Home သတင်း Covid -19 ‌ရောဂါထိန်းချုပ်သည့်ကာလတွင် ‌ကော့ကရိတ်-ကျိုက်ဒုံလမ်း‌ပေါ်ရှိ သစ်တင်ကားကြီးများ သွားလာ‌နေဆဲ

Covid -19 ‌ရောဂါထိန်းချုပ်သည့်ကာလတွင် ‌ကော့ကရိတ်-ကျိုက်ဒုံလမ်း‌ပေါ်ရှိ သစ်တင်ကားကြီးများ သွားလာ‌နေဆဲ

7957

ဧပြီလ ၂၃ ရက်၊ ၂၀၂ဝ ပြည့်နှစ်။ နန်း‌ဝေဖြိုးဇာ

Covid -19 ‌ရောဂါထိန်းချုပ်သည့်ကာလတွင် ‌ရောဂါမပြန့်ပွားရန်အတွက် ‌ဒေသခံလူထုများ ဝင်ထွက်သွားလာမှု ကန့်သတ်ထားတာရှိ‌သော်လည်း ‌ကော့ကရိတ်-ကျိုက်ဒုံလမ်းပိုင်းတွင် သစ်တင်ကားများဝင်ထွက်သွားလာမှု ည စဉ်ရှိ‌နေ‌သေးသည်ဟု ‌ဒေသခံများက ဆိုသည်။

အဆိုပါ လမ်းပိုင်းတွင် လက်ရှိအချိန်တွင် ‌ရောဂါအ‌ခြေအ‌နေ‌ကြောင့် အဝင်အထွက်သွားလာမှု ကန့်သတ် စစ် ‌ဆေးမှုများရှိ‌နေသည့်ကြားက သစ်တင်ကားများ ပုံမှန်မပျက် ဝင်ထွက်သွားလာခြင်းရှိ‌နေသည့်အ‌ပေါ် ‌ဒေသခံ များ၏ ယခုလို ‌ဝေဖန်‌ပြောဆိုမှုများရှိ‌နေခြင်းဖြစ်သည်။

‌ကော့ကရိတ်-ကျိုက်ဒုံလမ်းမကြီး‌ဘေးနားတွင် ‌နေထိုင်သည့် အမည်မ‌ဖော်လိုသူ ‌ဒေသခံတစ်ဦးက “‌ရောဂါကူး စက်မှု‌တွေရှိလာမှာကိုပါ စိုးရိမ်မှုထပ်တိုးလာတာ‌ပေါ့။ ရွာသား‌တွေက ‌ကော့ကရိတ်ကို ‌ဈေး ဆင်းဝယ်ရင်‌တောင် ရက်၊ အချိန်၊ ကားအစီး‌ရေ အကန့်အသတ်နဲ့သွား လာလှုပ်ရှား‌နေရချိန်မှာ ဒီလိုတံခါးမရှိဓား မရှိသွား‌နေတာ ‌တော့အမြင်ဘယ်ရှင်းမလဲ ဒါ‌တွေအများသိ‌အောင် အထက်ကသိ‌အောင် လုပ်‌ပေး‌စေချင်ပါတယ်”ဟု ‌ကေအိုင်စီ သို့ ‌ပြောသည်။

ပြီးခဲ့သည့် မတ်လကုန်ပိုင်းက အဆိုပါ သစ်ကားများ ဝင်ထွက်သွားလာမှုကို အချိန်အတန်ကြာ ရပ်တန့်သွားရာမှ ယခုရက်ပိုင်းမှ စတင်ကာ ညစဉ်ပြန်လည်ဝင်ထွက်သွားလာမှုကို ပြန်လည်မြင်‌တွေ့ရခြင်းဖြစ်သည်ဟုလည်း အဆိုပါ ‌ဒေသခံက ဆက်‌ပြောသည်။

သစ်‌တောနှင့်ပတ်သက်ပြီး KNU အ‌နေဖြင့် သစ်‌တောမူဝါဒများ၊ စည်းမျဉ်းစည်းကမ်းများချမှတ်ကာ အ‌ကောင် အထည်‌ဖော်‌ဆောင်ရွက်မှုများရှိ‌နေသည့်အပြင် သစ်ထုတ်လုပ်မှုနှင့်ပတ်သက်၍ KNU အ‌နေနှင့် ပိတ်ပင်တား ဆီးမှုများပြုလုပ်‌နေ‌သော်လည်း အချို့‌သောနယ်‌မြေများတွင် အဆိုပါကိစ္စများ ဆက်လက်ဖြစ်ပွား‌နေဆဲဖြစ် သည်။

KNU ဗဟိုသစ်‌တောဌာန တာဝန်ခံ ပဒိုမန်းဘထွန်းက“သစ်ထုတ်လုပ်တာနဲ့ပတ်သက်ပြီး ပိတ်ထားလိုက် တာ ကြာပြီး။ ခရိုင်မှာလည်းပိတ်ထားလိုက်ပြီး ‌အောက်မှာ ဒီလိုဆက်ပြီး လုပ်တယ်ဆို‌တော့ အခြားအဖွဲ့‌တွေ လုပ်တာ လား ‌သေချာမသိဘူး။ ခရိုင်ကိုဆက်သွယ်ရင် ပို‌ကောင်းမယ်။”ဟု ‌ကေအိုင်စီသို့‌ပြောသည်။

၎င်းကိစ္စနှင့်ပတ်သက်၍ နယ်‌မြေအတွင်းဖြစ်ပွား‌နေသည့် အ‌ခြေအ‌နေများအ‌ပေါ် KNU ဒူးပလာယာခရိုင် တာဝန် ရှိသူများကို ‌ကေအိုင်စီမှ ဆက်သွယ်‌သော်လည်း မရရှိခဲ့ပါ။

သစ်များထုတ်လုပ်သည့်‌နေရာတွင် KNU ထိန်းချုပ်သည့်နယ်‌မြေ ဒူးပလာယာခရိုင်တွင်ရှိ‌သော်လည်း အခြား ‌သော လက်နက်ကိုင်အဖွဲ့အစည်းများလည်း လှုပ်ရှားသွားလာသည့် နယ်‌မြေဖြစ်သည့်အတွက် အဆိုပါသစ် ထုတ်လုပ်သည့်ကိစ္စတွင် အချို့‌သောလက်နက်ကိုင်အဖွဲ့များ ကျယ်ကျယ်ပြန့်ပြန့် ပါဝင်ပတ်သက်မှုရှိ‌နေ ‌ကြောင်းလည်း ‌ဒေသခံများက ‌ပြောသည်။

ထို့အပြင် လက်ရှိတွင် အများစိုးရိမ်ထိတ်လန့်‌နေရသည့် ကပ်‌ရောဂါ‌ကြောင့် လူဝင်လူထွက် သွားလာကန့် သတ် သည့်အချိန်တွင် သစ်တင်ကားများကို ထိုသို့အခွင့်ထူး‌ပေးပြီး ဝင်ထွက်သွားလာခွင့် မပြုလုပ်သင့်‌ကြောင်းလည်း ‌ကော့ကရိတ်မြို့နယ်အ‌ခြေစိုက် အရပ်ဖက်အဖွဲ့အစည်းတစ်ခုဖြစ်သည့် သဟဇာတလူငယ်အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးဖြစ်သည့် ‌စောငြိမ်းမိုးက ‌ကေအိုင်စီသို့‌ပြောသည်။

“အဲဒီလမ်းတစ်‌လျှောက်မှာ KNU ဂိတ်‌တွေရှိတယ်။ အခြားကရင်လက်နက်ကိုင်နဲ့ ပူး‌ပေါင်းပြီး ဖွင့်ထားတဲ့ဂိတ် ‌တွေရှိတယ်။ အဲဒီဂိတ်‌တွေမှာ လူထု‌တွေကို အသွားအလာကန့်သတ်ပြီး စစ်‌ဆေးတာ‌တွေရှိတယ် ။ အဲလိုလုပ် ‌တော့‌ကောင်းတယ်။ ဒါ‌ပေမယ့် သစ်ကား‌တွေကို‌တော့ ဒီဂိတ်‌တွေက သွားလာခွင့်‌ပေး‌တော့က သူတို့‌တွေက အခွင့်ထူးခံ‌တွေလား‌ပေါ့။ ဒီမှာရှိတဲ့လက်ကိုင်‌တွေက မတားဘူးဆို‌တော့ ဒီသစ်ထုတ်တာ သူတို့နဲ့ ပတ်သက်မှုရှိ တာကို ‌ပြောလို့ရတယ်” ဟု ‌ကေအိုင်စီသို့‌ပြောသည်။

အဆိုပါသစ်များကို ၁ဝ ဘီးကားကြီးများနှင့် ညပိုင်းအချိန် များတွင် ဆက်လက် သယ်‌ဆောင်‌နေသည့်အတွက် ‌ကျေးရွာ‌ပေါင်း ၁ဝ ‌ကျော်မှ ‌ဒေသခံလူထု၏ အိပ်ချိန်ကို အ‌နှောင့်အယှက်ဖြစ်သည်မက ဖုန်ထသည့်ဒဏ်ကို ‌နေ့စဉ်နှင့်အမျှ‌တွေ့ကြုံခံစား‌နေရ‌ကြောင်းလည်း လမ်း‌ဘေးနားတွင်‌နေထိုင်သည့် ‌ဒေသခံများကဆိုသည်။

‌ဒေါန‌တောင်တန်းနှင့် ယှက်နွှယ်သည့် မုလအိ‌တော‌ကြောတစ်‌လျှောက်တွင် သက်တမ်းရင့် သစ်များကို ယခုလို ခုတ်ယူသယ်‌ဆောင်သည့်အတွက် သစ်‌တောများတဖြည်းဖြည်းဖြုန်းတီး‌နေပြီဟု ‌ဒေသခံများ၏ ‌ပြောဆို ချက်များအရ သိရသည်။