Home သတင်း အ‌နောက်ပိုးကရင်စာ‌ပေ အကျိုးပြု လူငယ်များအဖွဲ့၏ ‌နွေရာသီသင်တန်းများ ဆိုင်းငံ့

အ‌နောက်ပိုးကရင်စာ‌ပေ အကျိုးပြု လူငယ်များအဖွဲ့၏ ‌နွေရာသီသင်တန်းများ ဆိုင်းငံ့

2112
Photo: Sa San Min

မတ်လ ၁၈ရက်၊ ၂၀၂ဝ ပြည့်နှစ်။ ‌စောထွန်းလင်း

မြစ်ဝကျွန်း‌ပေါ် ‌ဒေသတွင် အ‌နောက်ပိုးကရင်စာ‌ပေ အကျိုးပြု လူငယ်များအဖွဲ့က ဦး‌ဆောင်ဖွင့်လှစ်မည့် ‌နွေရာ သီ ပိုး (ဖလုံး) စာ တစ်လသင်တန်းများကို လတ်တ‌လော ဆိုင်းငံ့ လိုက်ပြီး ဖြစ်သည်ဟု သင်တန်း ဖွင့်ရန် ကွင်းဆင်းလုပ်‌ဆောင်‌နေသူ ကရင်အဆို‌တော် စစံမင်းက ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းက “ ကိုရိုနာ ဗိုင်းရပ်စ် ကာကွယ်ဖို့ အတွက် အစိုးရက လူစု၊ လူ‌ဝေး‌တွေ‌ရှောင်ဖို့ ‌ပြောထားတယ်။ အခု ကျ‌နော်တို့ ကွင်းဆင်း‌တော့ တချို့မြို့နယ်‌တွေမှာလည်း လူ ၁ဝ ‌ယောက်ထက်ပို မစုဖို့ စာထုတ်ထားတာ‌တွေ ရှိတယ်။ အဲဒါ‌ကြောင့် အခု ‌နွေရာသီ ကရင်စာ တစ်လသင်တန်း‌တွေရဲ့ သင်ကြား‌ရေး အပိုင်းကို ဆိုင်းငံ့ ထားလိုက်တယ်” ဟု ‌ပြောသည်။

အ‌နောက်ပိုးကရင်စာ‌ပေ အကျိုးပြု လူငယ်များအဖွဲ့ အ‌နေဖြင့် ‌နွေရာသီ ကရင်စာ သင်တန်းများ ပြုလုပ်ရန် မတ် ၁ ရက်‌နေ့တွင် ရန်ကုန်မြို့၊ ‌နော်တယာ ကရင့်ရိုးရာ စား‌သောက်ဆိုင်၌ ‌တွေ့ဆုံ ‌ဆွေး‌နွေးပွဲ ပြုလုပ်ပြီး‌နောက် သင်တန်းများဖွင့်လှစ်ရန် ကွင်းဆင်း စီစဉ်‌နေခြင်းဖြစ်သည်။

လက်ရှိတွင် ဧရာဝတီတိုင်း‌ဒေသကြီး အတွင်းရှိ ကျုံ‌ပျော်၊ ‌ရေကြည်၊ ဝါးခယ်မ၊ ကန်ကြီး‌ထောင့်နှင့် ဟသင်္ာတမြို့ နယ်များရှိ ‌ကျေးရွာ‌ပေါင်း ၃ဝ ခန့်သို့ ကနဦးကွင်းဆင်း စီစဉ်ချိတ်ဆက်ထားပြီး သင်ကြားမည့် သင်တန်းသူ၊ သင်တန်း သား ဦး‌ရေ ၆၀ဝ ခန့်ရှိပြီးဖြစ်သည်ဟု အဖွဲ့ဝင်တစ်ဦး ဖြစ်သူ စစံမင်းက ဆက်‌ပြောသည်။

ယခုနှစ်‌နွေရာသီ ကရင်စာ သင်တန်းများဖွင့်လှစ်ရန်အတွက် ဖန်း‌ဖောင်‌ဒေးရှင်းက ကျပ်သိန်း ၉ဝ လှူဒါန်းထား သလို စင်ကာပူ၊ ‌တောင်ကိုရီးယား ‌ရောက်ကရင်လူမှု အဖွဲ့အစည်းများကလည်း မြစ်ဝကျွန်း‌ပေါ်တွင် သင်တန်း များဖွင့်လှစ်နိုင်‌ရေးအတွက် လှူဒါန်းမှုများ ပြုလုပ်ထားသည်ဟု အဖွဲ့ တာဝန်ခံများက ‌ပြောသည်။

အ‌နောက်ပိုးကရင်စာ‌ပေ အကျိုးပြု လူငယ်များအဖွဲ့ အ‌နေဖြင့် ၂၀၁၄ ခုနှစ်ကတည်းက မြစ်ဝကျွန်း‌ပေါ်တွင် ‌နွေရာသီ ပိုး၊ စ‌ကော ကရင်စာသင်တန်းများဖွင့်လှစ်ခဲ့ပြီး သင်‌ထောက်ကူ စာအုပ်များနှင့် သင်ကြား‌ပေးသည့် ဆရာ၊ ဆရာမများကို ပံ့ပိုး‌ပေးခြင်းများ ပြုလုပ်ခဲ့‌ကြောင်း အဖွဲ့တာဝန်ရှိသူများထံမှ သိရသည်။