Home ကဗျာ အပြုံးကြားက အမုန်း (ကဗျာ)

အပြုံးကြားက အမုန်း (ကဗျာ)

2665

အပြုံးကြားက အမုန်း

စစ်‌မြေပြင်မှာ
ရှင်သန်လာရတဲ့ဘဝဟာ
‌နေ့ဆိုတာ မ‌သေချာ .
ညဆိုတာ မ‌ရေရာ … ။

‌ဆောင်းဦး‌ရောက်ပြီဆိုရင်
‌ခွေး‌ဟောင်သံကို နားစိုက်‌နေရ
ဖိနပ်သံ‌တွေ ကြား‌နေကျ
‌ပြေးရ လွှားရနဲ့
‌ဆောင်းဦးရဲ့ နှစ်ကူးဆိုတာ
ဘာမှန်းမသိဘူး …..။

ဒါက …
အတိတ်တ‌စ္ဆေ တစ်‌ကောင်လို
ခုထိ လာ‌ခြောက်လှန့်‌နေဆဲပဲ
မကြာ‌သေးတဲ့ အိပ်မက်က
အ‌သွေးအသား‌တွေကို လာနှိုးဆွသလို ….။

‌သွေးမစီးတဲ့ စစ်ပွဲက
ပထဝီနိုင်ငံ‌ရေးအရ
မျှမျှတတရှိတာ မရှိတာထက်
မ‌သေချာတာက
အ‌ရွေ့တစ်ခုရဲ့ နိမိတ်ပဲ။

မဟာမိတ်ဆိုတိုင်း
မိတ်‌ကောင်းမဟုတ်ဘူး
အတိတ်ရဲ့အရိပ်ကိုက
နိမိတ်ဆူး‌တွေပြည့်နှက်‌နေ‌တော့
ယူနီ‌ဖောင်းမြင်ရင်
‌ပြေးသာ‌ပြေး …..။

စာအုပ်ထဲက ဝါကျ
လူ့ကိုယ်‌ပေါ်မှာ မစီးဆင်းသ‌ရွေ့
ဥပ‌ဒေရဲ့အ‌ငွေ့က
အဆိပ်ဖြစ်‌နေဦးမှာပဲ
‌ပြောင်းဝ‌ရှေ့က
ရင်တလှပ်လှပ်နဲ့
မတ်တတ်ရပ်ဖူးသူ‌တွေအတွက်
ငြိမ်းချမ်း‌ရေးဟာ
ခက်ဆစ်ဆက်ဖွင့်‌နေရဦးမယ်
ပူးတွဲရန်ဟာ
အပြုံးကြားက
အမုန်းပွင့်နိုင်‌သေးတယ်။

အမျိုးသားသစ္စာဖြင့် ‌စော‌ယောင့်သာအဲဆန်