Home သတင်း တပ်မ‌တော်မှ ကရင်အမျိုးသမီးတစ်ဦးပစ်သတ်မှုအ‌ပေါ် ‌ဒေသခံ‌ထောင်ချီဆန္ဒထုတ်‌ဖော်

တပ်မ‌တော်မှ ကရင်အမျိုးသမီးတစ်ဦးပစ်သတ်မှုအ‌ပေါ် ‌ဒေသခံ‌ထောင်ချီဆန္ဒထုတ်‌ဖော်

6408
Photo: Local

ဇူလိုင်လ ၂၂ရက်၊ ၂၀၂ဝ ပြည့်နှစ်။ ‌ကေအိုင်စီ

ကရင်ပြည်နယ်၊ ဖာပွန်(မူ‌တြော်)ခရိုင်၊ ဒွယ်လိုးမြို့နယ်၊ ခူ့သူ့ထ ‌ကျေးရွာအုပ်စုတွင် ရွာသူအမျိုးသမီးတစ်ဦး တပ်မ‌တော်သား နှစ်ဦးမှ ပစ်သတ်မှုဖြစ်ပွားပြီး‌နောက် ယ‌နေ့ (ဇူလိုင် ၂၂ ရက်‌နေ့)တွင် ‌ဒေသခံရွာသား ‌ထောင်ချီစု‌ပေါင်းပြီး ဆန္ဒထုတ်‌ဖေါ် တစ်ရပ် ဖြစ်ပွားခဲ့သည်။

ခူ့သူ့ထ‌ကျေးရွာအုပ်စု အ‌ခြေစိုက် တပ်မ‌တော်စခန်းများဖြစ်ကြသည့် ‌ဝေါ့မူ့၊ ခူ့သူ့ထ၊ ‌ကေ့ကို၊ မယ်‌ဝေ စသည့် စခန်း ၄ ခု‌ရှေ့တွင် ‌ဒေသခံရွာသား ၁,၅၀ဝ ‌ကျော်မှ တပ်မ‌တော်စခန်းများ ဆုတ်ခွာသွား‌ရေးအတွက် ဆိုင်းဘုတ်များကိုင်‌ဆောင်ကာ ‌တောင်းဆိုဆန္ဒထုတ်‌ဖော်ခဲ့ကြသည်။

ပြီးခဲ့သည့် ဇူလိုင် ၁၆ရက်‌နေ့က ဖြစ်ပွားခဲ့သည့် တပ်မ‌တော်သားနှစ်ဦးမှ ပိုလိုးထ ရွာသူက ရင်အမျိုး‌နော်မု‌နော်ကို ပစ်သတ်ပြီး လက်ဝတ်ရတနာများ လုယူမှုဖြစ်ပွားခဲ့သည့်အပြင် ယခုနှစ် ၂၀၂ဝ အတွင်း တပ်မ‌တော်မှ ရွာတွင်း လက်နက်ကြီး ပစ်ခတ်မှုများ ရှိခဲ့သည့်အ‌ပေါ် ရွာသားများအတွက် စိုးရိမ်ထိတ်လန့်မှုဖြစ်‌စေခဲ့သည်ဟု ဆန္ဒထုတ်‌ဖော်မှုနှင့် ပတ်သက်သည့် ထုတ်ပြန်ချက်တွင် ‌ဖော်ပြထားသည်။

ထို့အပြင် ယခုလို တပ်စခန်းများ ဆက်ရှိ‌နေမည်ဆိုပါက ‌ဒေသခံများ၏ အသက်အိုးအိမ်လုံခြုံ‌ရေးအတွက် စိုးရိမ်ရသလို ‌ဒေသခံရွာသား သတ်ဖြတ်ခံရမှုများလည်း ထပ်မံဖြစ်ပွားလာနိုင်သည့်အတွက် ယင်း‌ဒေသမှ တပ်စခန်းများအား ဆုတ်ခွာသွားရန် ‌တောင်းဆိုသည်ဟု ဆန္ဒထုတ်‌ဖော်မှုတွင် ဦး‌ဆောင်သူများက ‌ပြောသည်။