Home သတင်း KNU တပ်မဟာ ၅ နယ်‌မြေအတွင်း တပ်မ‌တော် တပ်ရင်းမှူးတစ်ဦး မိုင်းထိမှန် ‌သေဆုံး

KNU တပ်မဟာ ၅ နယ်‌မြေအတွင်း တပ်မ‌တော် တပ်ရင်းမှူးတစ်ဦး မိုင်းထိမှန် ‌သေဆုံး

2253

ဇန်နဝါရီလ ၂၉ ရက်၊ ၂၀၂ဝ ခုနှစ်။ ‌ကေအိုင်စီ

ကရင်အမျိုးသားအစည်းအရုံး -KNU တပ်မဟာ ၅ တားမြစ်ထားသည့် နယ်‌မြေအတွင်း ဝင်‌ရောက်လာမှု‌ကြောင့် ပြီးခဲ့သည့် ဇန်နဝါရီလ ၂၇ ရက်‌နေ့က မြန်မာ့တပ်မ‌တော်ဘက်မှ အရာရှိတစ်ဦး မိုင်းထိ‌သေဆုံးမှုဖြစ်ပွားခဲ့ ‌ကြောင်း KNU ဘက်က ‌ပြောသည်။

အဆိုပါဖြစ်စဉ်မှာ KNU နယ်‌မြေများဖြစ်သည့် တပ်မဟာ ၂ နှင့် တပ်မဟာ ၅ နယ်‌မြေ အစတွင်ဖြစ်ပွား ခဲ့ခြင်း ဖြစ်ပြီး KNU ဘက်မှ လုံခြုံ‌ရေးအရ‌ထောင်ထားသည့် မိုင်းကိုရှင်းလင်းရာမှ ဖြစ်ပွားခဲ့ခြင်းဖြစ်‌ကြောင်း တပ်မဟာ ၅ မှ ‌ပြောခွင့်ရသူ ဗိုလ်မှူး ‌စောကလယ်ဒိုက ယခုလို ‌ပြောသည်။

၎င်းက “ တပ်မဟာ ၅ ဘက်က ‌ပြောထားပြီးသား တားမြစ်ထားပြီးသားဖြစ်တဲ့အတွက် လမ်းပိတ်ထားပြီး အဲလို ဗုံးချထားတာဖြစ်တယ်။ ဗုံးချထားကို သူတို့ဘက်က ဂရုမစိုက်ဘဲတက်လာတယ်။ သူတို့က ဗုံး‌တွေ့ရင်ဗုံး ‌ပေး‌ဖောက်ခွဲ လိုက်တယ်။ ဗုံး‌ဖောက်ခွဲ‌တော့ ‌ပေါက်ကွဲပြီး သူတို့လူကိုပြန်ထိတာဖြစ်တယ်” ဟု ‌ကေ အိုင်စီသို့‌ပြောသည်။

KNU တပ်မဟာ ၅ ဘက်မှ ‌ပြောဆိုချက်များအရ တပ်မ‌တော်အ‌နေဖြင့် KNU တပ်မဟာ ၂ နှင့် တပ်မဟာ ၅ အစအထိသာ ကားဖြင့်သွားလာခွင့်ပြု‌ကြောင်းနှင့် ရိက္ခာပို့သည့်အခါတွင်လည်း အဆိုပါ သတ်မှတ်ထားသည့် ‌နေရာအထိသာ ခွင့်ပြု‌ကြောင်း နှစ်ဖက်‌တွေ့ဆုံ‌ဆွေး‌နွေးပွဲများတွင် ‌ပြောဆိုထားသည်ဟု တပ်မဟာ ၅ တာဝန်ရှိသူများက ‌ပြောသည်။

ဒီဗွီဘီ သတင်းဌာန၏ ယ‌နေ့ သတင်းများအရ တပ်မ‌တော်ဘက်မှ ‌သေဆုံးသွားသူမှာ ခမရ ၇၀၉ မှ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး‌အောင်‌ကျော်စိုးဖြစ်သည်ဟု သိရပြီး KNU တပ်မဟာ ၅ ဘက်မှ တာဝန်ရှိသူများ၏ ‌ပြောဆိုချက်များ အရ ယင်းဖြစ်စဉ်တွင် တပ်မ‌တော်ဘက်မှ ၂ ဦးကျဆုံး၊ ၁ ဦးဒဏ်ရာရရှိ‌ကြောင်း ‌ပြောဆိုသည်။

ထို့အတူ ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များနှင့်ပတ်သက်၍ ဆွဲမိုင်းဖြင့်တိုက်ခိုက်ခံရခြင်းဖြစ်‌ကြောင်း တပ်မ‌တော်ဘက်မှ ‌တောင်ပိုင်းတိုင်းစစ်ဌာနချုပ် ‌ပြောခွင့်ရ ဗိုလ်မှူးကြီး‌ကျော်စိုးမိုး၏ ဒီဗွီဘီ သတင်းဌာနထံ ‌ဖြေကြားချက်များအ‌ပေါ် မဟုတ်မှန်‌ကြောင်း KNU တပ်မဟာ ၅ဘက်မှ ငြင်းဆိုသလို ထိုသို့ဆက်လက်လုပ်‌ဆောင်မည်ဆိုပါက ပဋိပက္ခများပိုမိုဖြစ်‌ပေါ်လာ‌စေမည်ဖြစ်‌ကြောင်းလည်း KNU တပ်မဟာ ၅က ‌ပြောသည်။

အဆိုပါဖြစ်စဉ်များနှင့်ပတ်သက်ပြီး အတည်ပြုနိုင်ရန်အတွက် ‌ကေအိုင်စီမှ ‌တောင်ပိုင်းတိုင်းစစ်ဌာနချုပ် ‌ပြောခွင့်ရ ဗိုလ်မှူးကြီး‌ကျော်စိုးမိုးထံ ယ‌နေ့ ‌နေ့လည် ၁၂ နာရီမှ ည ၇ နာရီ ခွဲအထိ ဖုန်းဖြင့် အကြိမ်ကြိမ်ဆက်သွယ်‌သော်လည်း ဖုန်းလက်ခံ‌ဖြေကြားခြင်းမရှိ‌သေး‌ပေ။

ပြီးခဲ့သည့် ဇန်နဝါရီ ၂၁ ရက်‌နေ့က မြန်မာ့တပ်မ‌တော်ဘက်မှ KNU တပ်မဟာ ၅ နယ်‌မြေအတွင် ဒရုန်းများဖြင့် စုံစမ်း‌ထောက်လှမ်းမှုများပြုလုပ်‌နေသည်ဟုဆိုကာ JMC – S ထံ စာ‌ရေးသားကန့်ကွက် မှုများပြုလုပ် သည့်ဖြစ်စဉ်များရှိခဲ့သည်။