Home သတင်း ‌ဒေါန‌တောင်‌ခြေရှိ စစ်‌ဘေး‌ရှောင်ပြည်သူအချို့ ရွာတွင် ပြန်လည်အ‌ခြေချ‌နေထိုင်ရန် အခက်အခဲရှိ‌နေဆဲ

‌ဒေါန‌တောင်‌ခြေရှိ စစ်‌ဘေး‌ရှောင်ပြည်သူအချို့ ရွာတွင် ပြန်လည်အ‌ခြေချ‌နေထိုင်ရန် အခက်အခဲရှိ‌နေဆဲ

2945
Photo: Nay Naw

ဇန်နဝါရီလ ၂၉ ရက်၊ ၂၀၂ဝ ခုနှစ်။ ‌နေ‌နော်

ကရင်ပြည်နယ်၊ ‌ကော့ကရိတ်မြို့နယ် ‌ဒေါန‌တောင်‌ခြေတွင် ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်က ခွဲထွက် (DKBA) အဖွဲ့နှင့် နယ်ခြား‌စောင့်တပ်(BGF) တို့ကြား ဖြစ်ပွားခဲ့‌သော တိုက်ပွဲများ‌ကြောင့် ထို‌ဒေသရှိ ‌ကျေးရွာများမှ စစ် ‌ဘေး‌ရှောင်ပြည်သူအချို့မှာ ၎င်းတို့ရပ်ရွာတွင် ပြန်လည်အ‌ခြေချ‌နေထိုင်ရန် ယခုအချိန်ထိ အခက်အခဲရှိ‌နေဆဲဖြစ် ‌ကြောင်း သိရသည်။

‌ကော့ကရိတ်မြို့နယ်၊ လှိုင်စိမ်း‌ကျေးရွာရှိ မိ‌ကျောင်းအင်းဘုန်း‌တော်ကြီး‌ကျောင်းတွင် ယ‌နေ့ နံနက် ၉ နာရီမှ ‌နေ့ လည် ၁ နာရီထိ ပြုလုပ်သည့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲ‌ရေးသ‌ဘောစာချုပ် -NCA လက်မှတ်‌ရေးထိုး ထားကြ‌သော ကရင်တိုင်းရင်းသားလက်နက်ကိုင်(၄)ဖွဲ့တို့ ကရင်တစ်မျိုးသားလုံးညီညွတ်‌ရေးနှင့် ပြန်လည်သင့် မြတ်‌ရေး‌ဆွေး‌နွေးပွဲသို့ တက်‌ရောက်လာကြ‌သော ‌ဒေါန‌တောင်‌ခြေရှိ ‌ကျေးရွာများမှ ပြည်သူအချို့က ထိုသို့ တင်ပြ‌ပြောဆိုခဲ့ခြင်းဖြစ်သည်။

“ကျမတို့ ရွာမှာ ၂၀၁၅ ခုနှစ် တိုက်ပွဲဖြစ်ပြီး ရွာက အိမ်‌တွေမီးရှို့ခံလိုက်ရလို့ ကျမတို့တ‌တွေ အခုဆိုရင် ‌ဆွေမျိုး ‌တွေရှိရာ ‌ကြောင်လျှာကုန်းရွာမှ ‌နေထိုင်ခဲ့တာ အခုထိပါပဲ။ အခု ရွာ‌တွေမှာ (BGF) တပ်‌တွေက စခန်းချ‌နေ ထိုင် ကြပြီး တစ်ခါတစ်ရံ အရက်‌သေစာ‌သောက်စားပြီး ‌သေနတ်ပစ်‌ဖောက်တာ‌တွေရှိသလို ကျမတို့အရင်လို မျှစ်ချိုး၊ ထင်း‌ခွေ အစရှိတဲ့ အလုပ်‌တွေလုပ်ဖို့ လွတ်လွတ်လပ်လပ်သွားလာခွင့်မရှိဘဲ စစ်‌ဆေး‌မေးမြန်း ကန့်သတ် မှု‌တွေ ရှိ‌နေတဲ့အတွက် စိတ်ကျဉ်းကြပ်‌စေပြီး လွတ်လပ်တယ်လို့ မခံစားရပါဘူး။ ယခင်တိုက်ပွဲမဖြစ်ခင် ကလို ကျမ တို့ရွာမှာ ဘယ်လက်နက်ကိုင်အဖွဲ့မှ မရှိဘဲ ‌အေး‌အေးချမ်းချမ်း ‌နေချင်ပါတယ်”ဟု ပျားပင်ရွာသူ တစ်ဦးက ‌ပြောကြားသည်။

ယ‌နေ့ ‌တွေ့ဆုံပွဲတွင် ရန်ကုတ် ‌ကျောင်းဆရာ‌တော် ဦးဝိစာရ၊ ကရင့်လက်နက်ကိုင်(၄)ဖွဲ့မှ ကရင်အမျိုးသားအ စည်းအရုံး -KNU၏ ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော် -KNLA တပ်မဟာ(၇) ဗျူဟာမှူး ဗိုလ်မှူးကြီး ‌စော‌ဖောဒို၊ ဒီမိုက‌ရေစီအကျိုးပြု ကရင့်တပ်မ‌တော်(DKBA) ဆက်ဆံ‌ရေးရုံးများဌာနမှူး ဗိုလ်မှူးကြီး ‌စော‌ကျော် သန်း‌ဌေးနှင့် ဒုဗိုလ်မှူးကြီး ‌စောမိုး‌ကျော်သူ၊ KNU/KNLA PC -ကရင်ငြိမ်းချမ်း‌ရေး‌ကောင်စီမှ ဗိုလ်မှူး ‌စောဝင်း ‌ကျော်၊ နယ်ခြား‌စောင့်တပ်(BGF)မှ ဗိုလ်မှူး ဒိ‌ကျော်‌နော် နှင့် ရန်ကုတ်၊ ထိဖိုးစံ၊ တတန်ကူး စသည့်‌ကျေးရွာ အုပ်စု တို့ရှိ ‌ကျေးရွာ‌ပေါင်း ၂ဝ ခန့်မှ ပြည်သူ ၃၀ဝ ခန့် တက်‌ရောက်ခဲ့ကြသည်။

Photo: Nay Naw

‌တွေ့ဆုံပွဲတွင် ‌ကောင်းမှုနှင့်ပျားပင်ရွာမှ ပြည်သူများ ပြန်လည်အ‌ခြေချ‌နေထိုင်နိုင်‌ရေး၊ အရက်‌သေစာ‌သောက် စားပြီး ‌သေနတ်ပစ်‌ဖောက်မှု ကျူးလွန်‌သောတပ်ဖွဲ့ဝင်များကို အကြီးအကဲများမှ စည်းကမ်းဖြင့် ထိန်းသိမ်းတည့် မတ်‌ပေး‌ရေး၊ ‌ကျေးရွာတွင်း မူးယစ်‌ဆေးဝါး‌ဖောင်းပွခြင်းပြဿနာ၊ သစ်‌တောပြုန်းတီးမှု ကာကွယ်‌ရေး၊ ‌ကောင်းမှု ရွာအစပ်‌ကျောက်‌တောင်မှ ‌ကျောက်မီး‌သွေးသုံး သံရည်ကြိုစက်ရုံမှ စွန့်ပစ်‌ရေဆိုးများမှာ ရွာထဲသို့ စီးဆင်းလာ သဖြင့် ‌ဒေသခံပြည်သူများ ကျန်းမာ‌ရေးအတွက် ထိန်းသိမ်း‌ပေး‌စေလိုခြင်း အစရှိသည်တို့ကို ပြည်သူများက ‌တောင်းဆို ‌ဆွေး‌နွေးခဲ့ကြသည်။

KNU ၏ KNLA တပ်မဟာ(၇)မှ ဗျူဟာမှူး ဗိုလ်မှူးကြီး‌စော‌ဖောဒိုက “ တိုက်ပွဲ‌တွေဖြစ်ပြီး ရွာကိုစွန့်ပစ်သွားကြတဲ့ ရွာသား‌တွေက သူတို့ရွာ‌တွေကို အခုလို‌အေးချမ်းတဲ့အချိန်မှာပြန်လာပြီး ‌နေချင်ကြတယ်။ ဒါ‌ပေမယ့် လက်နက် ကိုင်တိုင်းရင်းသား‌တွေကရှိ‌နေကြ‌တော့ ပြန်လာ‌နေကြရာမှာ မလိုလားအပ်တဲ့ ပြဿနာ‌တွေဖြစ်နိုင်တဲ့အတွက် အခုဒီ‌နေ့မှာ ရွာသား‌တွေနဲ့‌တွေ့ဆုံပြီး ဒီပြဿနာ‌တွေကို ဘယ်လိုစု‌ပေါင်း‌ဖြေရှင်းကြ မယ်ဆိုတာ‌တွေ့ ဆုံ‌ဆွေး‌နွေးအ‌ဖြေရှာကြတာဖြစ်တယ်”ဟု ‌တွေ့ဆုံပွဲတွင် ‌ပြောကြားခဲ့သည်။

ထို့အပြင် ‌ဒေသအတွင်း ပြဿနာတစ်စုံတစ်ခုရှိလာပါက ‌ဖြေရှင်းနိုင်ရန်အတွက်ရည်ရွယ်ပြီး ဆရာ‌တော် သံဃာ ‌တော်များ၊ ကရင်တိုင်းရင်းသား လက်နက်ကိုင် ၄ဖွဲ့မှ ‌ခေါင်း‌ဆောင်များ၊ ‌ကျေးရွာ‌နေပြည်သူလူထုများ ပါဝင်‌သော ‌ဒေသဖွံ့ဖြိုး‌ရေး‌ကော်မတီတစ်ရပ်ကို ‌တွေ့ဆုံပွဲတွင် ဖွဲ့စည်းနိုင်သည်ဟု ဗိုလ်မှူးကြီး‌စော‌ဖောဒိုက ဆက်‌ပြောသည်။

ပြီးခဲ့‌သော ၂၀၁၅ ခုနှစ် ၊ ဇူလိုင်လဆန်းပိုင်းတွင် မြဝတီ-‌ကော့ကရိတ် အာရှလမ်းမကြီးကို အ‌ကြောင်းပြု၍ ခွဲထွက် DKBA အဖွဲ့နှင့် ကရင်ပြည်နယ် နယ်ခြား‌စောင့်တပ်တို့အကြား ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သည်။ ထိုပစ်ခတ်မှု‌ကြောင့် ‌ဒေါန‌တောင်‌ခြေရှိ ‌ကောင်းမှု၊ ပျားပင်၊ လှိုင်းစိမ်း စသည့် ‌ကျေးရွာများမှ ‌ထောင်နှင့်ချီ‌သော ‌ဒေသခံရွာသားများမှ နီးစပ်ရာ ‌ကျေးရွာများသို့ လအတန်ကြာ စစ်‌ရှောင်ခဲ့ကြရသည်။ ‌ဒေသအတွင်း ပစ်ခတ်မှုများ မရှိ‌တော့၍ ၎င်းတို့‌ကျေးရွာအတွင်း ပြန်လည်‌နေထိုင်ကြ‌သော်လည်း လတ်တ‌လောတွင် လက်နက်ကိုင်အဖွဲ့များ အ‌ခြေချ‌နေဆဲဖြစ်၍ စိုးရိမ်မှုများ ရှိ‌နေဆဲဖြစ်သည်ဟု ‌ပြောဆိုကြသည်။