Home ကဗျာ အ‌ရွေ့ရဲ့ ပွတ်တိုက်မှု သံစဉ် (ကဗျာ)

အ‌ရွေ့ရဲ့ ပွတ်တိုက်မှု သံစဉ် (ကဗျာ)

2306

အ‌ရွေ့ရဲ့ ပွတ်တိုက်မှု သံစဉ်

• မင်းကျင့် မင်းကြံ
အာဏာရှင် ဆန်‌နေ‌တော့
တခါတ‌လေ အက်‌ကြောင်းမရှိဘဲနဲ့
အနံ့အသက်က ‌လေနဲ့အတူ
လွင့်ပါ ရှုရှိုက်‌နေကြ
တချို့ အဆိပ်သင့်သလို ဖြစ်သွားကြ။

• စ‌ရွေ့တဲ့အချိန်က အ‌ရွေ့ရဲ့ သ‌ဘောတရား
ပါဝင်မှုရဲ့အား
အသည်းယားရင်…
အလိုမကျရင်….
အားလုံး ရင်ဖွင့်ကြ
ဖွင့်ပိုင်ခွင့်လည်း ရှိကြ။

• မကြိုက်ဘူး ဆိုပါ‌တော့
ဘာ‌ကြောင့် မကြိုက်တာလဲ
အားနည်းချက်‌တွေ
အားသာချက်‌တွေ
ဆန်းစစ်ကြ
လူသား ဆန်ဆန် ‌ဝေဖန်ကြ။

• အ‌ရွေ့ကို ‌လျှောက်တာ
လည်စင်းခံဖို့ မဟုတ်
အ‌နောက်ကို ‌မျှော်တာ
‌သွေး‌ကြောင်လို့မဟုတ်
အားလုံးက ‌ရွေ့‌နေကြ‌တော့
သ‌ဘောထား ကြီးကြီးနဲ့
‌ခေါင်းချင်းဆိုင် ‌ရွေ့ကြည့်ကြ။

• သုံ့ပန်းဖြစ်သွားတဲ့ သူရဲ‌ကောင်းလို
မဟာဗျူဟာထဲ ဝင်သွားတဲ့ သူလို့
သူလို ကိုယ်လို ဖြစ်ခဲ့ရင်…
‌ရေစီး‌ကြောင်းထဲ လျှံထွက်ခဲ့ရင်…
ဘယ်လိုပိတ်ပင်မလဲ….
ဘယ်လို ရုန်းထွက်မလဲ….
အ‌နောက်ကို ‌မျှော်ဆိုကတည်းက
အ‌ဖြေက အဆင်သင့်ရှိထားကြ။

• အရမ်းလည်း စိုးရိမ်မ‌နေပါနဲ့….
‌ကျေးဇူးရှင်‌တွေကို ‌ကျေးဇူးမကန်းပါဘူး
‌ကောက်‌ကြောင်းကို ပြန်ကြည့်
‌ခေတ်တိုင်း ‌ခေတ်တိုင်းမှာ
အသစ်ဆိုတာ ရှိ‌နေကြ
စနစ်ဆိုတာ ‌ပြောင်း‌နေကြ။

• တွင်း‌ဟောင်း‌တောင်မှ
အ‌ခြေအ‌နေ မဟန်ရင်
တွင်းသစ်တူးကြရတာချည်းပဲ
ဆန်းသစ်သူတိုင်း
သမိုင်းတရားခံလို့ဆိုရင်
အဲ့ဒီ သမိုင်းတရားခံ
ကိုယ်‌ရေး အဘိဓာန်မှာ
ပြုံးပြုံး‌လေး ‌ရေးထားလိုက်ကြ
အများဆန္ဒ… အများဆန္ဒလို့… ‌ပြော‌နေမယ့်အစား
အများဆန္ဒနဲ့ ‌နေတတ်‌အောင် ‌နေကြ
အ‌ရွေ့ရဲ့ ပွတ်တိုက်မှု သံစဉ်ကြ
လူသိရှင်ကြား အက်‌ကြောင်းတစ်ခုသာ ‌တွေ့ရ…။

အမျိုးသားသစ္စာဖြင့်
‌စော‌ယောင့်သာအဲဆန်