Home ဆောင်းပါး ကရင်စာ‌ပေနှင့် ကရင့်ပညာ‌ရေး (လွတ်လပ်‌ရေးရပြီး … )

ကရင်စာ‌ပေနှင့် ကရင့်ပညာ‌ရေး (လွတ်လပ်‌ရေးရပြီး … )

3373

ကရင်စာ‌ပေနှင့် ကရင့်ပညာ‌ရေး (လွတ်လပ်‌ရေးရပြီး … )

S. မင်းခိုက်သူ

‌ဒေါကလုအသင်းကြီးကို ‌ခေတ်ပညာတတ် ခရစ်ယာန်ဘာသာဝင် ကရင်အမျိုးသားများက ဦး‌ဆောင်သည်ဟု ဆိုပါသည်။ တစ်ချို့က အစတွင် ဘာသာ‌ရေးဆန်မှုရှိခဲ့သည်ဟု ဆိုကြ‌သော်လည်း‌နောက်ပိုင်းတွင် အမျိုးသား ‌ရေးအမြင် ရှင်သန်နိုးကြားလာခဲ့၍ ကရင်အမျိုးသား ဘာသာဝင်‌ပေါင်းစုံ ပါဝင်‌သော ညီညွတ်သည့် အမျိုးသားအသင်းကြီး ဖြစ်လာခဲ့‌လေသည်။ ကရင်တိုင်းရင်းသား အကျိုး‌တွေကို တစိုက်မတ်မတ် ကြိုးပမ်း‌ဆောင်ရွက်ခဲ့သည်။ YMBA သည်လည်း အစတွင် ဘာသာ‌ရေးဆန်ခဲ့ပြီး ‌နောက်ပိုင်းတွင် GCBA နိုင်ငံ‌ရေး ဖြစ်လာသည်။ ‌ဒေါကလုသည် အမျိုးသား ညီညွတ်‌ရေးကိုလည်း လုပ်‌ဆောင်နိုင်ခဲ့သည်။ အမျိုးသား‌ရေးအသိ၊ အမျိုးသား‌ရေးစိတ်ဓာတ်၊ အမျိုးသား‌ရေး အ‌တွေး အမြင်‌တွေကို ဖွင့်လှစ် လမ်းပြ‌ပေးနိုင်ခဲ့‌သောမီးရှူးတန်‌ဆောင် ဖြစ်ခဲ့‌လေသည်။

ထိုအချိန်တွင် ကရင်စာ‌ပေ သင်ကြားတတ် ‌မြောက်မှုနှင့် ပညာ‌ရေးလိုက်စားမှုတို့သည် ကျယ်ပြန့် လို့ လာခဲ့သည်။ ကရင်စာ‌ပေတတ်‌မြောက်မှု ဦး‌ရေ မှာလည်း လွန်စွာ များပြားလာသည်။ ကရင်စာ‌ပေ စတင်‌ပေါ်ထွန်းရာဖြစ်‌သော တနသင်္ာရီတိုင်း (ထိုစဉ်က မွန်ပြည်နယ်၊ ကရင်ပြည်နယ် ပါဝင်)‌ဒေသ အပါ အဝင် ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း‌ဒေသတို့ ၌ ကရင်စာ‌ပေတတ်‌မြောက်မှုသည် တိုးတက်များပြား လာသည်ဟု ဆိုနိုင်ပါသည်။

အထူးသဖြင့် စ‌ကောကရင်စာ‌ပေဟု ဆိုနိုင်‌သော်လည်း ပိုးကရင်စာ‌ပေသည်လည်း ဖွံ့ဖြိုးလို့ အသားကျလာခဲ့ပြီး ဖြစ်သည်။ စင်စစ် ကရင်စာ‌ပေသည် ခိုင်မာသည့် စာ‌ပေလမ်း‌ကြောင်း‌ပေါ်သို့ ‌ရောက်ရှိ လာခဲ့သည်ဟု ဆိုနိုင်ပါ သည်။ ကရင်စာ‌ပေ သင်ကြားတတ်‌မြောက်မှုမှာ ‌ယေဘုယျအားဖြင့် ခရစ်ယာန်ဘာသာဝင်များဟု ဆိုနိုင် ‌သော်လည်း ‌နောက်ပိုင်းတွင် ဗုဒ္ဓဘာသာဝင် ကရင်များကပါ ခရစ်ယာန် သာသနာပြု‌ကျောင်းတွင် ပညာသင်ကြားရင်း မိမိတို့၏ စာ‌ပေအဖြစ် အသိအမှတ်ပြုကာ သင်ယူလာ ခဲ့ကြ‌လေသည်။ ထိုစဉ်က စ‌ကောကရင်စာ‌ပေနှင့် ပိုးကရင်စာ‌ပေသာ ‌ပေါ်လွင်ထင်ရှားပြီး အခြား ကရင်စာ‌ပေများ ရှိ‌သော်လည်း ‌ပေါ်လွင်ထင်ရှားမှု မရှိ‌သေး‌ချေ။ တကယ်‌တော့ စာ‌ပေဆိုသည်မှာ အများအားဖြင့် ဘာသာ‌ရေးကို အ‌ခြေခံ၍ ဖြစ်တည် လာခဲ့ကြ‌လေ့ရှိပါသည်။ အယူသည်းစွာ မထား သင့်‌ပေ။ မွန်စာ‌ပေ၊ မြန်မာစာ‌ပေသည်ပင် သုဝဏ္ဏ ဘူမိ‌ခေတ်၊ ပုဂံ‌ခေတ်တို့တွင် ထွန်းလင်း‌သော ဗုဒ္ဓ ဘာသာကို အ‌ခြေခံ၍ ဖွံ့ဖြိုးတိုးတက်လာခဲ့ရ‌လေ သည်။

ထိုစဉ်က အဂင်္လိပ်‌ခေတ်မတိုင်မီ ‘ပိုးကရင် ဗုဒ္ဓဘာသာ ဘုန်း‌တော်ကြီးများ သုံးစွဲ‌နေ‌သော ‌ရှေး‌ဟောင်း ပိုးကရင်စာ‌ပေ(လိုက်ထူ့လီ)ရှိ‌နေပြီး ဖြစ်သည်။ ‌ပေရွက်‌ပေါ်တွင် ‌ရေးသားအသုံးပြုလာခဲ့ ကြသည်’။ -၂ဝ သို့‌သော် စ‌ကောကရင်စာ‌ပေကို ‌ဖော်ထုတ် ‌ရေးသားခဲ့‌သော ‌ဒေါက်တာဂျိုနသန်ဝိတ်က သတိ မထားမိ‌လေသလား မ‌ပြောတတ်‌ပေ။ ‘ကရင် အက္ခရာများကို မတီထွင်မီ စာ‌ရေးနည်းပညာ မရှိ‌ကြောင်း။’-၂၁ ‌ရေးသားထားခဲ့သည်။ ၎င်း၏ ‌ရေးသား ချက်ကိုကြည့်ပြီး ‌ခေတ်အဆက်ဆက်စာ‌ရေးဆရာများသည် ကရင်မှာ စာ‌ပေမရှိ။ သာသနာပြုများက တီထွင်‌ပေးမှ ကရင်စာ‌ပေ‌ပေါ်‌ပေါက်လာသည်ဟု ‌ရေးသားလာခဲ့ကြသည်ကို ‌တွေ့ရ‌လေသည်။ ကရင် စာ‌ပေနှင့် ယဉ်‌ကျေးမှုကို ‌သေချာစွာ မ‌လေ့လာကြ ခြင်း‌ကြောင့်ပင် ဖြစ်သည်။

စင်စစ် ‘၁၈ ရာစုမကုန်မီ အ‌ရှေ့ရှို(ပိုး)ကရင် ဗုဒ္ဓဘာသာဝင် ဂျိုင်း‌ကျောင်းဆရာ‌တော် ဖူးတာမိုက် (ဦးနန္ဒမာလာ) သည် မွန်အက္ခရာများကို အ‌ခြေခံ၍ ရှို(ပိုး)ကရင်ဘာသာစကားဖြင့် ဗုဒ္ဓဘာသာစာ‌ပေ ကျမ်းဂန်များကို ‌ရေးသားနိုင်ရန် စာ‌ရေးနည်းပညာ တစ်ရပ် တီထွင်ခဲ့သည်’။-၂၂ ယင်းအက္ခရာဖြင့် စာ‌ပေကျမ်းဂန်များကို ‌ပေမူများ‌ပေါ်တွင် ‌ရေးသားလာခဲ့သည်။ ပိုးကရင်စာ‌ပေ(လိုက်ထူ့လီ)ဟု ‌ခေါ်ပြီး အ‌ရှေ့ပိုးကရင် စာ‌ပေဟု ထင်ရှား‌ပေါ်လွင်လျက် ရှိသည်။

၎င်းစာ‌ပေသည် လွတ်လပ်‌ရေးရပြီး ‘၁၉၆၅-ခုနှစ်‌နောက်ပိုင်းတွင် အင်တိုက်အားတိုက်ပြန်လည် ‌ဖော်ထုတ်ပြီး’-၂၃ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် တနသင်္ာရီတိုင်းတို့၌ ကျယ်ပြန့်စွာ ဖြန့်‌ဝေသင်ကြား ‌ပေးနိုင်ခဲ့သည်။ လွန်စွာ‌ရှေးကျ‌သော စာ‌ပေပင် ဖြစ်သည်။ ထို့အတူ စ‌ကောကရင်စာ‌ပေ(ရုံးသုံး)သည် မြန်မာနိုင်ငံအနှံ့ သင်ကြားအသုံးပြုမှုရှိသလို ပိုးကရင်စာ‌ပေ(ဖလုံး) သည်လည်း ဧရာဝတီတိုင်း‌ဒေသ ကြီး၊ ရန်ကုန်တိုင်း ‌ဒေသကြီးတို့၌ အများဆုံး သင်ကြားအသုံးပြုမှု ရှိသည့်ပြင် အချို့ကရင်ပြည်နယ်နှင့် တနသင်္ာရီတိုင်း‌ဒေသကြီးတို့တွင်လည်း သင်ကြားလျက်ရှိ‌လေသည်။

စင်စစ် ယ‌နေ့ မျက်‌မှောက်‌ခေတ် ကရင်စာ‌ပေကို ‌လေ့လာကြည့်ရာတွင် စာ‌ပေ ၉ မျိုး‌လောက် ‌တွေ့ ရ‌လေသည်။ ဤစာ‌ပေများ ‌ပေါ်‌ပေါက်လာရသည်မှာ ဘာသာ‌ရေးကို အ‌ခြေခံ‌သော‌ကြောင့်လည်း‌ကောင်း၊ မူလပင်မ ကရင်လူမျိုးတွင် စ‌ကောနှင့်ပိုး ကွဲပြား‌နေမှု ‌ကြောင့်လည်း‌ကောင်း စာ‌ပေကွဲပြားလာခဲ့ရသည်ဟု ဆိုနိုင်ပါသည်။ ယ‌နေ့ ‌နောက်ဆုံး‌ပေါ်လာ‌သော စာ‌ပေမှာ ၁ဝ ခု‌မြောက် လီကွယ်‌ကော်စာ‌ပေဟု သိရပါသည်။ ကရင်စာ‌ပေများစွာအနက် ယခုတင်ပြ‌သော စ‌ကောကရင်စာ‌ပေ(ရုံးသုံး)၊ ပိုးကရင်စာ‌ပေ(ဖလုံး)၊ ပိုးကရင်စာ‌ပေ(လိုက်ထူ့လီ)သုံးမျိုးမှာ ယ‌နေ့ ကရင်တိုင်းရင်းသားများ စိတ်ဝင်စားမှုအများဆုံးနှင့် သုံးစွဲ မှု အများဆုံးရှိ‌သော ကရင်စာ‌ပေများပင် ဖြစ်သည်။ ကျန်စာ‌ပေများသည် မိမိဝန်းကျင်‌ဒေသ၌သာ အသုံးပြုမှုများရှိသလို လုံးဝအသုံးပြုလို့ မရ‌သော စာ‌ပေများလည်း ရပ်စဲသွားမှုများစွာပင် ရှိပါသည်။

‌ဖော်ပြပါကရင်စာ‌ပေသုံးမျိုးသည် မိမိတို့နှင့် ဆီ‌လျော်‌သော စာ‌ပေဖြစ်၍ ‌လေ့လာသင်ယူခဲ့ကြသလို ‌ခေတ်အဆက်ဆက် နိုင်ငံ‌တော်က အသိအမှတ်ပြုသည့်စာ‌ပေပင် ဖြစ်သည်။ အစိုးရ စာသင် ‌ကျောင်းများ ၌လည်း တရားဝင်သင်ကြားပြဋ္ဌာန်းခွင့် ရရှိခဲ့‌သော စာ‌ပေလည်း ဖြစ်သည်။ ဤစာ‌ပေ သုံးမျိုးလုံးကိုဖြစ်‌စေ မိမိနှင့်ဆီ‌လျော်‌သော တစ်မျိုးကို ဖြစ်‌စေ သင်ယူအသုံးပြု‌နေသမျှ မိမိတို့ ကရင်လူမျိုး သည် ‌ပျောက်ကွယ် စရာအ‌ကြောင်းမရှိဟု ဆိုချင်ပါ သည်။

‌ဒေါကလုအသင်းကြီးကို ဦး‌ဆောင်‌သော ကရင်အမျိုးသား‌ခေါင်း‌ဆောင်ကြီးများသည် ‌ခေတ်ပညာ တတ်များ ဖြစ်ကြသဖြင့် အ‌မြော်အမြင် ကြီးမားကြသည်။ စာ‌ပေ၏ တန်ဖိုးကိုလည်း သိရှိကြသည်။ လူမျိုး၏ အသက်‌သွေး ‌ကြောသဖွယ်ဖြစ်‌သော စာ‌ပေကို မိမိတို့၏ တစ်မျိုးသားလုံး သင်ကြားတတ်‌မြောက်ရန် သင်ကြားနိုင်မှု အချိန်တစ်ခုကို အစိုးရစာသင် ‌ကျောင်းများ၌ သင်ကြားနိုင်ခွင့်ရရှိ‌ရေးအတွက် ဖန်တီးကြိုးပမ်းလာကြသည်ကို ‌တွေ့ရ‌လေသည်။ ထိုသင်ကြားနိုင်မှုကို ‌ဆောင်ရွက်‌ပေးနိုင်သည်မှာလည်း အစိုးရပင် ဖြစ်သည်။ ထို့‌ကြောင့် ‌ဒေါကလု အသင်းကြီးကို ဖွဲ့စည်းပြီး ‌လေးနှစ်အကြာ ‘၁၈၈၄-ခုနှစ်တွင် မိမိတို့၏ ကရင်စာ‌ပေကို အစိုးရ စာသင် ‌ကျောင်းများ၌ သင်ကြားခွင့်ပြုရန် ‌တောင်းဆိုလာကြ သည်’၂၄ ကို ‌တွေ့ရ‌လေသည်။

ထို့သို့ ‌တောင်းဆိုခဲ့ကြသဖြင့် ၁၉၁၂ ခုနှစ် ‌ရောက်လာ‌သောအခါ ‘ကရင်တိုင်းရင်းသား ဘာသာ ‌ကျောင်း (အမှတ်-၃ ‌ကျောင်းအမျိုးအစား)သည် ကရင်ဘာသာဖြင့် ၄-တန်းအထိ ဘာသာရပ်တိုင်းကို သင်ကြား ခွင့်ရရှိခဲ့သည်’။-၂၅ ဘာသာရပ်တိုင်းဟု ဆိုထားသဖြင့် လွန်စွာ ထူးခြားလှ‌ပေသည်။ ကရင် စာ‌ပေ၏ အရည်အ‌သွေးမြင့်မားမှုနှင့် သင်ကြားနိုင်မှု အခွင့်အလမ်းသည် လွန်စွာကြီးမားခဲ့သည်။ ကရင် စာ‌ပေသည် အစိုးရစာသင်‌ကျောင်းများ၌ သင်ကြား ခွင့်ရရှိ‌ရေးကို ၁၈၈၄ ခုနှစ်တွင် ‌တောင်းဆိုခွင့်ပြုခဲ့ ကြပြီး ၁၉၁၂ ခုနှစ် တွင် ၄ တန်းအထိ တိုးမြှင့်သင် ကြားခွင့် ‌ပေးခဲ့သဖြင့် ကြားထဲတွင် ၂၈ နှစ်ကြာခဲ့ သည်။ သို့တွက်‌ကြောင့် ကရင်စာ‌ပေသည် ၁၈၈၄ ခုနှစ်မတိုင်မီ အချိန်‌စောစီးစွာကတည်းက အသား ကျပြီး ခိုင်မာစွာ ရပ်တည်နိုင်လာခဲ့ပြီး ဖြစ်သည်။

တစ်ခါ ‘၁၉၂၂ ခုနှစ်တွင် အဂင်္လိပ်ဘုရင်ခံက ကရင်လူကြီးများဖြစ်ကြ‌သော ဆရာစီက‌ရောစ်၊ ဆရာ‌ဂေးလမို၊ ဆရာဖိုးလင်း‌တေး၊ ပဒိုဖိုးဦး၊ ဆရာ ဖိုးငယ်တို့ကို ဖိတ်‌ခေါ်ပြီး ကရင်ဖတ်စာအုပ်များကို ပြုစု‌စေခဲ့ပါသည် ‘။-၂၆ ကရင်လူကြီးပညာရှင်များသည် ‘စာ‌ပေမြင့်မှ လူမျိုးတင့်မည်’ ဟူ‌သော ခံယူချက်ဖြင့် မိမိတို့၏ ကရင်စာ‌ပေတိုး တက်မြင့်မား‌စေရန် ရည်သန်လျက် ကရင်ဖတ်စာအုပ်များကို ပြုစုကြ‌လေသည်။ ဤသို့ဖြင့် စ‌ကော ကရင်စာ‌ပေကို ‘၁၉၂၄-ခုနှစ်တွင် ၇ တန်းအထိ ကရင်လို သင်ကြားခွင့်ရှိလာ သည်’။-၂၇ ထို့တူ ပိုးကရင်စာ‌ပေကို ‘၁၉၂၄ ခုနှစ်တွင် ပိုးကရင်များသည် ၄ တန်းအထိ ပိုးကရင်ဘာသာဖြင့် ပညာသင်ကြား ခွင့်ရရှိခဲ့ကြသည်’၂၈ ကို ‌တွေ့ရပြီး ‌နောက်ပိုင်းတွင်လည်း အလယ်တန်းအဆင့်ထိ တိုးမြှင့်သင်ကြားခွင့် ရရှိခဲ့သည်။

ထို့‌နောက် ‘၁၉၂၇ ခုနှစ်တွင် ဆာဟာ ကုတ်ဘတ္တလာသည် ဝတ်လုံ‌တော်ရ ဆစ်ဒနီလူနီ ထံသို့ စာ‌ရေး၍ ကရင်စာ‌ပေသင်ကြား‌ရေးအတွက် ညှိနှိုင်းရန် ဖိတ်ကြားခဲ့ပါသည်။ ထိုသို့ ဖိတ်ကြားချက် အရ ဆာစံစီပိုး၊ ဆစ်ဒနီလူနီ၊ ‌ဒေါက်တာ‌ရောဘတ် ဖိုး‌ကေ၊ သရာစံ‌ဘော်၊ မန်းဘခင်၊ သရာလှ‌ကျော်နှင့် သရာဖိုးငယ်တို့သည် သွား‌ရောက်ညှိနှိုင်းကြရာ ဘုရင်ခံက ကရင်စာကို ၁ဝ တန်းအထိ သင်ကြားခွင့် နှင့် စာ‌မေးပွဲ‌ဖြေဆိုခွင့်ကို ခွင့်ပြုခဲ့သည်။ ကရင် ‌ကျောင်းသူ၊ ‌ကျောင်းသားများအတွက် မြန်မာစာကို အဆင့်နိမ့်မြန် မာစာ (lower Burmese) အ‌နေနှင့် သင်ယူခွင့်ရရှိခဲ့ပါသည်’။-၂၉ ကရင်ဘာသာဖြင့် စာ‌မေးပွဲ စစ်‌ဆေး‌ရေး ပုဂ္ဂိုလ်ကြီးများအဖြစ် ပဒို ‌စောဘီ၊ ပဒိုတာပဲလူး၊ ပဒို‌စော‌တောက်တို့က လက်ဆင့်ကမ်း‌ဆောင်ရွက်ခဲ့ကြသည်။ ထို့‌ကြောင့် ၁၉၂၇ ခုနှစ်တွင် စ‌ကောကရင်စာ‌ပေကို ၁ဝ တန်းအထိ လည်း‌ကောင်း ပိုးကရင်စာ‌ပေကို တိုးမြှင့်‌ဖြေဆိုခြင်း ဖြင့်လည်း‌ကောင်း ကရင်စာ‌ပေ၏ ချီး‌မြှောက်ခံရမှုသည် ‌နေရာမှန်တစ်ခုအဖြစ်သို့ ‌ရောက်ရှိခဲ့‌လေ သည်။

အဂင်္လိပ်‌ခေတ်တွင် ကရင်စာ‌ပေသည် အစိုးရ စာသင်‌ကျောင်းများ၌ အဆက်မပြတ် တိုးမြှင့်သင် ကြားခွင့်ရရှိခဲ့သဖြင့် အဆက်မပြတ် တိုးတက်လာခဲ့ သည်ကို ‌တွေ့ရမည်ဖြစ်သည်။ အဂင်္လိပ်‌ခေတ် ‌ကျောင်း ၃ ‌ကျောင်းတွင် ကရင်ဘာသာဖြင့် ပညာသင်ကြားခွင့်ရရှိခဲ့သည်ကိုလည်း ‌လေ့လာသိရှိရပါသည်။ ထိုစဉ်က ‘‌ကျောင်းများမှာ (၁)ပဲခူး ခရိုင်အတွင်းရှိ ထုံးကြီး‌ကျောင်း။ (၂)အင်းစိန်ခရိုင် အတွင်းရှိ နက်ဖိုးကို‌ကျောင်း။ (၃)ဘိတ်၊ ထားဝယ် ခရိုင်ရှိ ပ‌စော့အု‌ကျောင်းများ ဖြစ်ကြသည်’။-၃ဝ

ကရင်ဘာသာလိုသင်ကြားသည့် ကရင်အလယ် တန်း‌ကျောင်းများလည်း အများအပြား ‌ပေါ်‌ပေါက် ခဲ့‌လေသည်။ ထိုအထဲတွင် ‌တောင်ငူခရိုင်အတွင်းရှိ ‌ဘောကလိ၊ အင်း‌ကျော်၊ ကနစိုးပင်တွင် လည်း‌ကောင်း၊ ဖာပွန်ခရိုင် အတွင်းရှိ ဆာမူပယ်တွင် လည်း‌ကောင်း၊ ‌မော်လမြိုင်ခရိုင် ပိုင်ကျုံ၊ သာယာ ဝတီခရိုင်၊ အင်းစိန်ခရိုင် ဥက္ကံ၊ ဟသင်္ာတခရိုင် မွလိုးတို့တွင်လည်း‌ကောင်း ကရင်အလယ်တန်း‌ကျောင်းများ ဖွင့်လှစ်သင်ကြားနိုင်ခဲ့‌လေသည်။ ကရင့် ပညာ‌ရေးတစ်‌ခေတ် ဆန်းသစ်တိုးတက်ခဲ့သည်ဟုပင် ‌ပြောနိုင်ပါသည်။

‌ကျေးလက်‌ဒေသများတွင် တိုင်းရင်းသားမြန်မာ ဘာသာဖြင့် သင်ကြားသည့် အလယ်တန်းနှင့် အထက်တန်း ‌ကျောင်းများသည် ကရင်‌ကျေးရွာများ၌ အများအပြားရှိသည်။ ထို့‌ကြောင့် ‘၁၉၃၆-ခုနှစ် ‌ရောက်ချိန်တွင် ထို‌ကျောင်းများ၌ “တစ်ပြည်လုံး” ရှိ ကရင်‌ကျောင်းသားများသည် ၁ဝ တန်းအထိ ကရင်ဘာသာဖြင့် စာ‌မေးပွဲ‌ဖြေဆိုခွင့် ရရှိကြ‌လေသည်’။-၃၁ ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်တွင်လည်း ‌ဒေါက်တာ တီသံပြာ တက်ခဲ့‌သော ‘ကိုးဆူအကယ်ဒမီ‌ကျောင်း’ စ‌သော သာသနာပြု‌ကျောင်းများသည်လည်း ဖွင့် လှစ်နိုင်ခဲ့‌လေ သည်။

ထို့ပြင် ကရင်ဆရာဖြစ်သင်တန်းများကိုလည်း အများအပြား ဖွင့်လှစ်နိုင်ခဲ့သည်ကို ‌တွေ့ရ‌လေသည်။ ကရင်အ သက်‌မွေးဝမ်း‌ကျောင်းကိုလည်း ပုသိမ်မြို့နှင့် ‌တောင်ငူမြို့တို့တွင် ဖွင့်လှစ် ကြိုးပမ်းခဲ့‌သော်လည်း ‌ရေရှည်တည်တံ့မှု မရှိခဲ့‌ပေ။ ပျဉ်းမနားမြို့ရှိ အ‌မေရိကန်နှစ်ခြင်း စိုက်ပျိုး‌ရေး‌ကျောင်း (ယခု ‌ရေဆင်း တက္ကသိုလ်ဟု ထင်ရ)နှင့် ‌မော်လမြိုင်၊ နမ့်ခမ်းမြို့ရှိ သူနာပြု‌ကျောင်းများသည် ကရင်‌ကျောင်းများမဟုတ် ‌သော်လည်း ‌ကျောင်းသား အားလုံးလိုလိုသည် ကရင်များပင် ဖြစ်ကြသည်။

ထို့‌ကြောင့် ‘နှစ်ခြင်း‌ကောလိပ်‌ကျောင်း-ဟု ‌ခေါ်သည့် ယုဒသန်ဂျက်ဆင်‌ကောလိပ်တွင် ‌ကျောင်းသား တစ်ဝက် ‌ကျော်သည် ကရင်‌ကျောင်းသားများ ဖြစ်ကြသည်’။-၃၂ ထို့ပြင် ‘၁၈၇၂ ခုနှစ်၊ စက်တင်ဘာလ ထုတ် သာသနာပြုမဂ္ဂဇင်းစာ‌စောင်တွင် “ရန်ကုန်မြို့၊ ကရင်‌ကောလိပ်‌ကျောင်းကို ‌ရှေးအလားအလာရှိ‌သော ‌ကျောင်းသား ၁၇ ဦးနှင့် ‌မေလ ၂၈ ရက်‌နေ့က ဖွင့် လှစ်လိုက်သည်”-၃၃ ဟူ၍ ‌ဖော်ပြထားသည်ကို ‌တွေ့ ရသဖြင့် ကရင်‌ကောလိပ်‌ကျောင်းအဖြစ်ပင် ‌ခေါ်ဆို ခဲ့ကြသည်။ ‌နောက်ပိုင်း ဆရာယုဒသန်ကို ဂုဏ်ပြု ‌သောအားဖြင့် ဂျက်ဆင်‌ကောလိပ်အဖြစ် ‌ခေါ်ဆိုလာခဲ့သည်။

ဤသို့ဖြင့် ကရင်တိုင်းရင်းသားများသည် မိမိ တို့၏ စာ‌ပေနှင့်အတူ ပညာ‌ရေးကို စိတ်ဝင်စားပြီး လိုက်စားလာ ခဲ့ကြသဖြင့် ထိုစဉ်က ဥပ‌ဒေ‌ရေးရာတွင် ကျွမ်းကျင်တတ်‌မြောက်ကြသူများမှာ ‌စောဘဦးကြီး၊ ‌စော‌ဖေသာ၊ ‌စောဆစ်ဒနီလူနီ၊ ‌စောဖိုးချစ်၊ ‌စောပါဒွဲ၊ ‌စောဘ‌မောင်တို့ကဲ့သို့ ဥပ‌ဒေပညာရှင်များ ‌ပေါ်ထွက် ခဲ့‌လေသည်။ လွှတ်‌တော်အမတ်‌တွေ ဖြစ်လာကြပြီး ဝန်ကြီးများလည်း ဖြစ်လာခဲ့ကြသည်။ အဂင်္လန် နိုင် ငံတွင် ပညာသင်ယူ‌သော ‌ဒေါက်တာဘသန်းချိန်နှင့် ‌ဒေါက်တာစံစီပိုးတို့သည် ဆရာဝန်များ ဖြစ်လာခဲ့ကြသည်။

အဂင်္လန်မှာပင် ‌စောဘ‌အောင်ချိန်က အင်ဂျင်နီယာဘွဲ့၊ ‌စောစံတင်မှာမူ သစ်‌တော တက္ကသိုလ်ဘွဲ့ကို ရရှိခဲ့ကြပြီး ‌စောထင်‌လေးမြ၊ ‌စောမြသိန်းတို့က စာရင်းကိုင်နှင့် ကုန်သွယ်မှု အတတ်ပညာများကို နိုင်ငံခြားမှာပင် သင်ယူလာခဲ့ကြသည်။ ‌စောသက်စိန်မှာ လန်ဒန်တက္ကသိုလ်တွင် ဒဿနိက‌ဗေဒပညာ သင်ရင်း ကွယ်လွန်ခဲ့သည်။ မကွယ်လွန်ပါက ပထမဦးဆုံး ဒဿနိက ပညာရှင် ဖြစ်လာလိမ့်မည်။ ရန် ကုန် တက္ကသိုလ်တွင် လူမျိုးနှင့် လူဦး‌ရေအလိုက် တွက်ကြည့်ပါက ရခိုင်လူမျိုးမှလွဲ၍ ကရင်လူမျိုးသည် တက္ကသိုလ်ပညာသင်ကြား‌ရေးတွင် လူဦး‌ရေအများ ဆုံးပင် ဖြစ်ခဲ့‌လေသည်။ ကျန်လူမျိုးများ၏ ပညာ သင်ကြား‌ရေး (စိတ်ဝင်စားမှု)ဦး‌ရေမှာ ကရင် နှင့် ရခိုင်တို့ကိုပင် မမှီ‌ပေ။ ပညာ‌ရေးတွင် ကရင်နှင့် ရခိုင်သည် ထိပ်ဆုံးသို့‌ရောက်ခဲ့ကြသည်။ ၁၉ ရာစု အလွန်နှင့် ၂ဝ ရာစု‌ခေတ်ဦးတွင် ကရင့်ပညာ‌ရေးသည် အ‌တော် ခရီး‌ပေါက်ခဲ့ပြီး ဖြစ်သည်။ ‌အောက်‌ခြေ ကရင့်လူတန်းစားအတွက်မှာမူကား လိုအပ်ချက် များစွာ ရှိ‌နေ‌သေးသည်ကို ‌တွေ့ရမည် ဖြစ်သည်။

ထို့‌ကြောင့် အဂင်္လိပ်‌ခေတ်တွင် ကရင်စာ‌ပေနှင့် ကရင့်ပညာ‌ရေးသည် စာသင်‌ကျောင်းများ၌ လွတ် လပ်စွာသင်ကြားခွင့် ရရှိခဲ့ကြသဖြင့် ပ‌ဒေသရာဇ် ‌ခေတ်နှင့်စာလျှင် ကရင့်ပညာ‌ရေးသည် အရှိန်ပြင်းစွာ ဖွံ့ဖြိုးတိုးတက်လာခဲ့ပြီး ကရင့်ဘဝသည်လည်း ‌ပြောင်းလဲ တိုးတက်လာခဲ့သည်ကို ‌တွေ့ရ‌လေ သည်။

S. မင်းခိုက်သူ (P.T.N)

ကျမ်းညွှန်း-
၁။ ပြည်‌ထောင်စုမြန်မာနိုင်ငံ တိုင်းရင်းသား ယဉ် ‌ကျေးမှု ရိုးရာဓ‌လေ့ထုံးစံများ။ ၁၉၆၇ ခု။ (၁)နှာ-၁၈။ (၅) နှာ-၃၇၂။ (၈) နှာ-၃၇၅။ (၂၁)နှာ-၃၉၃။ (၂၂) နှာ-၃၇၁

၂။ သက်စွန့်‌မေတ္တာ (၁၇၅)နှစ်‌မြောက် ယုဘိလ အမှတ်တရ။ ဆရာကြီးယုဒသန်၏ အတ္ထုပ္ပတ္တိ အကျဉ်းဘာသာပြန်ဆို‌ရေးသားသူများ။ ဦးချစ်ပို (အညတရ)၊ ဦးခင်‌မောင်‌လေး (ခင်‌မောင်‌လေး-ဟသင်္ာတ)၊ ဦးမြင့်ဦး (ဗညားဦး- မြန်မာ့တမန်)လက်နှိပ်စက်မူ၊ ဥ‌ယျောဇဉ်အမှာစာ ‌အောက်ဆုံး၌ ၁၉၉ဝ ပြည့်။ အုပ်‌ရေ ၅၀ဝ။ (၂) နှာ-၃၄။ (၃)နှာ-၂၆၇/၂၆၈။ (၆) နှာ-၃၁၂။

၃။ အမျိုးသား‌နေ့နှင့် အမျိုးသားပညာ‌ရေးလှုပ်ရှားမှု သမိုင်းအကျဉ်း။ အမျိုးသား‌နေ့ ‌ရွှေရတုသဘင် အထူးထုတ် ပထမပုံနှိပ်ခြင်း၊ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီမူပိုင်၊ နိုဝင်ဘာလ၊ ၁၉၇ဝ ပြည့်နှစ်၊ စာ‌ပေဗိမာန်ပုံနှိပ်တိုက်။ (၄) နှာ-၆၅။ (၁၅) နှာ-၃၆၂။ (၁၆) နှာ-၅၅။ (၁၇) နှာ-၅၆။ (၁၈) နှာ-၅၈။

၄။ တက္ကသိုလ်ကရင်မဂ္ဂဇင်း။ ၁၉၈၁/၈၂။ တိုင်းရင်း သား ကရင်အမျိုးသားစာ‌ပေ။ ဆရာသာထို (နိုင်ငံ့ ဂုဏ်ရည် ပထမဆင့်) (၇) နှာ-၁၈။ (၂၄) နှာ-၁၈။ (၂၉) နှာ-၁၈။

၅။ ကရင့်‌တော်လှန်‌ရေးသမိုင်း။ ဖူးစ‌ကောလယ်‌တော။(ခုနှစ်မပါ) (၉) နှာ-၁၁၃။ (၁၄) နှာ-၁၀၄။(၂၅) နှာ-၁၀၅။ (၂၇) နှာ-၁၀၅။ (၂၈) နှာ-၁၀၅။ (၃၀) နှာ-၁၀၅။ (၃၁) နှာ-၁၀၅။ (၃၂)နှာ-၁၀၆။

၆။ ကရင်သက္ကရာဇ်နှင့် ‌ခေတ်‌ရေစီး။ ကရင်နှစ်သစ်နှင့် ‌ခေတ်‌ရေစီး။ မန်းသိန်း‌ရွှေ(ခန့်သူလှိုင်) ဆာတူ‌ဝေါ စာ‌ပေနှင့် အနုပညာအင်အားစု။ (၁၀) နှာ-၂၂။ (၁၂) နှာ-၂၂။ (၁၃) နှာ-၂၃။

၇။ ယုဒသန်ဗိမာန်‌တော်။ ‌ရွှေရတုစာ‌စောင်။ ၁၉၃၂/ ၁၉၈၂။ ဂျပ်ဆင်‌ကောလိပ် သမိုင်းမှတ်တမ်း ကဏ္ဍ။ ၁၉၈၃ ခု၊ မတ်လ (၁၁) နှာ-၂။ (၃၃)နှာ-၅။

၈။ နိုင်ငံ‌ရေး ‌ခေတ်‌ရေစီး‌ကြောင်းနှင့် ကရင်လူမျိုး။ သတင်းလွှာ-၉၊ ကရင်ပြည်သူ့ပါတီ၊ (၁၉) နှာ-၉ /၁၀။

၉။ ဗုဒ္ဓဘာသာ ပိုးကရင်‌ပေစာသမိုင်း။ (၁၈၅၁-၁၉၇၀) ဦးဘုန်းမြင့်။ ဇန်နဝါရီ ၁၉၇၅။ (၂၀)နှာ-မရှိ။ ကြည့်ပါ။

၁၀။ ၁၉၆၅ ခုနှစ်၊ ကရင်စာ‌ပေ‌ဖော်ထုတ်‌ရေး‌ကော်မတီ (ဘားအံ)။ ‌ရှေး‌ဟောင်းကရင်စာ‌ပေ ‌ဖော်ထုတ်‌ရေး ဗဟို‌ကော်မတီမှတ်တမ်း။ ၁၃၂၉ /၁၉၆၇ ခု။ (၂၃) နှာ-မရှိ။ ကြည့်ပါ။

၁၁။ စာ‌ပေမြင့်မှ လူမျိုးတင့်မည်။ ပဒို‌စောဟား‌ရေစီ။ ကရင်ပြည်သူ့ပါတီ၊ သတင်းလွှာ-၆၊ (၂၆) နှာ-၂၉။