Home သတင်း လူ့အခွင့်အ‌ရေး လှုပ်ရှားမှုတွင် လူငယ်များ ပိုမိုပါဝင်လာရန် KHRG တိုက်တွန်း

လူ့အခွင့်အ‌ရေး လှုပ်ရှားမှုတွင် လူငယ်များ ပိုမိုပါဝင်လာရန် KHRG တိုက်တွန်း

2631
သထုံခရိုင်၊ ဘီးလင်းမြို့နယ်၊ ကွီး‌လေး ‌ကျေးရွာ တွင် ကျင်းပခဲ့သည့် လူ့အခွင့်အ‌ရေး‌နေ့ (Photo_KIC)


ဒီဇင်ဘာ ၁ဝ ရက်၊ ၂၀၁၉ ခုနှစ်။ စအိုင်ဆူူး

လူ့အခွင့်အ‌ရေး လှုပ်ရှားမှုတွင် လူူငယ်များ ယခင်ထက် ပိုမို ပါဝင်လှုပ်ရှားရန် လိုအပ်‌ကြောင်း ယ‌နေ့ (ဒီဇင်ဘာလ ၁ဝရက်)တွင် ကျ‌ရောက်သည့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အ‌ရေး‌နေ့တွင် ကရင် လူ့အခွင့်အ‌ရေးအဖွဲ့-KHRG က တိုက်တွန်း‌ပြောဆိုလိုက်သည်။

မြန်မာနိုင်ငံတွင် ယ‌နေ့အချိန်ထိ လူူ့အခွင့်အ‌ရေး ချိုး‌ဖောက်မှုများ ယခင်နှင့်မတူူညီသည့် ပုံစံများ ဆက်ရှိ‌နေဆဲ ဖြစ်ပြီး လူ့အခွင့်အ‌ရေး တရားမျှတမှု အတွက် လက်လှမ်းမမီ‌သေးသည့် အ‌ခြေအ‌နေ များစွာရှိ‌နေ‌သေး‌သော ‌ကြောင့် လူငယ်များအ‌နေဖြင့် ပိုမိုပါဝင်လာရန် လိုအပ်‌ကြောင်း သထုံခရိုင်၊ ဘီးလင်းမြို့နယ်၊ ကွီး‌လေး ‌ကျေးရွာ တွင် ကျင်းပခဲ့သည့် လူ့အခွင့်အ‌ရေး‌နေ့တွင် ထိုသို့တိုက်တွန်း‌ပြောဆိုခဲ့ခြင်းဖြစ်သည်။

KHRGအဖွဲ့ညွှန်ကြား‌ရေးမှူး ‌နော်ထူးထူးက “လူ့အခွင့်အ‌ရေးချိုး‌ဖောက်မှုက ပုံစံအသစ်‌တွေ အများကြီး‌ပေါ် ‌ပေါက်လာတယ်။ နည်းသွားတာမျိုးမရှိသလို များလာတာလည်းမရှိဘူူး။ နှစ်စဉ် ‌မြေယာပြဿနာ‌တွေ ဖွံ့ဖြိုး‌ရေး စီမံကိန်း‌တွေ‌ကြောင့် ‌ဒေသခံဋ္ဌာ‌နေတိုင်းရင်းသား‌တွေအ‌ပေါ် လူ့အခွင့်အ‌ရေးအရ ရပိုင်ခွင့်‌တွေကို မလိုက်နာ တဲ့လုပ်ရပ်‌တွေ‌ကြောင့် ‌ဒေသခံ‌တွေမှာ ထိခိုက် မှု‌တွေခံ‌နေရဆဲပါ” ဟု ‌ကေအိုင်စီသို့‌ပြောသည်။

ထို့အပြင် မြန်မာပြည်တွင်း၌ လူ့အခွင့်အ‌ရေး လှုပ်ရှားမှုတွင် လူငယ်များ ပိုမိုပါဝင်လာသည်ကို မြင်‌တွေ့ရ‌ကြောင်း နှင့် ယ‌နေ့ ကမ္ဘာ့ကုလသမဂ္ဂမှ လူ့အခွင့်အ‌ရေး‌နေ့အတွက် တိုက်တွန်းချက်တွင်လည်း လူသားအားလုံးအခွင့် အ‌ရေးအတွက် လူငယ်များရပ်တည်‌ပေးရန် ပါရှိခြင်း‌ကြောင့် ယခင်ထက် လူငယ်များပိုမိုပါဝင်လှုပ်ရှားလာမည် ကို ယုံကြည်‌ကြောင်းလည်း ‌နော်ထူးထူးက ဆက်‌ပြောသည်။

လူ့အခွင့်အ‌ရေး လှုပ်ရှားမှုတွင် လူငယ်များပါဝင်မှုကို ယခင်လများက ဖြစ်ပွားခဲ့သည့် ကရင်နီ(ကယား)လူငယ် များ၏ ဗိုလ်ချုပ်‌အောင်ဆန်း‌ကြေးရုပ်တု စိုက်ထူမှုအ‌ပေါ်ကန့်ကွက်ဆန္ဒပြခြင်းအပြင် ဩဂုတ်လ ၁၂ရက်‌နေ့တွင် ကျ‌ရောက်သည့် ကရင်အာဇာနည်‌နေ့ကို အစိုးရပိတ်ပင်ကန့်သတ်မှုကြားမှ ဦး‌ဆောင်ခဲ့သည့် ‌နော်အုန်းလှအပါ အဝင် ကရင်လူငယ်နှစ်ဦးတို့ကို KHRGမှ ယ‌နေ့ လူ့အခွင့်အ‌ရေး‌နေ့အတွက် ထုတ်ပြန်သည့် ထုတ်ပြန်ချက်၌ အဓိက မီး‌မောင်းထိုးပြခဲ့သည်။

မြန်မာနိုင်ငံအ‌နေဖြင့် နိုင်ငံတကာ လူ့အခွင့်အ‌ရေးနှင့် လူသားချင်း စာနာ‌ထောက်ထားမှု စာချုပ်ကို ပါဝင် လက်မှတ်‌ရေးထိုးခဲ့သည့် အဖွဲ့ဝင်နိုင်ငံဖြစ်‌သော်လည်း အစိုးရ၊ စစ်တပ် စသည့် အာဏာရသူများမှ ‌ဒေသတွင်း လူ့အခွင့်အ‌ရေး ချိုး‌ဖောက်မှုကိုများကို ပုံစံအမျိုးမျိုးဖြင့် ကျူလွန်း‌နေဆဲဖြစ်သလို အလားတူ တခြား‌သော တိုင်းရင်းသား လက်နက်ကိုင်အင်အားစုများလည်း ချိုး‌ဖောက်ကျူးလွန်မှုများရှိ‌နေ‌ကြောင်း မြန်မာနိုင်ငံလူ့အခွင့် အ‌ရေး ‌စောင့်ကြည့်‌လေ့လာသူများ၏ နှစ်စဉ် အစီရင်ခံစာများက ဆိုသည်။

သထုံခရိုင်၊ ဘီးလင်းမြို့နယ်၊ ကွီး‌လေး ‌ကျေးရွာ တွင် ကျင်းပခဲ့သည့် လူ့အခွင့်အ‌ရေး‌နေ့ (Photo_KIC)

ယ‌နေ့KHRGမှ ဦး‌ဆောင်၍ ကွီး‌လေး ‌ကျေးရွာတွင် ပြုလုပ်သည့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အ‌ရေး‌နေ့ကို ‌ဒေ သခံ လူထု (၁,၀၀၀)နီးပါးပါဝင်တက်‌ရောက်ခဲ့ပြီး လူ့အခွင့်အ‌ရေး‌နေ့ ဖြစ်‌ပေါ်လာပုံများ၊ ပြည်တွင်း လူ့အခွင့် အ‌ရေး အ‌ခြေအ‌နေများကို တာဝန်ရှိသူများက ‌ပြောကြားခဲ့သလို အထိမ်းအမှတ် အားကစားပြိုင်ပွဲအစီ အစဉ် များလည်း ထည့်သွင်းခဲ့သည်။

အခမ်းအနားသို့ တက်‌ရောက်လာသူူူ ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော်-KNLA တပ်မဟာ(၁) ‌ထောက်လှမ်း‌ရေးမှူး ‌စောသိန်း‌အောင်က “လူ့အခွင့်အ‌ရေး စတာ‌တွေကို အရင်က အဲ့‌လောက် သတိမထား မိခဲ့ဘူး။ ကျ‌နော်တို့က စစ်သားဖြစ်တဲ့အ‌လျောက် အရင်က အမှား‌တွေ အ‌တော်‌လေးလုပ်ခဲ့ဖူးတယ်။ ဒါ‌ကြောင့် ‌နောင်လာမယ့် ကျ‌နော့်သားသမီး၊ ‌မြေးမြစ်၊ တပည့်‌တွေကို လူ့အခွင့်အ‌ရေး ချိုး‌ဖောက်တာ‌တွေကို မလုပ်မိ‌စေဖို့ ‌သေချာညွှန်ကြား ‌ပြောဆိုဆုံးမသွားမယ်” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အ‌ရေး‌နေ့ကို ၁၉၄၈ ခုနှစ် ဒီဇင်ဘာလ ၁၀‌နေ့တွင် ကမ္ဘာ့ကုလသမဂ္ဂမှ အတည်ပြု ပြဋ္ဌာန်းလိုက်ပြီး ယ‌နေ့တွင် ၇၁ ကြိမ်‌မြောက်ရှိပြီးဖြစ်သည်။ KHRGမှ ဦး‌ဆောင်၍ အပြည်ပြည်ဆိုင်ရာ လူ့အခွင့် အ‌ရေး‌နေ့ကို ပြည်တွင်း၌ ယခုနှစ် အပါအဝင် ၄ ကြိမ်‌မြောက် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။