မတ် ၁၇ ရက်၊ ၂၀၂ဝ ခုနှစ်။ စောရှား
ဖလုံပညာဖွံ့ဖြိုးတိုးတက်ရေးယူနစ်(PEDU)မှဦးဆောင်ပြီး ကရင်ပြည်နယ် ၄ မြို့နယ်ရှိ ကျေးရွာများ တွင် ကိုရိုနာဗိုင်းရပ်စ်(COVID-19)နှင့်ပတ်သက်သော ကျန်းမာရေးအသိပညာပေးလုပ်ငန်းများ လုပ် ဆောင်သွားမည်ဟု သိရသည်။
ဖားအံမြို့နယ်ရှိ လှာကမြင်-ကော့ထော်ဂွင်(၁၇ ရွာ)၊ လှိုင်းဘွဲမြို့နယ်ရှိ မဲဆမိတ်-ပိုင်ကျုံဂွင်၊ ကော့က ရိတ်မြို့နယ်တောင်ပိုင်းဒေသ၊ မြဝတီမြို့နယ်ရှိ မုလအိနှင့်ထီးဝါပလောဒေသများသို့ မတ်လ ၁၈ ရက်မှ ၃၁ ရက်အတွင်း ဆောင်ရွက်သွားမည်ဟု PEDU တာဝန်ရှိသူများကပြောသည်။
PEDU ဦးဆောင်တာဝန်ခံဆရာတော် အရှင်ဥတ္တမ(မာန်နာဲဃှီ့)က “ဆရာတော်ကြီး(အရှင်ပညာသာ မိ)ရဲ့ လမ်းညွှန်မှုနဲ့အတူ COVID-19 ကူးစက်ပြန့်ပွားနိုင်ပုံ၊ ဆောင်ရန် ရှောင်ရန်အကြောင်းတွေကို ကျေးရွာဖက်ခြမ်းက လူထုတွေသိရှိပြီး ကြိုတင်ကာကွယ်နိုင်ဖို့ ရည်ရွယ်လုပ်ဆောင်ရခြင်းဖြစ်ပါတယ်။” ဟု ကေအိုင်စီသို့ မတ် ၁၇ ရက်တွင် မိန့်သည်။
၁၄ ရက်တာ ပြုလုပ်သွားမည့် COVID-19 ရောဂါ ကျန်းမာရေးပညာပေးလုပ်ငန်းများကို PEDU လူငယ်များမှ လက်ကမ်းစာစောင်၊ ဗီနိုင်း၊ ပိုစတာများအသုံးပြုကာ ကျေးရွာများအလိုက် အိမ်တိုင်အ ရောက် လုပ်ဆောင်ပေးသွားမည်ဟုလည်း သိရသည်။
ကိုရိုနာဗိုင်းရပ်စ်ကို ကမ္ဘာလုံးဆိုင်ရာကပ်ရောဂါအဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)က မတ်လ ၁၁ ရက်တွင် ကြေညာအပြီး အစိုးရက လူစုလူဝေးဖြင့်ကျင်းပသည့် အခမ်းအနားများ၊ ပွဲလမ်းသ ဘင်များ ကို ၂၀၂ဝ ခုနှစ် မတ် ၁၃ မှ ဧပြီ ၃ဝ ရက်အထိ မပြုလုပ်ကြရန် ပန်ကြားချက်တစ်စောင် ထုတ်ပြန်ထား သည်။
မတ်လ ၁၇ ရက်နေ့အထိ ကိုရိုနာဗိုင်းရပ်စ်(COVID-19)ရောဂါကြောင့် နိုင်ငံပေါင်း ၁၆၃နိုင်ငံတွင် ရော ဂါပိုးကူးစက်သူ ၁၈၃,၃၀၉ ဦးရှိသည့်အနက် သေဆုံးသူ ၇,၁၇၇ ရှိပြီး ကရင်ပြည်နယ်၏ အိမ်နီး ချင်း ထိုင်းနိုင်ငံတွင် ၁၇၇ ဦးကူးစက်ခံထားရသူထဲတွင် ၁ ဦးသေဆုံးခဲ့သည်ဟု သိရသည်။