

ဩဂုတ်လ ၁ဝရက်‌နေ့ ၊ နံနက် ၁ဝနာရီအချိန်တွင် မြဝတီမြို့ဘက်မှ ဆုံဆည်းမြိုင်ဘက်သို့ ယာဉ်‌မောင်း ရန် အန်း(ခ)ဝူယမ်အမ် ‌မောင်းနှင်လာ‌သော ယာဉ်အမှတ် NPW 7L-5448 Misubishi Triton Pickup အနက် ‌ရောင်ယာဉ်အား စစ်ဘက်‌ရေးရာလုံခြုံ‌ရေးတပ် မြဝတီတပ်စုမှ ဗိုလ်ကြီး‌ကျော်စိုးထက်ဦးစီးအဖွဲ့နှင့် DKBA( ဒီမိုက ‌ရေစီအကျိုးပြု ကရင်တပ်မ‌တော်) စည်းကမ်း ထိန်းသိမ်း‌ရေး ပူး‌ပေါင်းအဖွဲ့တို့ ရပ်တန့် စစ်‌ဆေးရာ ယာဉ် အ ‌နောက်ခန်းတွင် မူးယစ်‌ဆေးဝါးဟုယူဆရ‌သော အထုပ်များ‌တွေ့ရှိသိမ်းဆည်းရမိခဲ့ခြင်းဖြစ်သည်။

ထိုသို့ သိမ်းဆည်းရမိ‌သော မူးယစ်‌ဆေးဝါးများကို မြဝတီခရိုင်ရဲတပ်ဖွဲ့က သွား‌ရောက်စစ်‌ဆေးခဲ့ရာတွင် ယာဉ်၏ အ‌နောက်ခန်းအတွင်းမှ (ICE) ဟု ယူဆရ‌သော အဖြူ‌ရောင်ပုံ‌ဆောင်ခဲ (၁) ကီလိုဂရမ်ပါ(၃၉၁)ထုပ်၊ အ‌လေးချိန် (၃၉၁) ကီလိုဂရမ် (ကာလတန်ဘိုး ၁ကီလိုဂရမ်လျှင် ကျပ်သိန်း ၆၀၀)နှုန်းဖြင့် ကျပ်သိန်း‌ပေါင်း (၂၃၄,၆၀၀) ခန့်အား လည်း‌ကောင်း၊ နိုင်ငံသားစိစစ်‌ဆေးကဒ်ပြားတစ်ခု၊ ယာဉ်မှတ်ပုံတင်သက်‌သေခံလက်မှတ် ၁ ခု၊ ယာဉ် မှတ်ပုံတင်စာအုပ် ၁ အုပ်၊ ယာဉ်အာမခံ ပရီမီယံ‌ပေးသွင်းမှု မှတ်တမ်းစာအုပ် ၁ အုပ်၊ ယာဉ်အ‌ရောင်း အဝယ် ကတိစာချုပ် ၁ ‌စောင်၊ ယာဉ်‌မောင်းသင်လိုင်စင် ၁ ခု၊ အိမ်‌ထောင်စု စာရင်း မိတ္တူ ၁ ‌စောင်နှင့် ကီးပက်ဖုန်းတစ် လုံးတို့ကို သိမ်းဆည်းရမိသည်ဟု ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

Photo: Nay Naw

အဆိုပါ သိမ်းဆည်းရမိ‌သော မူးယစ်‌ဆေးဝါးများအား ရှမ်းပြည်နယ်၊ လားရှိုးမြို့ အမှတ် ၇ ရပ်ကွက်တွင် ‌နေထိုင် သူ ကျန်ချမ့်(ခ) ကိုချမ့်ဆိုသူမှတစ်ဆင့် ကရင်ပြည်နယ် မြဝတီမြို့ အမှတ်(၄)ရပ်ကွက် ‌ကျောက်လုံးကြီး လမ်း သွယ် ၂ ‌နေအိမ်တစ်အိမ်တွင် လာ‌ရောက်ပို့‌ဆောင်ပြီး‌နောက် ရန်အန်း(ခ) ဝူယမ်အမ်နှင့်အတူ‌နေ ညီညီဦး (ခ) ‌ပေါက်ယူနှင့် ရွှမ်းထယ်တို့(၃)ဦးမှ ‌မော်‌တော်ယာဉ်(၂)စီးဖြင့် မြဝတီမြို့နယ်‌ကျောက်ခက်‌ကျေးရွာအလွန်၊ ‌တောင် နီ‌ကျေးရွာရှိ ကိုစိမ်းထံသို့ ပို့‌ဆောင်ရာ မြဝတီမြို့မှ ဖလူး-‌ကျောက်ခက်-ဆုံဆည်းမြိုင်လမ်းအတိုင်း ထွက်ခွာလာစဉ် ဖမ်းဆီးခံရခြင်းဖြစ်‌ကြောင်းပြီး ပို့‌ဆောင်ခအဖြစ် ဘတ်‌ငွေ ၆သိန်း‌ပေးမည်ဟု ကျန်ချမ့် (ခ) ကိုချမ့်ဆိုသူမှ ‌ပေးမည် ဟု ထွက်ဆိုခဲ့‌ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

အဆိုပါ မူးယစ်‌ဆေးဝါးနှင့် ဆက်စပ်သူ မြဝတီမြို့ အမှတ် ၄ရပ်ကွက် ‌ကျောက်လုံးကြီးလမ်းသွယ် ၂တွင် ‌နေထိုင်သူ ညီညီဦး(ခ)‌ပေါက်ယူ ၃၅ နှစ်၊ ရွှမ်းထယ် ၄ဝ နှစ် ၊ မူးယစ်‌ဆေးဝါးများ ပို့‌ဆောင်ခိုင်းသူ ကျန်ချမ့်(ခ)ကိုချမ့်တို့ သုံးဦးမှာ ဖမ်းဆီးရမိနိုင်ခြင်းမရှိ‌သေး‌ကြောင်း သိရှိရသည်။ မူးယစ်‌ဆေးဝါးနှင့်အတူ ဖမ်းဆီးရမိ‌သော ရန်အန်း(ခ)ဝူယမ်အမ် အပါအဝင် (၄)ဦးအား မြဝတီမြို့မရဲစခန်း၏ မယ(ပ)၁၀၉/၂၀၂၀၊ မူး/စိတ်ပုဒ်မ-၁၉(က)/၂၁အရ ဩဂုတ်လ(၁၁)ရက်တွင် အမှုဖွင့်အ‌ရေးယူထား‌ကြောင်း သိရသည်။