Home သတင်း နိုင်ငံခြား‌ရောက် ကရင်အမျိုးသားများနှင့် ‌ကေအဲန်ယူတစ်ရက်တာ‌တွေ့ဆုံ‌ဆွေး‌နွေး

နိုင်ငံခြား‌ရောက် ကရင်အမျိုးသားများနှင့် ‌ကေအဲန်ယူတစ်ရက်တာ‌တွေ့ဆုံ‌ဆွေး‌နွေး

2254
Photo: KNU

ဒီဇင်ဘာ၃ဝရက်၊ ၂၀၁၉ခုနှစ်။ ‌ကေအိုင်စီ

‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးနှင့်နိုင်ငံတကာ‌ရောက် ကရင်အမျိုးသားများ ‌တွေ့ဆုံ‌ဆွေး‌နွေးမှုတစ်ရပ်ကို ၂၀၁၉ခုနှစ် ဒီဇင်ဘာ ၃ဝရက်‌နေ့တွင် ‌ကေအဲန်ယူ ဌာနချုပ်၊ ဖားအံခရိုင် ‌လေးဝါး၌ကျင်းပပြုလုပ်ခဲ့ကြသည်ဟု‌ကေအဲန်ယူဗဟိုသတင်းနှင့် ပြန်ကြား‌ရေးအင်တာနက်စာမျက်နှာတွင် ယ‌နေ့ သတင်းထုတ်ပြန်ထားသည်။

နိုင်ငံတကာ‌ရောက် ကရင်များနားလည်မှုအား‌ကောင်းလာ‌စေရန်နှင့် ပူး‌ပေါင်းပါဝင်မှု ပိုမိုအား‌ကောင်းလာ‌စေရန်ရည်ရွယ်ချက်ဖြင့် ပြုလုပ်‌သောအဆိုပါ‌တွေ့ဆုံပွဲတွင် အ‌မေရိကန်၊ ဩစ‌တြေးလျား၊ က‌နေဒါနှင့် ‌နော်‌ဝေနိုင်ငံများမှ ကရင် ၂၅ဦးနှင့် ‌ကေအဲန်ယူမှ ဥက္ကဌ‌စောမူတူး‌စေးဖိုး၊ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး‌စော‌ဂျော်နီ အပါအဝင် အရပ်ဖက်၊ တပ်ဖက် ‌ခေါင်း‌ဆောင်များက‌တွေ့ဆုံ‌ဆွေး‌နွေးခဲ့ကြခြင်းဖြစ်သည်။

‌တွေ့ဆုံပွဲတွင် ပါဝင်သူ‌ကေအဲန်ယူတွဲဘက် အတွင်း‌ရေးမှူး(၂) ပဒို‌စောလှထွန်းက“တစ်ရက်တည်းလုပ်ရတယ်ဆို‌ပေမယ့် တကယ် အားရ‌ကျေနပ်မှု ရှိပါတယ်။ အရင် ‌ကေအဲန်ယူနဲ့ပတ်သက်ပြီး ကြားခဲ့ကြတဲ့ သတင်းမျိုးစုံအ‌ပေါ် သူတို့‌တွေ ပိုပြီးနားလည်သ‌ဘော‌ပေါက်လာတယ်။ မရှင်းတာ‌တွေကိုလည်းပွင့်ပွင့်လင်းလင်း‌ဆွေး‌နွေးတင်ပြ ‌မေးမြန်းမှု‌တွေရယ်၊ ကရင်အမျိုးသား‌တွေကြားစည်းလုံးညီညွှတ်မှုကိုတည်‌ဆောက်ဖို့ရယ်၊ ပိုမို‌ကောင်းမွန်တဲ့ ဆက်သွယ်မှု‌တွေထားရှိဖို့နဲ့ ဘယ်လိုပူး‌ပေါင်း‌ဆောင်ရွက်သွားကြမလဲဆိုတဲ့ အမြင်သ‌ဘောထား‌တွေကိုတင်ပြ‌ဆွေး‌နွေးဖြစ်ခဲ့ကြပါတယ်။”ဟု‌ကေအိုင်စီသို့ ‌ပြောသည်။

Photo: KNU

ထို့အပြင် နိုင်ငံတကာ‌ရောက် ကရင်အမျိုးသားများအတွက် ‌ကေအဲန်ယူ၏ ဖွဲ့စည်းပုံထဲတွင် အသိအမှတ်ပြုမှုအပိုင်းကိုလည်း ပါဝင်ထည့်သွင်းသွားရန်နှင့် နိုင်ငံတကာတွင် ‌ကေအဲန်ယူကိုယ်စားလှယ် မည်သို့ထားရှိသင့်သည်ဆိုသည့် အကြံပြုမှုများကိုပါ ‌ဆွေး‌နွေးဖြစ်ခဲ့ကြ‌ကြောင်းပဒို‌စောလှထွန်းကထပ်မံ‌ပြောဆိုသည်။

၎င်း‌တွေ့ဆုံပွဲ၌ ‌ကေအဲန်ယူဥက္ကဌ ဗိုလ်ချုပ်ကြီး‌စောမူတူး‌စေးဖိုးနှင့် ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး‌စော‌ဂျော်နီတို့က တက်‌ရောက်လာ‌သော နိုင်ငံခြား‌ရောက် ကရင်အမျိုးသားများကိုကြိုဆိုနှုတ် ခွန်းဆက်စကားနှင့် တိုက်တွန်းအား‌ပေးစကားများလည်း ‌ပြောကြားခဲ့သည့်အပြင် လက်ရှိနိုင်ငံ‌ရေးအ‌ခြေအ‌နေ၊ပြည် တွင်းငြိမ်းချမ်း‌ရေးနှင့်ပတ်သက်၍ ‌ကေအဲန်ယူ၏ ကြိုးပမ်း‌ဆောင်ရွက်မှုများကိုလည်း ‌ဆွေး‌နွေးခဲ့ကြသည်။

‌ကေအဲန်ယူ(ဗဟို) စည်းရုံး‌ရေးနှင့်ပြန်ကြား‌ရေးဌာန၊ နိုင်ငံခြား‌ရေးဌာနနှင့် ဖြန့်ကျက်‌နေထိုင်‌သောကရင်လူမျိုးများဆက်ဆံ‌ရေး‌ကော်မတီတို့စီစဉ်ကျင်းပသည့် ‌တွေ့ဆုံ‌ဆွေး‌နွေးမှုတွင် တက်‌ရောက်လာကြသူအများစုမှာသက်ဆိုင်ရာနိုင်ငံများမှ အလည်အပတ်ဖြင့်ပြန်လာ‌သောတသီးပုဂ္ဂလကိုယ်စားပြုများသာ ဖြစ်ကြပြီး ‌နော်‌ဝေနိုင်ငံမှ Karen Community Norway-KCN တစ်ဖွဲ့သာကိုယ်စားလှယ်‌စေလွှတ်၍ ၎င်းတို့အဖွဲ့ လှုပ်ရှား‌ဆောင်ရွက်မှု အစီရင်ခံစာကို‌ပေးပို့ခဲ့သည်ဟုသိရသည်။

ဤ‌တွေ့ဆုံမှုတွင် ‌ကေအဲန်ယူမှ ဥက္ကဌနှင့် စစ်ဦးစီးချုပ်တို့အပြင် နိုင်ငံခြား‌ရေးဌာနတာဝန်ခံ ပဒို‌စော‌တောနီး၊ စည်းရုံး ‌ရေးဌာနတာဝန်ခံ ပဒို‌စောလှထွန်း၊ ပဒို‌စောကလယ်‌စေး၊ ဖားအံခရိုင် ဥက္ကဌပဒို‌စော‌အောင်‌မော်‌အေး၊ဗဟိုအမြဲတမ်း ‌ကော်မတီဝင် ပဒို‌စောအယ်ထူး ပဒို‌စောရှဒြပ်ဒူးနှင့် ‌ကေအဲန်ယူစစ်ဌာနချုပ်မှ ‌ခေါင်း‌ဆောင်များ ပါဝင်‌ကြောင်း ‌ကေအဲန်ယူ၏ သတင်းထုတ်ပြန်ချက်တွင် ‌ဖော်ပြထားသည်။