Home သတင်း COVID-19 ‌ရောဂါကာကွယ်ထိန်းချုပ်‌ရေး ညှိနှိုင်း‌ရေး‌ကော်မတီဖွဲ့စည်းခြင်းအ‌ပေါ် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များကြိုဆို

COVID-19 ‌ရောဂါကာကွယ်ထိန်းချုပ်‌ရေး ညှိနှိုင်း‌ရေး‌ကော်မတီဖွဲ့စည်းခြင်းအ‌ပေါ် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များကြိုဆို

3458

ဧပြီ ၂၈ ရက်၊ ၂၀၂ဝ ပြည့်နှစ်။ စအိုင်ဆူး

COVID-19 ‌ရောဂါကာကွယ်ထိန်းချုပ်‌ရေးအတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ညှိနှိုင်းပူး ‌ပေါင်း‌ရေး ‌ကော်မတီဖွဲ့စည်းလိုက်‌ကြောင်း ဧပြီလ ၂၇‌နေ့စွဲဖြင့် သမ္မတရုံး၏ ထုတ်ပြန်လိုက်ခြင်း အ‌ပေါ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ(EAOs)က ကြိုဆိုလိုက်သည်။

လက်ရှိကပ်‌ရောဂါ ဖြစ်စဉ်သည် အားလုံးပါဝင်၍ ဝိုင်းဝန်းကာကွယ်တားဆီးရမည့် ကိစ္စရပ်ဖြစ်သည်နှင့်အညီ ယခုလို သမ္မတရုံးမှ တရားဝင် ‌ကြေညာချက် ထုတ်ပြန်လိုက်ခြင်းအ‌ပေါ် ကြိုဆို‌ကြောင်း ကရင်အမျိုးသား အစည်းအရုံး-KNU အတွင်း‌ရေးမှူး (၁) ပဒို‌စောဆဲပွယ်က ‌ပြောသည်။

၎င်းက“ဒီလိုမျိုး ဖွဲ့စည်းပြီး‌တော့ ဝိုင်းဝန်းပြီး တားဆီး‌ရေးလုပ်တဲ့ ကိစ္စရပ်အ‌ပေါ်မှာ‌တော့ ကြိုဆိုရမယ့် ကိစ္စဖြစ် တာ‌ပေါ့။ ဒါ‌ပေမဲ့ အဓိကက ပူး‌ပေါင်းလုပ်‌ဆောင်‌ရေးနဲ့ပတ်သက်ပြီး ဘယ်လိုပုံစံမျိုးနဲ့ ညှိနှိုင်းကြမလဲ ဘယ်လို သ‌ဘောတူညီချက်အ‌ပေါ်မှ ညှိနှိုင်းလုပ်‌ဆောင်ကြမလဲဆိုတာ‌တော့ ဒါက‌တော့ ကျ‌နော်တို့ ‌စောင့်ကြည့်ရမယ် ကိစ္စ‌တော့ဖြစ်တာ‌ပေါ့”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထို့အပြင် ‌ကေအဲန်ယူအ‌နေဖြင့် ကပ်‌ရောဂါပူး‌ပေါင်းညှိနှိုင်းလုပ်‌ဆောင်‌ရေးအတွက် ပြီးခဲ့သည့် ရက်သတ္တပတ်များ တွင်လည်း အတွင်း‌ရေးမှူးရုံးချုပ်မှ အစိုးရထံသို့ သ‌ဘောထားများ‌ပြောဆိုထားမှုရှိ‌ကြောင်းနှင့် မတ်လ ၂၈ ရက် ‌နေ့တွင်လည်း ‌ကေအဲန်ယူမှ ကိုဗစ်ကပ်‌ရောဂါအ‌ရေး‌ပေါ် တုန့်ပြန်‌ဆောင်ရွက်‌ရေးအဖွဲ့ ( Covid Pandemic Emergency Respond Team)ကို ဖွဲ့စည်းထားမှုရှိ‌ကြောင်းလည်း ပဒို‌စောဆဲပွယ်က ဆက်‌ပြောသည်။

COVID-19 ‌ရောဂါ ကာကွယ်ထိန်းချုပ်ကုသ‌ရေးကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ အ‌ခြေပြုရာ ‌နေရာ‌ဒေသများတွင် ထိထိ‌ရောက်‌ရောက်‌ဆောင်ရွက်နိုင်‌ရေးအတွက် ရည်ရွယ်ပြီး COVID-19 ကာကွယ် ထိန်းချုပ် ကုသ‌ရေးနှင့်စပ်လျဉ်း၍ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ညှိနှိုင်းပူး‌ပေါင်း ‌ရေး ‌ကော်မတီကို ဖွဲ့စည်းလိုက်‌ကြောင်း ဧပြီလ ၂၇ရက်‌နေ့ ရက်စွဲဖြင့် နိုင်ငံ‌တော်သမ္မတရုံးက အမိန့်‌ကြောငြာစာထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

အဆိုပါ ‌ကော်မတီထဲတွင် ဥက္ကဋ္ဌအဖြစ် အမျိုးသား ပြန်လည်သင့်မြတ်‌ရေးနှင့် ငြိမ်းချမ်း‌ရေး ဗဟိုဌာန၏ ဒု-ဥက္ကဋ္ဌ ‌ဒေါက်တာ တင်မျိုးဝင်း၊ ဒုဥက္ကဋ္ဌ ငြိမ်းချမ်း‌ရေး‌ကော်မရှင် အတွင်း‌ရေးမှူး ဒု-ဗိုလ်ချုပ်ကြီး ခင်‌ဇော်ဦး(ငြိမ်း) ၊ အ တွင်း‌ရေးမှူး တိုင်းရင်းသားလူမျိုးများ‌ရေးရာ ဝန်ကြီး၏ ဒု-ဝန်ကြီး ဦးလှ‌မော်ဦးနှင့် အဖွဲ့ဝင်အဖြစ် ငြိမ်းချမ်း‌ရေး ‌ကော်မရှင် အကြံ‌ပေးအဖွဲ့ဝင် ဦးမိုး‌ဇော်ဦး စသည်ဖြင့် အသီးသီးပါဝင်သည်။

သျှမ်းပြည်ပြန်လည်ထူ‌ထောင်‌ရေး ‌ကောင်စီ/သျှမ်းပြည်တပ်မ‌တော်(RCSS/SSA)၏ အကြံ‌ပေး ဦးခွန်စိုင်းက “ ဒီ ကိစ္စကို RCSS ဘက်က တာဝန်ရှိတဲ့ ပုဂ္ဂိုလ်‌တွေကို ‌မေးပါတယ်။ သူတို့က ဒီကိစ္စကို ကြိုဆိုပါတယ်‌ပေါ့။ ကျ‌နော် တို့ လက်မှတ်ထိုးထားတဲ့ EAOဘက်ကလည်း ဧပြီလ ၁၇ရက်‌နေ့မှ အစည်းအ‌ဝေး လုပ်ပြီး‌တော့မှ EAO ‌တွေအ ‌နေနဲ့ ပူးတွဲပြီး‌တော့မှ COVID-19ကို ဘယ်လိုလုပ်ကိုင်သွားမလဲဆိုတာကိုလည်း ‌ဆွေး‌နွေးသွားခဲ့ပါတယ်တဲ့။ ဒီ‌ကော်မတီကို ဖွဲ့ဖို့ဆိုတာလည်း ကျ‌နော်တို့သ‌ဘောရတယ်။ အခုဆိုရင်လည်း ကျ‌နော်တို့အထက် မှာရှိတဲ့ PPST ‌ခေါင်း‌ဆောင်‌တွေကို တင်ပြထားပါတယ်တဲ့။ မကြာခင်မှာ ဖွဲ့ဖြစ်မှာပါ။ ဖွဲ့ဖြစ်ရင်လည်း ဘယ်နည်း နဲ့မဆို အစိုးရဖွဲ့ထားတာနဲ့ပူးတွဲလုပ်သွားမှာပါ‌လေတဲ့” ဟု ‌ကေအိုင်စီသို့‌ပြောသည်။

ထို့အပြင် လတ်တ‌လောတွင်လည်း RCSS/SSA အ‌နေဖြင့် အစိုးရ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ ရဲတပ်ဖွဲ့များနှင့် ပြဿနာတစ်စုံတစ်ရာမရှိဘဲ မြန်မာ့တပ်မ‌တော်နှင့် ပြဿနာဖြစ်ပွားခဲ့သည်မှာလည်း မိုင်းပန်‌ဒေသ‌လောက် သာဖြစ်ပြီး အဆိုပါ ကိစ္စဖြစ်ပွားရခြင်းမှာလည်း ယခင်အ‌တွေး‌ခေါ်‌ဟောင်းများဖြင့် လုပ်‌ဆောင်‌နေမှုများ ‌ကြောင့် သာ ဖြစ်ပွားရခြင်းဖြစ်သည်ဟု RCSSဘက်မှ ထင်မြင်ယူဆ‌ကြောင်းလည်း ဦးခွန်ဆိုင်းက ဆက်‌ပြော သည်။

လက်ရှိ‌ကြေညာချက်မထုတ်ပြန်မီကာလကတည်းက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများအ‌နေဖြင့် ၎င်းတို့၏ သက်ဆိုင်ရာ ထိန်းချုပ်နယ်‌မြေအသီးသီးတွင် ကပ်‌ရောဂါ ကာကွယ်ထိန်းချုပ်တားဆီး‌ရေး လုပ်ငန်းစဉ် များကို လုပ်‌ဆောင်လျက်ရှိ‌သော်လည်း မြန်မာ့တပ်မ‌တော်မှ မလိုလားကန့်ကွက်မှုများ၊ တားဆီးခြိမ်း‌ခြောက် မှုများပြုလုပ်သည့် ဖြစ်စဉ်များလည်း‌ပေါ်‌ပေါက်ခဲ့သည်။

ဧပြီလ ၁၇ရက်‌နေ့က ‌ကေအဲန်ယူ၏ တပ်မဟာ (၁)တာဝန်ရှိသူများမှ ၎င်းတို့ထိန်းချုပ်နယ်‌မြေနှင့် နှစ်ဖက် ထိစပ် နယ်‌မြေများတွင် COVID-19 ကာကွယ်‌ရေးလုပ်ငန်းစဉ်များ‌ဆောင်ရွက်‌နေမှုကို ကရင်ပြည်နယ် လုံခြုံ‌ရေးနှင့် နယ်စပ်‌ရေးရာဝန်ကြီးရုံးမှ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲ‌ရေးသ‌ဘောတူ စာချုပ်(NCA)ပါ အတိုင်း ‌ဆောင်ရွက်ရန်နှင့် နယ်ဘက်အုပ်ချုပ်‌ရေးကိစ္စများတွင် ဝင်‌ရောက်စွက်ဖက်ခြင်းမျိုးမလုပ်ရန် ‌ကေအဲန်ယူထံသို့ ကန့်ကွက်အ‌ကြောင်းကြားစာ‌ပေးပို့မှုပြုလုပ်ခဲ့သည်။

အလားတူ သျှမ်း(ရှမ်း)ပြည်နယ်ဘက်တွင်လည်း သျှမ်းပြည်ပြန်လည်ထူ‌ထောင်‌ရေး ‌ကောင်စီ/သျှမ်းပြည် တပ်မ ‌တော်(RCSS/SSA)၏ COVID-19 ကာကွယ်‌ရေးပစ္စည်းများကို ‌ဒေသခံများအ‌နေဖြင့် လက်ခံရယူပါက အ‌ရေးယူ ခံရမည်ဟု မြန်မာ့တပ်မ‌တော်ဘက်မှ ခြိမ်း‌ခြောက်‌ပြောဆိုမှုများ ပြုလုပ်ခဲ့‌ကြောင်းလည်း သျှမ်းသံ‌တော် ဆင့် သတင်းဌာနမှ ဧပြီလ ၂၁ရက်‌နေ့က သတင်း‌ရေးသား‌ဖော်ပြထားသည်။

သို့‌သော် ပြီးခဲ့သည့် ဧပြီလ (၁၉)ရက်‌နေ့က COVID-19ကာကွယ် ထိန်းချုပ်‌ရေး လုပ်ငန်းစဉ် အဆင့်ဆင့် ‌အောင်မြင်‌ရေးအတွက် ပြည်နယ်အစိုးရအဖွဲ့နှင့် ပူး‌ပေါင်းကူညီ‌ပေးသည့် ကရင်လက်နက်ကိုင် အဖွဲ့အစည်းများ ကို ကရင်ပြည်နယ်အစိုးရမှ ဂုဏ်ပြုမှတ်တမ်းတင်လွှာ‌ပေးပို့ခဲ့‌ကြောင်းလည်း သိရသည်။

ယ‌နေ့ထုတ်ပြန်‌ကြေညာလိုက်သည့် သမ္မတရုံး၏ ‌ကြော်ငြာစာ၌ ပါဝင်‌သော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ အစည်းများနှင့် ညှိနှိုင်းပူး‌ပေါင်း‌ရေး‌ကော်မတီအ‌နေဖြင့် လုပ်‌ဆောင်သွားရမည့် လုပ်ငန်းတာဝန် (၇)ချက်ကို ပါ ပူးတွဲ‌ဖော်ပြပါရှိသည်။

ယ‌နေ့ ဧပြီလ ၂၈ရက်‌နေ့အထိ ‌နောက်ဆုံးထုတ်ပြန်ထားသည့် ကျန်းမာ‌ရေး နှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ထားချက်အရ မြန်မာနိုင်ငံ၌ ‌ရောဂါပိုး‌တွေ့ရှိသူ ၁၄၆ဦး၊ ‌သေဆုံးသူ ၅ ဦးနှင့် ပြန်လည်‌ကောင်းမွန်လာ သူ ၁၆ ဦးရှိ‌ကြောင်း သိရသည်။