Home သတင်း ထိုင်း-မြန်မာနယ်ခြား ‌သောင်ရင်းမြစ်တစ်‌လျှောက်ရှိ BGF ဂိတ်များ အကန့်အသတ်မရှိ ပိတ်ထား

ထိုင်း-မြန်မာနယ်ခြား ‌သောင်ရင်းမြစ်တစ်‌လျှောက်ရှိ BGF ဂိတ်များ အကန့်အသတ်မရှိ ပိတ်ထား

3302

မတ်လ ၁၉ ရက်၊ ၂၀၂ဝပြည့်နှစ်။ ‌နေ‌နော်

Covid-19 စိုးရိမ်မှု‌ကြောင့် ထိုင်း-မြန်မာနယ်ခြား ‌သောင်ရင်းမြစ်ကမ်းတစ်‌လျှောက်ရှိ နယ်ခြား‌စောင့်တပ် -BGF ထိန်းချုပ်ရာ ‌လှေဂိတ်များအား ယ‌နေ့(မတ်လ ၁၉ ရက်) နံနက်ပိုင်းကစ၍ ရက်အကန့်အသတ် မရှိ ပိတ်ထားလိုက်ပြီးဖြစ်‌ကြောင်း သိရသည်။

“ဒီမနက်‌ပေါ့‌နော်။ အ‌ထွေ‌ထွေအတွင်း‌ရေးမှူး ဗိုလ်မှူးကြီး‌စောချစ်သူရဲ့ လမ်းညွှန်မှုဖြင့် မြဝတီမြို့ အမှတ် (၅)ရပ်ကွက်ရှိ နယ်ခြား‌စောင့်တပ် စည်းကမ်းထိန်းသိမ်း‌ရေးရုံးမှာ နယ် စပ်မှာရှိတဲ့ကင်းစခန်းတာဝန် ရှိသူ‌တွေကို‌ခေါ်ပြီးအစည်းအ‌ဝေးလုပ်ပြီး‌တော့ နယ်စပ်မှာရှိတဲ့ ‌ဘေးဂိတ်‌ပေါက်‌တွေကို ရက်အကန့် သတ်မရှိ ကူးလူးသွားလာမှု၊ ပိတ်လိုက်ပြီး ဖြစ်ပါတယ်” ဟု ကရင်ပြည်နယ်၊ နယ်ခြား‌စောင့်တပ် -BGF ဗဟိုကွပ်ကဲ‌ရေးနှင့် အကြံ‌ပေးအရာရှိ ဗိုလ်မှူးနိုင်‌မောင်‌ဇော်က ‌ပြောသည်။

လက်ရှိ ဖြစ်‌ပေါ်‌နေ‌သော ဝူဟန်ဗိုင်းရပ်စ်နှင့်ပတ်သက်ပြီး အမျိုးသား‌ရေးတာဝန် တရပ်အ‌နေဖြင့် နိုင်ငံ ‌တော်အတွက် အ‌ရေးကြီးသည့်အချိန်အဖြစ်‌နေသည့်အ‌ပေါ် ပူး‌ပေါင်းပါဝင်ခြင်းဖြစ်‌ကြောင်း ဗိုလ်မှူး နိုင်‌မောင်‌ဇော်က ဆက်‌ပြောသည်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှု ကြိုတင်ကာကွယ်သည့် အ‌နေဖြင့် မတ်လ ၁၉ ရက် ‌နေ့မှစတင်၍ ထိုင်း-မြန်မာနယ်ခြား ချစ်ကြည်‌ရေးတံတားများတွင် ထိုင်းနိုင်ငံသားများမှအပ တရုတ်နိုင်ငံသား အပါအဝင် မည်သည့်နိုင်ငံသားကိုမျှ ကူးလူးသွားလာခွင့် မပြု‌တော့‌ကြောင်း မြန်မာဘက်ခြမ်း အမှတ်(၁)ချစ်ကြည်‌ရေးတံတား တာဝန်ရှိသူက ‌ပြောဆိုထားသည်။

Covid-19 ကူးစက်ပြန့်ပွားမှုနှင့်ပတ်သက်၍ ကမ္ဘာ့ကျန်းမာ‌ရေးအဖွဲ့- WHO အဖွဲ့မှ ကူးစက်မြန်သည့် ကမ္ဘာလုံးဆိုင်ရာ ကပ်‌ရောဂါအဖြစ် သတ်မှတ်ထားပြီး ယ‌နေ့ (မတ်လ ၁၉ ရက်)အထိတွင် ကမ္ဘာ တဝှမ်းရှိ နိုင်ငံ‌ပေါင်း ၁၆၆ ‌ကျော်မှာ ကူးစက်ခံရသူ ၂၀၇, ၈၅၅ ဦးရှိလာပြီး ၈,၆၄၈ ဦးထိ ‌သေဆုံးခဲ့ပြီး ဖြစ်‌ကြောင်း ကမ္ဘာ့ကျန်းမာ‌ရေးအဖွဲ့ ( WHO)က သတင်းထုတ်ပြန်ထားသည်။