Home သတင်း ‌ကော့ကရိတ်-ကျိုက်ဒုံလမ်းတွင် သစ်တင်ကားများ ညစဉ်ဖြတ်သွားမှု‌ကြောင့် လမ်းပျက်ပြီး လမ်း‌ဘေး‌နေ ‌ဒေသ ခံများအ‌နှောင့်အယှက်ဖြစ်

‌ကော့ကရိတ်-ကျိုက်ဒုံလမ်းတွင် သစ်တင်ကားများ ညစဉ်ဖြတ်သွားမှု‌ကြောင့် လမ်းပျက်ပြီး လမ်း‌ဘေး‌နေ ‌ဒေသ ခံများအ‌နှောင့်အယှက်ဖြစ်

1801

မတ်လ ၁၈ ရက်၊ ၂၀၂ဝ ခုနှစ်။ နန်း‌ဝေဖြိုးဇာ

ကရင်ပြည်နယ် ‌ကော့ကရိတ်မြို့နယ်နှင့် ကြာအင်းဆိပ်ကြီးမြို့နယ်ကြားရှိ ‌ကော့ကရိတ် -ကျိုက်ဒုံလမ်းပိုင်းတွင် ယခုနှစ် ဆန်းပိုင်းမှစ၍ လက်ရှိအချိန်ထိ သစ်လုံးကြီးများတင်‌ဆောင်လာသည့် သစ်တင်ကားကြီးများ ည စဉ် ဖြတ်သွားသည့်အတွက် လမ်းများပျက်စီးပြီး လမ်း‌ဘေးတ‌လျှောက်တွင် ‌နေထိုင်သည့် ‌ဒေသခံများအတွက် အ‌နှောင့်အယှက်ဖြစ်ရသည်ဟု သိရသည်။

သစ်တင်ကားကြီးများသည် လူသူအိပ်‌နေသည့် ညပိုင်းအချိန်ခန့်တွင် ညလုံး‌ပေါက်နီးပါး ညစဉ်ညတိုင်း ဖြတ် သန်းသွားလာမှု‌ကြောင့် ‌ကျေးရွာလူထုအတွက် အိပ်ချိန်အ‌နှောင့်အယှက်ရဖြစ်သလို လမ်းများပျက်စီးပြီး ဖုန်များ အဆမတန်ထလာသည့်အတွက် လမ်း‌ဘေး‌နေလူထုများ မခံမရပ်နိုင်ဖြစ်‌နေရသည်ဟု ‌ဒေသခံများက ‌ပြော သည်။

သစ်ကားများ ဖြတ်သွားရာတွင် ပါဝင်သည့် ကျိတ်‌ကျေးရွာမှ ရွာသူ နန်းသန်း‌အေးက “အိပ်‌ကောင်းတဲ့အချိန် ဆိုရင် ကားကြီး‌တွေအသံဆူဆူညံညံနဲ့ပြန်လာပြီး အိမ်ကလမ်း‌ဘေးမှာဆို‌တော့ အိမ်ကတုန်ခါ‌တောင်တုန်ခါသွား တယ်။ ဖုန်‌တွေက ‌ပြောမ‌နေနဲ့‌တော့ မိုးလင်းလာရင် အိမ်ထဲမှာဖုန်အပြည့်ပဲ ဖုန်‌တွေအဆမတန်ရှူ‌နေရရင် ‌ရေရှည်အတွက် ကျန်းမာ‌ရေးထိခိုက်လာမှာ‌တော့ စိုးရိမ်ရတယ်” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းသယ်‌ဆောင်လာသည့်သစ်များမှာ မုလအိ‌တောင်နှင့် ဆက်နွယ်သည့် ‌တောင်‌ကြောများတွင် ထုတ်လုပ်သ လို ကျိုက်ဒုံမြို့အ‌ရှေ့ဘက်ခြမ်းရှိ ထီ‌မော်‌ဒေသဘက်တွင်လည်း ပါဝင်ကာ သက်တမ်းရှည်သစ်လုံးကြီးများ ဖြစ် သည့်အတွက် သစ်‌တောပြုန်းတီးသွားမှာကိုလည်း အဆိုပါ‌ဒေသရှိလူထုများက စိုးရိမ်‌နေကြသည်ဟု သိရ သည်။

‌ဒေသအ‌ခြေအ‌နေများကို သွား‌ရောက်ကြည့်ရှုခဲ့သူ ကရင်ပြည်နယ် စာ‌ပေယဉ်‌ကျေးမှုပြန့်ပွား‌ရေးအသင်း ဥက္ကဋ္ဌ ‌စော‌အေးမြက“သွားတဲ့အချိန်မှာ သစ်သယ်တာက အများကြီးမ‌တွေ့ရဘူး။ ဒါ‌ပေမယ့် သစ်သယ်တဲ့ကား‌တွေက လမ်း‌ဘေး‌တွေမှာ ရပ်ထားတာ‌တော့ ‌တွေ့ရတယ်။ ရွာ‌တွေထဲမှာသစ်ကားကြီးဖြတ်‌တော့ ‌ဒေသခံလူထု‌တွေက လည်း ခံ‌နေရတယ်။ သစ်ကိစ္စကကြီးတယ်ဆို‌တော့ လူထု‌တွေက သိပ်မ‌ပြောရဲကြဘူး။ ဒီ်‌လောက်အထိ ထုတ် ‌တော့ အကုန်ပြုန်းသွားမှာကို အားလုံးက စိုးရိမ်‌နေရတယ်။ ‌ဒေသအာဏာပိုင်‌တွေက ဘာလို့မ‌ပြောတာလဲ စဉ်းစားစရာဖြစ်တယ်” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

အဆိုပါ သစ်သယ်‌ဆောင်သူတာဝန်ခံများကို ‌ဒေသခံများ နာမည်ထုတ်‌ဖော် မ‌ပြောရဲကြသလိုအများနှင့် သစ် ထုတ်လုပ်ကြသည့်အတွက် ‌ဒေသအာဏာပိုင်နှင့် နှစ်ဦးနှစ်ဖက် သ‌ဘောတူပြီးမှ သယ်‌ဆောင်သည့်သစ်များ ဖြစ်သည်ဟု ‌ဒေသခံများက ဆိုသည်။

ထိုသစ်များကို ကျိုက်ဒုံ-ကြာအင်းဆိပ်ကြီးလမ်း‌ကြောင်းဘက်တွင်လည်း သယ်‌ဆောင်မှုအချို့ပြုလုပ် လျက်ရှိ သလို ကျိုက်ဒုံမှ ‌ကော့ကရိတ်ဘက်သို့ သယ်‌ဆောင်မှု အများဆုံး ပြုလုပ်ကြသည်။ ပြီးခဲ့သည့် မိုးကုန်ကာလမှစ တင်၍ ၈ ဘီး ၁ဝ ဘီး သစ်တင်ကားကြီးများဖြင့် ညစဉ်သယ်‌ဆောင်ပြီး တစ်ညလျှင် ပျမ်းမျှ သစ်တန်ချိန် ၄ဝ ‌ကျော်အထိ သယ်‌ဆောင်‌နေကြသည်ဟု လမ်း‌ဘေးနားရှိ ‌နေထိုင်သည့် ‌ဒေသခံရွာသားများက ဆိုသည်။

အဆိုပါ သစ်ထုတ်လုပ်သည့်‌ဒေသတွင် တပ်မ‌တော်အပါအဝင် KNU-ကရင်အမျိုးသားအစည်းအရုံး လက် ‌အောက်ခံ ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော် (KNLA)၊ ဒီမိုက‌ရေစီအကျိုးပြု ကရင်တပ်မ‌တော် (DKBA)၊ နယ်ခြား‌စောင့်တပ် (BGF) စသည့် လက်နက်ကိုင်အဖွဲ့အစည်းများက ‌ရော‌နှောအုပ်ချုပ်သည့် ‌ဒေသ ဖြစ်သည်။

သစ်သယ်‌ဆောင်မှုနှင့်ပတ်သက်၍ KNU ဗဟို သစ်‌တောဌာနတာဝန်ခံ ပဒိုမန်းဘထွန်းက“ ဒီကိစ္စနဲ့ ပတ်သက်ပြီး ‌တော့လည်း ကျ‌နော်တို့အ‌နေနဲ့ အလိုမရှိပါဘူး။ ခရိုင်အဆင့်အ‌နေနဲ့က‌တော့ (ကိုင်တွယ်ဖို့) အစီအစဉ်ရှိပါ တယ်။ ဒါ‌ပေမယ့် သူတို့(ခရိုင်အဆင့်) လက်နက်ကိုင်အဖွဲ့စုံလုပ်တဲ့အတွက် ကာကွယ်ဖို့က ခက်တဲ့အ‌နေအထား မှာ‌တော့ရှိတယ်။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

အဆိုပါ ထုတ်လုပ်သည့် သစ်လုံးကြီးများသည် ‌တောင်‌ခြေ ‌တောင်ကြားနှင့် ‌ချောင်းဖျား‌ဒေသဘက်တွင်ရှိ‌သော သက်တမ်းရင့်သစ် များဖြစ်၍ ‌နောက်ဆက်တွဲ အကျိုးဆက်များရှိလာနိုင်သည့်အတွက် မလုပ်‌ဆောင်သင့်‌သော လုပ်ငန်းဖြစ်သည်ဟုလည်း ပဒိုမန်းဘထွန်းက ဆက်‌ပြောသည်။

‌ကော့ကရိတ်မြို့နယ်နှင့် ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ ‌ဒေါန‌တောင်တန်းဆက်နွယ်သည့် ‌တောင်‌ကြော တစ် ‌လျှောက်တွင် ယခင်အချိန်က သက်တမ်းရင့် သစ်များစွာရှိ‌သော်လည်း ယခုနှစ်‌နှောင်းပိုင်းတွင် သစ်အ‌မြောက် အမြား ထုတ်‌ရောင်းသည့်အတွက် သစ်‌တောများနည်းသွား‌နေပြီဟု သိရသည်။