Home သတင်း ကိုဗစ်ကပ်‌ရောဂါ ကာလအတွင်း စားဝတ်‌နေ‌ရေးအခက်အခဲရှိသူများကို DKBA ‌ထောက်ပံ့မှုပြုလုပ်

ကိုဗစ်ကပ်‌ရောဂါ ကာလအတွင်း စားဝတ်‌နေ‌ရေးအခက်အခဲရှိသူများကို DKBA ‌ထောက်ပံ့မှုပြုလုပ်

4675

ဧပြီ ၂၈ ရက်၊ ၂ဝ၂ဝ ပြည့်နှစ်။ ‌စောမြတ်ဦးသာ

ကိုရိုနာဗိုင်းရပ်စ် (COVID-19 ) ကူးစက်‌ရောဂါ ဖြစ်ပွား‌နေသည့်ကာလအတွင်း စားဝတ်‌နေ‌ရေး အခက်အခဲရှိသည့် ‌ဒေသခံပြည် သူများအား ဒီမိုက‌ရေစီအကျိုးပြု ကရင့်တပ်မ‌တော် (DKBA-NCA)အဖွဲ့က အ‌ခြေခံစားနပ်ရိက္ခာနှင့် ‌ငွေ‌ကြေး‌ထောက်ပံ့မှုများ ပြု လုပ်ခဲ့သည် သိရသည်။

ကြာအင်းဆိပ်ကြီးမြိုနယ် ‌လေးဖာ‌ထော‌ကျေးရွာတွင် ဧပြီ ၂၇ ရက်‌နေ့က အိမ်‌ထောင်စု ၄ဝဝ ‌ကျော်အား အိမ်‌ထောင်စု တစ်စုလျှင် ဆန် ၁ အိတ်၊ ဆီ ၂ ဗူး၊ ဆား၊ ငါးပိ၊ ကြက်သွန်၊ ငရုပ်‌ခြောက်နှင့် အချိုမှုန့် စသည့် အ‌ခြေခံစားနပ်ရိက္ခာများအပြင် အိမ်‌ထောင်စု တစ်စုကို ကျပ်‌ငွေ ၂၀,၀၀ဝ စီ ‌ထောက်ပံ့‌ပေးခဲ့သည်ဟု DKBA အမှတ် ၉၀၃ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ‌စော‌အေဝမ်းက ‌ကေအိုင်စီ သို့ ‌ပြောသည်။

“ စစ်‌ပြေး‌ရှောင်‌တွေ ဒုက္ခသည်က‌နေပြည်လာ‌နေထိုင်တဲ့လူ‌တွေ ‌တော်‌တော်များ အခက်အခဲအများကြီးရှိတယ်။ ခု‌ရောဂါဖြစ် တဲ့ကာလမှာ ပိုပြီးဒုက္ခ‌ရောက်တယ်။ တစ်ချို့ထမင်းပြုတ်စာ‌နေရတယ်။ အလုပ်လက်မဲ့ဖြစ်ကုန်တယ်။ ဆန်အိတ် ၆ ‌ထောင် ‌လောက် ဝယ်ထားတယ်။ ‌နောက်လာမယ့် ဒီဇင်ဘာလအထိ နိုင်သ‌လောက်ကူညီသွားမယ်”ဟု DKBA အမှတ် ၉ဝ၃ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ‌စော‌အေဝမ်းက ‌ပြောသည်။

ထို့အပြင် ကြာအင်းဆိပ်ကြီးမြို့နယ် ဘုရားသုံးဆူ၊ ‌လေးဖာ‌ထော၊ မဲ့တဖွိး၊ ကြိမ်‌ချောင်း၊ ကျွန်း‌ချောင်း၊ ‌ပြောင်မထိန် ‌ကျေးရွာ များနှင့် အနန်းကွင်းတိုက်နယ်ရှိ ‌ကျေးရွာအုပ်စုများကိုလည်း စားဝတ်‌နေ‌ရေးခက်ခဲသူများအား အ‌ခြေခံစားနပ်ရိက္ခာများနှင့် ‌ငွေ ‌ကြေး‌ထောက်ပံ့မှုများကို အစိုးရ၊ KNU -ကရင်အမျိုးသားအစည်းအရုံးတို့နှင့် ပူး‌ပေါင်း‌ဆောင်ရွက်သွားမည်ဟုလည်း DKBAက ‌ပြောသည်။

‌လေးဖာ‌ထောရွာ‌နေ ‌စောအုန်းရှင်က “ ဒီမှာက စစ်‌ပြေး‌ရှောင်နဲ့ ဒုက္ခသည်စခန်းက‌နေ ပြန်‌ရောက်လာသူ‌တွေများတယ်။ ‌ရောဂါ ကာလမှာ စားဝတ်‌နေ‌ရေး အရမ်းခက်ခဲတယ်။ ဒီမှာက ရာသီအပင်‌တွေစိုက်တယ်။ တစ်ရာသီစာပဲ ဖူလှုံတယ်။ အပြင်မှာလည်း အလုပ်ထွက်လုပ်လို့ မရဘူး။ အလုပ်‌တွေကလည်း ပိတ်ထားကြတယ်။ နိုင်ငံ‌တော်က ‌ထောက်ပံ့တဲ့ဆန်‌တွေ ကျ‌နော်တို့ မရခဲ့ ပါဘူး။ DKBA အဖွဲ့က ဆန်‌တွေ၊ ဆီ‌တွေ လာ‌ထောက်ပံ့‌ပေး‌တော့ ဝမ်းသာပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထို‌ဒေသရှိ ‌ဒေသခံ အများစုသည် အစိုးရနှင့် တိုင်းရင်းသားလက်နက် ကိုင်‌တော်လှန်‌ရေး အဖွဲ့အစည်းများအကြား ငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်လာသည့် ၂ဝ၁၁ ခုနှစ်‌နောက်ပိုင်းကာလတွင် ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ ‌နေရပ်စွန့်ခွာခဲ့သည့် စစ်‌ဘေး‌ရှောင် ‌ဒေသခံများနှင့် ဒုက္ခသည်စခန်းမှ ပြန်လည်‌ရောက်ရှိလာပြီး တန်ဘိုးနည်း အိမ်ရာများတွင် ‌နေထိုင် သူများဖြစ်ကြသည်။ လက်ရှိအချိန်တွင် ၎င်းတို့စိုက်ပျိုးသည့် သီးနှံများကိုလည်း သွားလာ‌ရောင်းဝယ်သူ မရှိ‌တော့သည့်အတွက် အများစုမှာ စားဝတ်‌နေ‌ရေး အခက်အခဲ ရှိ‌နေသည်ဟု သိရသည်။