Home သတင်း ကရင်ပြည်နယ်တွင် မဲစာရင်းအချက်အလက် ပြင်ဆင်ဖြည့်စွက်မှု ၁၇,ဝဝဝ ‌ကျော် ‌ကော်မရှင်ထံ တင်ပြထား

ကရင်ပြည်နယ်တွင် မဲစာရင်းအချက်အလက် ပြင်ဆင်ဖြည့်စွက်မှု ၁၇,ဝဝဝ ‌ကျော် ‌ကော်မရှင်ထံ တင်ပြထား

1821

ဩဂုတ် ၁၁ ရက်၊ ၂ဝ၂ဝ ပြည့်နှစ်။ ‌စောမြတ်ဦးသာ

နိုဝင်ဘာလ ၈ ရက်‌နေ့တွင် ကျင်းပမည့် အ‌ထွေ‌ထွေ‌ရွေး‌ကောက်ပွဲအတွက် ကရင်ပြည်နယ်အ‌နေဖြင့် ပထမဦးဆုံးအကြိမ် ထုတ်ပြန်သည့် မဲဆန္ဒရှင်စာရင်းများတွင် မဲစာရင်းပြင်ဆင်ဖြည့်စွက်မှု ၁၇,ဝဝဝ ‌ကျော် ပြည်နယ်‌ရွေး‌ကောက်ပွဲ‌ကော်မရှင်အဖွဲ့ထံ တင်ပြထာသည်ဟု သိရသည်။

မဲဆန္ဒရှင်စာရင်းများကို ဇူလိုင်လ ၂၅ ရက်မှ ဩဂုတ်လ ၈ ရက်‌နေ့အထိ သက်ဆိုင်ရာမြို့နယ်အသီးသီးတွင် ထုတ်ပြန်‌ကြေညာ ထားပြီး မဲစာရင်းတွင် အမည်မပါရှိသူများ၊ အမည်နာမ်မမှားယွင်းမှုများနှင့် သတ်မှတ်ချက်အရ အမည်မပါသင့်သူများ ပါဝင်‌နေ သည့်အတွက် မြို့နယ် ၇ ခုမှ အချက်အလက် ၁၇,၅၁၁ ခု ပြင်ဆင်ဖြည့်စွက်ရန် တင်ပြထားသည်ဟု ပြည်နယ်‌ရွေး‌ကောက် ပွဲ ‌ကော်မရှင်အဖွဲ့ အတွင်း‌ရေးမှူး ဦး‌မောင်‌မောင်နိုင်က ဩဂုတ်လ ၈ ရက်‌နေ့တွင် ‌ကေအိုင်စီသို့‌ပြောသည်။

“အမည်မပါတဲ့သူ‌တွေ ပုံစံ ၃ နဲ့ ၇,၉၃ဝ ဦး၊ မဲစာရင်းမှာ အမည်မပါသင့်သူ‌တွေ ပုံစံ ၄ နဲ့ ၂,၃၄၅ ဦး မဲစာရင်းအချက်အလက် ပြင်ဆင်လာမှု ပုံစံ ၄(ဂ) နဲ့ ၇၂၃၆ ဦး တင်ပြလာတယ်။ လူသာ‌ပြောင်းသွားတယ်၊ အိမ်‌ထောင်စုဇယားမ‌ပြောင်းတဲ့အခါကျ‌တော့ လူဦး‌ရေစာရင်း‌တွေက အမှားအယွင်း‌တွေဖြစ်တယ်။ အတတ်နိုင်ဆုံး မှန်ကန်‌အောင်‌တော့ ပြည်သူလူထုက‌ရော မီဒီယာ ‌တွေ က‌ရော လူထု‌တွေ မဲစာရင်းကြည့်ဖို့ ‌ပြော‌ပေးဖို့လိုတယ်” ဟု ပြည်နယ်‌ရွေး‌ကောက်ပွဲ‌ကော်မရှင်အဖွဲ့ အတွင်း‌ရေးမှူး ဦး‌မောင်‌မောင်နိုင်က ‌ပြောသည်။

ပထမအကြိမ် ထုတ်ပြန်သည့် ဆန္ဒမဲစာရင်းကို ဩဂုတ်လ ၈ ရက်က‌နေ ၁၄ ရက်‌နေ့အထိ ထပ်မံရက်တိုးမြှင့်လိုက်ပြီး မဲစာရင် လာကြည့်သူ ၁ သိန်း ၆ဝ,ဝဝဝ ‌ကျော်ရှိကာ အသက် ၁၈ နှစ်ပြည့်ပြီးသူ ၁ သိန်းဝန်းကျင် ပထမဆုံးအကြိမ် ဆန္ဒမဲ ထည့်ခွင့်ရမည်ဟု ‌ကော်မရှင်တာဝန်ရှိသူထံမှ သိရသည်။

ကြာအင်းဆိပ်ကြီးမြိုနယ်၊ ဝင်း‌ရော်‌ဒေသမှ ‌စောမြဝင်းက “ တစ်ချို့‌သေပြီးသာလူ‌တွေ နာမည်ပါလာတာရှိတယ်။ မှတ်ပုံ တင်မပါတာ‌ရော အမည်လွှဲမှား‌နေတာ‌တွေ‌ရော ရှိတယ်။ ဒီနှစ်က မဲစာရင်းအချက်လက်မှားယွင်မှုပိုများတယ်” ဟု ‌ကေအိုင်စီ သို့‌ပြောသည်။

‌ရွေး‌ကောက်ပွဲ‌ကော်မရှင်အ‌နေဖြင့် ပထမအကြိမ် ထုတ်ပြန်‌ကြေညာသည့် မဲဆန္ဒမဲ‌ပေးပိုင်ခွင့်ရှိသူများတွင် မဲစာရင်းလွဲမှားမှုများ ရှိ‌နေသည့်အပြင် မဲစာရင်းကျန်ရှိမှုများပြားသည့်အတွက် ဒုတိယကြိမ် မဲစာရင်းထုတ်ပြန်ရာတွင် မှားယွင်းမှုမရှိ‌စေရန် စီမံ‌ဆောင် ရွက်ရန် ကရင်ပြည်နယ်အ‌ခြေစိုက် ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ(KNDP)က ဩဂုတ်လ ၈ ရက်‌နေ့တွင် သ‌ဘောထားထုတ်ပြန်ကာ တိုက်တွန်းထားသည်။

ကရင်ပြည်အ‌နေဖြင့် ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဖာပွန်မြို့နယ်နှင့် အချို့‌ကျေးရွာအုပ်စုများတွင် လူဦး‌ရေစာရင်း‌ကောက်ယူ၍ မရ သည့်အပြင် ရပ်‌ကျေး‌ကော်မရှင်အဖွဲ့မဖွဲ့နိုင်သည့်အတွက် ‌ရွေး‌ကောက်ပွဲကျင်းပနိုင်ခြင်းမရှိသည့် ‌ကျေးရွာအုပ်စုများလည်း ရှိ‌နေပြီး မြို့နယ် ၇ ခုတွင် ဆန္ဒမဲ‌ပေးပိုင်ခွင့်ရှိသူ ၁၁ သိန်းနီးပါးနှင့် မဲရုံ‌ပေါင်း ၈၅ဝ ‌ကျော် ဖွင့်သွားမည်ဟု ပြည်နယ်‌ရွေး‌ကောက်ပွဲ‌ကော်မ ရှင်အဖွဲ့ထံမှ သိရသည်။