Home သတင်း COVID-19 ကာကွယ်တုန့်ပြန်မှုတွင် ခွဲခြားဆက်ဆံမှုစံနှုန်းများရှိ‌နေ‌ကြောင်း KPSN ‌ထောက်ပြ

COVID-19 ကာကွယ်တုန့်ပြန်မှုတွင် ခွဲခြားဆက်ဆံမှုစံနှုန်းများရှိ‌နေ‌ကြောင်း KPSN ‌ထောက်ပြ

2713

ဧပြီ ၁၇ ရက်၊ ၂၀၂ဝ ပြည့်နှစ်။ စအိုင်ဆူး

မြန်မာနိုင်ငံတွင် COVID-19 ကပ်‌ရောဂါ ကာကွယ်တုန့်ပြန်မှု လုပ်ငန်းစဉ်များတွင် ခွဲခြားဆက်ဆံမှု စံနှုန်းများ ရှိ‌နေ‌ကြောင်း ကရင်ငြိမ်းချမ်း‌ရေး အ‌ထောက်အကူပြုကွန်ယက်-KPSN က ယ‌နေ့ (ဧပြီလ ၁၇ရက်) ထုတ်ပြန် ချက်တွင် ‌ထောက်ပြ‌ပြောဆိုထားသည်။

ပြည်မ‌နေ ပြည်သူများအ‌နေဖြင့် ကပ်‌ရောဂါအတွက် အကာအကွယ်များရ‌နေချိန် တိုင်းရင်းသား‌ဒေသရှိ ပြည်သူ များအ‌နေဖြင့် အကူအညီများ မရသည့်အပြင် ဗုံးများဖြင့် အပစ်ခံရမှု၊ အသတ်ခံရမှုနှင့် ဆိုးရွား‌သော ကျန်း မာ‌ရေး အန္တရာယ်များဖြင့် ကြုံ‌တွေ့‌နေရမည့် အ‌ခြေအ‌နေသို့ တွန်းပို့ခံ‌နေရ‌ကြောင်း KPSNက ဆိုသည်။

KPSN ၏ ‌ပြောခွင့်ရ ‌နော်ဝါးခူရှီးက “အခု လူတိုင်း ဒီကပ်‌ရောဂါ‌ပျောက်ကင်းဖို့ အတူတကွ ပူး‌ပေါင်းတိုက် ဖျက် ‌နေချိန် ကိုယ့်ပြည်သူ‌တွေအတွက် ကြိုးစားကာကွယ်‌နေချိန် ဒီလိုအ‌ခြေအ‌နေမျိုးမှာ ဒီကပ်‌ရောဂါ အတူတကွ တိုက်ဖျက်မှုနဲ့ ပြည်သူလူထု ကာကွယ်မှုမှာ တန်းတူညီမျှတဲ့အခွင့်အ‌ရေး ရဖို့လိုတယ်” ဟု ‌ကေအိုင်စီ သို့‌ပြောသည်။

မြန်မာအစိုးရအ‌နေဖြင့် ကပ်‌ရောဂါဖြစ်ပွားလာမှုကို မြို့ပြ‌နေ ပြည်သူများကို ကျန်းမာ‌ရေး အသိပညာ‌ပေးမှုနှင့် အ‌ခြေခံလူတန်းစားများအတွက်ပါ စားနပ်ရိက္ခာများ ပံ့ပိုးရရှိ‌နေချိန်တွင် တိုင်းရင်းသား‌ဒေသများ၌မူ အကူအညီ နှင့် သတင်းအချက်အလက်များကို ပိတ်ဆို့ထားပြီး စစ်တပ်မှ ပြစ်ဒဏ် ကင်းလွတ်ခွင့်ရရှိ‌နေသည့်ပုံစံဖြင့် သတ်ဖြတ်မှုများနှင့် ဗုံးကြဲမှုများလုပ် ‌ဆောင်လျက်ရှိ‌ကြောင်း KPSNက ဆိုသည်။

ပြီးခဲ့သည့်လများက ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် အစိုးရမှ အင်တာနက်လိုင်းများ ဖြတ်‌တောက် လိုက် ပြီး‌နောက် ရက္ခိုင့်တပ်‌တော်(AA)ကိုလည်း မတရားအသင်းနှင့် အကြမ်းဖက်အုပ်စုအ‌နေဖြင့် ‌ကြေညာလိုက် သည်။ ထို‌နောက် ရခိုင်နှင့် ချင်းပြည်နယ်များတွင် စစ်‌ရေးအရှိန်မြင့်လာခဲ့သည့်အတွက် အရပ်သား အ‌ပေါ်ထိခိုက်မှုများရှိ‌နေပြီး စစ်‌ဘေး‌ရှောင်ပြည်သူများ သိန်းနှင့်ချီရှိလာသည့်အပြင် သတင်းမီဒီယာများအ‌ပေါ် ဖမ်းဆီးအ‌ရေးယူမှုများလည်းရှိလာခဲ့သည်။

အလားတူ အပစ်ရပ်လက်မှတ်‌ရေးထိုးထားသည့် ကရင်ပြည်နယ်နှင့် ရှမ်းပြည်နယ်‌ဒေသများတွင်လည်း အရပ် သားများအ‌ပေါ် ပစ်မှတ်ထားပစ်ခတ်မှုများ၊ ဖမ်းဆီးမှုများနှင့် လက်နက်ကြီးပစ်ခတ်မှုများအပြင် ‌ဒေသခံတိုင်း ရင်းသားများ၏ လယ်‌မြေ‌နေရာများ ပျက်စီးဆုံးရှုံးမှုများဖြစ်‌ပေါ်သလို စစ်‌ဘေး‌ရှောင်‌နေရသူများလည်း ရှိ‌နေ ‌ကြောင်း အရပ်ဖက်အဖွဲ့အစည်းများက ထုတ်ပြန်‌ပြောဆိုထားသည်။

လတ်တ‌လော နိုင်ငံတကာမှ အ‌ရေး‌ပေါ် အကူအညီများ‌ပေး‌နေချိန်တွင် တိုင်းရင်းသား‌ဒေသများရှိ ကျန်းမာ‌ရေး အဖွဲ့အစည်းများအား တိုက်ရိုက်ပံ့ပိုးမှုများကို တိုးမြှင့်‌ပေး‌ဆောင်ရန် KPSNမှ ‌တောင်းဆိုထားပြီး အဆိုပါ နိုင်ငံတ ကာ အကူအညီများသည်လည်း COVID-19 ‌ကြောင့် ပိုမိုထိခိုက်နစ်နာနိုင်သည့် အ‌ခြေအ‌နေ‌အောက်တွင် ရှိ‌နေ ‌သော ဒုက္ခသည်များနှင့် ‌နေရပ်စွန့်ခွာ ထွက်‌ပြေး‌နေရသည့် စစ်‌ဘေး‌ရှောင် ပြည်သူများအတွက် ဦးစား‌ပေးကူညီ သင့်‌ကြောင်းလည်း အကြံပြုတိုက်တွန်းထားသည်။

ထို့အပြင် တိုင်းရင်းသား ‌ဒေသများတွင် ထိုးစစ်ဆင်မှုများကို ရပ်တန့်ရန်နှင့် မြန်မာပြည်သူများအားလုံးအ‌ပေါ် တန်တူညီမျှ ဆက်ဆံမှုများဖြစ်‌ပေါ်လာ‌စေရန် နိုင်ငံတကာ အသိုင်းအဝိုင်းများအ‌နေဖြင့် အစိုးရနှင့် တပ်မ‌တော် အ‌ပေါ် ဖိအား‌ပေးရန် လိုအပ်ပြီး အစိုးရနှင့် ၎င်း၏ လုံခြုံ‌ရေးတပ်ဖွဲ့ဝင်များအ‌နေဖြင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက် ခိုက်မှု ရပ်စဲ‌ရေးကို ပွင့်လင်းမြင်သာစွာ ဦးတည်‌ဆောင်ရွက်လာ‌စေရန်ကိုပါ နိုင်ငံတကာမှ ‌တောင်းဆိုရန် လိုအပ် ‌ကြောင်း KPSNက ဆက်လက်‌တောင်းဆိုထားသည်။

တဆက်တည်းတွင် ဘားမားကမ်ပိန်း ယူ‌ကေ(Burma Campaign UK) အဖွဲ့ကလည်း မြန်မာနိုင်ငံအ‌နေဖြင့် COVID-19 ကပ် ‌ရောဂါအတွက် တစ်နိုင်တစ်ခုလုံးအ‌နေဖြင့် ‌ဖြေရှင်းနိုင်စွမ်းအားနည်း‌နေချိန် ဒုက္ခသည်များနှင့် IDPs များ၏ အ‌ခြေအ‌နေသည် အထူးစိုးရိမ်‌နေရ‌ကြောင်းနှင့် ၎င်းတို့အ‌နေဖြင့် ကပ်‌ရောဂါအ‌ပေါ် ‌ဖြေရှင်းနိုင်စွမ်း အားနည်းသည်သာမက ကပ်‌ရောဂါ ကာကွယ်ခြင်းထက် ‌ရောဂါပိုးကူးစက်ခံရနိုင်မှုကိုဖြစ်‌စေသည့် အ‌ခြေ အ‌နေ‌အောက်တွင် ‌နေထိုင်‌နေရ‌ကြောင်း ဧပြီလ ၁၅ရက်‌နေ့က သတင်းထုတ်ပြန်ထားသည်။

၎င်းအပြင် IDPများအ‌နေဖြင့်လည်း ဆိုးရွားသည့် အ‌ခြေအ‌နေ‌အောက်တွင် ရှိ‌နေပြီးသားဖြစ်သလို ထိုသို့ဖြစ်ရ ခြင်းမှာလည်း မြန်မာအစိုးရအ‌နေဖြင့် နိုင်ငံတကာ ကူညီ‌ထောက်ပံ့မှုများအ‌ပေါ် ထိန်းချုပ်ကန့်သတ်လာခြင်း တစ်စိတ်တစ်ပိုင်း‌ကြောင့်နှင့် UK အစိုးရ အပါအဝင် နိုင်ငံတကာ အလှူရှင်များမှ လုံ‌လောက်‌သော ကူညီ ‌ထောက်ပံ့မှုများ ‌လျော့နည်းလာခြင်း တစ်စိတ်တစ်ပိုင်း‌ကြောင့်ဖြစ်သည်ဟုလည်း ၎င်းအဖွဲ့က ‌ပြောဆိုထား သည်။

ထို့အတွက် မြန်မာပြည်တွင်းရှိ ဒုက္ခသည်များနှင့် စစ်‌ဘေး‌ရှောင်ပြည်သူများဆီသို့ ကပ်‌ရောဂါ အန္တရာယ် မကျ ‌ရောက်‌သေးသည့်အချိန်တွင် အကူအညီ‌ထောက်ပံ့မှု မြှင့်တင်‌ရေး ပြင်းပြင်းထန်ထန်လိုအပ်‌နေပြီး ဗြိတိန် အစိုးရ အ‌နေဖြင့် နိုင်ငံတကာ ကူညီ‌ထောက်ပံ့မှုများတွင် ပိုမိုပူး‌ပေါင်းမြှင့်တင်လုပ်‌ဆောင်ရန်နှင့် အ‌ရေး‌ပေါ်အကူ အညီ ‌ပေးပို့မှုများကို လုပ်‌ဆောင်‌ပေးရန် ဘားမားကမ်ပိန်းယူ‌ကေအဖွဲ့မှ ထုတ်ပြန်‌တောင်းဆိုထားသလို ဗြိတိန် အစိုးရ အား စာ‌ရေးသား‌ပေးပို့‌တောင်းဆိုမှုလည်းပြုလုပ်ခဲ့‌ကြောင်း အလားတူ ထုတ်ပြန်ထားသည်။