Home သတင်း ကရင်ပြည်တွင် COVID-19 ကူးစက်မှုမရှိ‌စေ‌ရေး ‌ဈေးအတွင်း ဆိုင်များကို ပိတ်သိမ်း

ကရင်ပြည်တွင် COVID-19 ကူးစက်မှုမရှိ‌စေ‌ရေး ‌ဈေးအတွင်း ဆိုင်များကို ပိတ်သိမ်း

4162

ဧပြီလ ၂၃ ရက်၊ ၂၀၂ဝ ပြည့်နှစ်။ ‌စောရှား

COVID-19 ‌ရောဂါ ကူးစက်ပြန့်ပွားမှုမရှိ‌စေ‌ရေးအတွက် ကာကွယ်တားဆီး‌ရေးလုပ်ငန်းများထိ‌ရောက်‌အောင်မြင် ‌စေရန် ကရင်ပြည်နယ်ရှိ ‌ဈေးအတွင်း ဆိုင်များကို ဧပြီလ ၂၃ ရက်(ယ‌နေ့)မှ ၃ဝ ရက်‌နေ့အထိ ပိတ်သိမ်းသွား မည်ဟု သိရသည်။

ထိုသို့ပိတ်သိမ်းရာတွင် ကရင်ပြည်နယ် စည်ပင်သာယာ‌ရေးအဖွဲ့ပိုင် ‌ဈေးများအတွင်း အ‌ခြေခံစား ‌သောက် ကုန်ပစ္စည်းနှင့်‌ဆေးဝါး‌ရောင်းချသည့်ဆိုင်များမှအပ အခြားပစ္စည်း‌ရောင်းချသည့်ဆိုင်များအားလုံးကို ယာယီ ပိတ်သိမ်းရန် ပြည်နယ်အစိုးရအဖွဲ့မှ ဧပြီလ ၂၂ ရက်‌နေ့ ရက်စွဲဖြင့် အမိန့်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ပြည်နယ်စည်ပင်သာယာ‌ရေးအဖွဲ့၏ အမှု‌ဆောင်အရာရှိ ဦး‌ဇော်လင်းထွန်းက “လူ‌တွေ ကြပ်ကြပ်တည်းတည်း အရမ်းဖြစ်မှာစိုးလို့ ‌ဈေးအတွင်းက အ‌ခြေခံစား‌သောက်ကုန်နဲ့ ‌ဆေးဝါးဆိုင်ကလွဲရင် ကျန်တဲ့ ကုန်မာဆိုင်၊ အ ထည်အလိပ်၊ အိမ်‌ဆောက်ပစ္စည်း၊ စတိုးဆိုင်‌တွေကို ကျ‌နော်တို့ ပိတ်ထားပါတယ်။” ဟု ‌ကေအိုင်စီသို့ ယ‌နေ့ တွင် ‌ပြောသည်။

ပြည်နယ်အတွင်း မြို့နယ်၊ မြို့များမှ ‌ဈေးများရှိ ဆိုင်များကို ၈ ရက်တာ ပိတ်သိမ်းရန်အတွက်သာ အမိန့် ထုတ် ပြန်လိုက်ခြင်းဖြစ်ပြီး ‌ဈေးပြင်ပရှိ မည်သည့်အိမ်ဆိုင်မျိုးမဆို ဖွင့်ချင်ပါက ဖွင့်လှစ်‌ရောင်းချနိုင်‌သေး‌ကြောင်း လည်း ဦး‌ဇော်လင်းထွန်းက ဆက်‌ပြောသည်။

ဧပြီလ ၂၃ ရက်၊ ည‌နေပိုင်းအချိန်အထိ မြန်မာနိုင်ငံတွင် COVID-19 ‌ရောဂါကူးစက်ဖြစ်ပွားသူ ၁၂၇ ဦးရှိသည့် အနက် ၅ ဦး‌သေဆုံးခဲ့ပြီဖြစ်‌သော်လည်း ကရင်ပြည်နယ်တွင် ‌ရောဂါကူးစက်ဖြစ်ပွားသူမရှိ‌သေး‌ကြောင်း ကျန်းမာ‌ရေးနှင့်အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။