Home သတင်း ဧရာဝတီတိုင်း စာယဉ် ဒုဥက္ကဌ မန်းထွန်းလင်း ကွယ်လွန်

ဧရာဝတီတိုင်း စာယဉ် ဒုဥက္ကဌ မန်းထွန်းလင်း ကွယ်လွန်

2369
ဧရာဝတီတိုင်း‌ဒေသကြီး ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု ‌ကော်မတီ ဒုဥက္ကဌ မန်းထွန်းလင်း

ဒီဇင်ဘာ ၁ဝရက်၊ ၂၀၁၉ ခုနှစ်။ ‌ကေအိုင်စီ

ဧရာဝတီတိုင်း‌ဒေသကြီး ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု ‌ကော်မတီ ဒုဥက္ကဌ မန်းထွန်းလင်းသည် ယ‌နေ့(ဒီဇင်ဘာ ၁ဝ ရက်) ၊ ည ၈ နာရီ‌ကျော်တွင် ကင်ဆာ‌ရောဂါဖြင့် ‌မြောင်းမြမြို့နယ်၊ ‌နေအိမ်၌ ကွယ်လွန်သွား‌ကြောင်း မိသားစုဝင်များက ‌ပြောသည်။

“ ည ၈ နာရီ ၁၅ မိနစ်မှာ ဆုံးသွားတယ်။ သူ့သမီးက လှမ်း‌ပြောတယ်။ သူက အဆုတ်ကင်ဆာ‌ရောဂါကို ခံစား ‌နေရတာ၊ ကင်ဆာက အသည်းထိ ‌ရောက်သွားပြီး အဲ့‌ရောဂါနဲ့ပဲ ဆုံးသွားတယ်။ စိတ်မ‌ကောင်း ဖြစ်ရပါတယ်” ဟု ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု လုပ်ငန်းများကို အတူတွဲလုပ်ခဲ့သူ ရန်ကုန်တိုင်းစာ‌ပေနှင့် ယဉ်‌ကျေးမှု‌ကော်မတီ အတွင်း‌ရေးမှူး မန်းသန်းဝင်းဦးက ‌ကေအိုင်စီသို့ ‌ပြောသည်။

မန်းထွန်းလင်းသည် ‌မြောင်းမြမြို့နယ်၊ ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု‌ကော်မတီ အတွင်း‌ရေးမှူးတာဝန်ကို ထမ်း‌ဆောင်‌နေသူ ဖြစ်သလို ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု အပိုင်းတွင် တက်တက်ကြွကြွလုပ်‌ဆောင်ခဲ့သည့်အတွက် လူသိများ‌လေး စားခြင်းခံရသူတစ်ဦးဖြစ်‌ကြောင်း ရင်းနှီးသည့် မိတ်‌ဆွေများက ‌ပြောသည်။

သူကွယ်လွန်ချိန်တွင် အသက် ၆၆ နှစ်အရွယ်ရှိပြီး ဇနီးနှင့် သားသမီး ၅ ဦး၊ ‌မြေးတစ်ဦးတို့ကျန် ရစ်ခဲ့‌ကြောင်း သိရသည်။ သူ၏ ဈာပန အခမ်းအနားကို ဒီဇင်ဘာ ၁၂ ရက်‌နေ့တွင် ပြုလုပ်သွားမည် ဖြစ်သည်။