Home သတင်း ဗုံး‌ပေါက်ကွဲ၍ က‌လေးငယ် ၄ ဦးထိခိုက် ဒဏ်ရာ ရရှိ

ဗုံး‌ပေါက်ကွဲ၍ က‌လေးငယ် ၄ ဦးထိခိုက် ဒဏ်ရာ ရရှိ

5864
Photo: Local

ဇူလိုင် ၂၂ရက်၊ ၂၀၂ဝ ပြည့်နှစ်။ ‌ကေအိုင်စီ

ကရင်ပြည်နယ်၊ မြဝတီခရိုင် ထီးဝါ့က‌လေ့‌ကျေးရွာအုပ်စု၊ ‌သေ့ဝါးပူ‌ကျေးရွာတွင် ယ‌နေ့ (ဇူလိုင် ၂၁ရက်) က လက်ပစ်ဗုံး‌ဟောင်းတစ်လုံး ‌ပေါက်ကွဲမှုဖြစ်ပွားသည့်အတွက် က‌လေးငယ် ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ရာ လက်ရှိတွင် မြဝတီပြည်သူ့‌ဆေးရုံတွင် ‌ဆေးကုသမှု ခံယူ‌နေရသည်ဟု သိရသည်။

ယမန်‌နေ့၊ ‌နေ့လည် ၁၂ ခွဲအချိန်တွင် အဆိုပါ က‌လေးငယ်များသည် လက်နက်ကိုင်တပ်ဖွဲ့၏ စခန်း‌ဟောင်းတစ်‌နေရာတွင် သွား‌ရောက်နွား‌ကျောင်း‌နေစဉ် ၎င်း ဗုံး‌ဟောင်းကို ထိမိ‌ပေါက်ကွဲ ခဲ့ခြင်းဖြစ်သည်ဟု မြဝတီ‌ဆေးရုံတွင်‌ရောက်ရှိ‌နေသည့် က‌လေးငယ်၏ မိဘတစ်ဦးက ‌ကေအိုင်စီသို့ ‌ပြောသည်။

အဆိုပါ ‌ပေါက်ကွဲမှု‌ကြောင့် ‌စောဆာသူး‌လေ ၁၃ နှစ်၊ ‌စော‌ပေါ်ကူ ၁၂၊ ‌စော‌မောင်ခန့် ၁၄နှစ် နှင့် ‌စော‌ကျော်ကလယ် ၁၃နှစ် တို့ ၄ ဦးမှာ ဒဏ်ရာအသီးသီးရရှိပြီး ထိုအထဲတွင် တစ်ဦးမှာ လက်ပြတ်ဒဏ်ရာ၊ မျက်လုံးဒဏ်ရာနှင့် ဦး‌ခေါင်းဒဏ်ရာတို့ ပြင်းထန်သဖြင့် စိုးရိမ်ရသည့်အ‌ခြေအ‌နေတွင်ရှိသည်ဟု သိရသည် ။