Home သတင်း တိုင်းရင်းသားပုံနှိပ်မီဒီယာ‌ရေရှည်ရပ်တည်မှု လိုအပ်ချက် MOI ဝန်ကြီးများနှင့် BNI‌ဆွေး‌နွေးခဲ့

တိုင်းရင်းသားပုံနှိပ်မီဒီယာ‌ရေရှည်ရပ်တည်မှု လိုအပ်ချက် MOI ဝန်ကြီးများနှင့် BNI‌ဆွေး‌နွေးခဲ့

2236

ဒီဇင်ဘာ ၂၉ရက်၊ ၂၀၁၉ခုနှစ်။ ‌ကေအိုင်စီ

ပုံနှိပ်မီဒီယာများ‌ရေရှည် ရပ်တည်‌ရေးအတွက် တိုင်းရင်းသားမီဒီယာများ၏ လိုအပ်ချက်များကိုဒီဇင်ဘာလ ၂၇ရက်၊ မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့၊ သိမ်ဖြူလမ်းရှိ မြန်မာနိုင်ငံပုံနှိပ်‌ရေးနှင့် ထုတ်‌ဝေ‌ရေးဦးစီးဌာန အစည်းအ‌ဝေးခမ်းမ၌ ပြု လုပ်‌သော ပြန်ကြား‌ရေးဝန်ကြီးဌာနနှင့်‌တွေ့ဆုံပွဲတွင် BNI ကိုယ်စားလှယ်ကတင်ပြ‌ဆွေး‌နွေးခဲ့သည်။

ပြန်ကြား‌ရေးဝန်ကြီးဌာန(MoI) ပြည်‌ထောင်စုဝန်ကြီး‌ဒေါက်တာ‌ဖေမြင့်၊ ဒုတိယဝန်ကြီးဦး‌အောင်လှထွန်း၊ အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်‌မောင်နှင့် ဌာနအကြီးအကဲများ၊ မြန်မာနိုင်ငံသတင်းမီဒီယာ‌ကောင်စီ(MPC) ဥက္ကဌဦးအုန်းကြိုင်၊ ဒုတိယဥက္ကဌ‌ဒေါက်တာမျိုးသန့်တင် အပါအဝင် နှစ်ဖက်တာဝန်ရှိသူများနှင့်အတူပုံနှိပ်ထုတ်‌ဝေ‌ရေးဆိုင်ရာ ကိုယ်စားလှယ်ငါးဦးတို့ မွန်းလွဲ ၃နာရီမှ ၅နာရီအထိ နှစ်နာရီကြာ‌တွေ့ဆုံ‌ဆွေး‌နွေးခဲ့ကြခြင်း ဖြစ်သည်။

“အဓိကပုံနှိပ်ထုတ်‌ဝေမှု ‌ဝေးလံတဲ့ အခက်အခဲ၊ ပြန်လည်ဖြန့်ချိမှုမှာပို့‌ဆောင်ခစရိ်တ်ကြီးမားတာနဲ့ ‌ကြော်ငြာအခက်အခဲ‌တွေကို‌ဆွေး‌နွေးခဲ့တယ်။ ‌နောက်ပြီးတိုင်းရင်းသတင်း‌ထောက်‌တွေရဲ့ လုံခြုံ‌ရေးစိန်‌ခေါ်မှုဟာလည်းလူ့အရင်းအမြစ်ကိုနည်းပါး‌စေတာ‌ကြောင့်‌ရေရှည် ရပ်တည်‌ရေးအတွက် ထိခိုက်‌စေတာ‌တွေကိုတိုင်းရင်းမီဒီယာ၊ ‌ဒေသတွင်းမီဒီယာ‌တွေကိုယ်စား‌ပြောဆို‌ဆွေး‌နွေးခဲ့ပါတယ်။”ဟု ပါဝင်တက်‌ရောက်ခဲ့သူ BNI မူဝါဒ‌ရေးရာ‌ကော်မတီ ဥက္ကဌနန်း‌ဖော့‌ဂေက‌ပြောသည်။

သို့‌သော် တိကျသည့် ‌ဆွေး‌နွေးဆုံးဖြတ်ချက်များမရရှိခဲ့ဘဲတင်ပြ‌ဆွေး‌နွေးချက်များကိုမှတ်သားထားကာဆက်လက် ‌ဆွေး‌နွေးသွားကြမည်ဟူ‌သော‌ပြောဆိုချက်များနှင့်သာ‌တွေ့ဆုံ‌ဆွေး‌နွေးပွဲကိုအဆုံးသတ်ခဲ့သည်ဟုလည်းသူမကဆက်‌ပြောသည်။

အဆိုပါ ‌တွေ့ဆုံပွဲတွင် BNI နှင့်အတူ The Voice အယ်ဒီတာကို‌အောင်စိုး၊ ပုံနှိပ်ထုတ်‌ဝေ‌ရေးနှင့် ဖြန့်ချိ‌ရေးအသင်းမှ ‌ဒေါ်နန်းကလျာဝင်း၊ ဦးမြင့်ထွန်းနှင့် ဦးသူရိန်ထွန်းတို့လည်း ၎င်းတို့၏ အစုအဖွဲ့ကိုယ်စားပြု တက်‌ရောက်ခဲ့ကြပြီး MPC ဥက္ကဌဦးအုန်းကြိုင်က အားလုံးပူး‌ပေါင်းပါဝင်‌သော မီဒီယာဖိုရမ်ကိုကျင်းပပြုလုပ်သွားရန် အကြံပြု ‌ပြောဆိုခဲ့သည်။

ယင်း‌တွေ့ဆုံပွဲပြီး‌နောက် ပြန်ကြား‌ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံသတင်းမီဒီယာ‌ကောင်စီတို့ကမီဒီယာဥပ‌ဒေနှင့် ပတ်သက်၍ ဆက်လက် ‌ဆွေး‌နွေးခဲ့ကြသည်။

ပြန်ကြား‌ရေးဝန်ကြီးဌာနအ‌နေဖြင့် မြန်မာနိုင်ငံမီဒီယာအစုအဖွဲ့များဖြစ်ကြသည့် မြန်မာနိုင်ငံသတင်းစာဆရာအသင်း(MJA)၊ မြန်မာနိုင်ငံစာနယ်ဇင်းသမဂ္ဂ(MJU)၊ မြန်မာနိုင်ငံဂျာနယ်လစ်ကွန်ရက်(MJN)မှ တာဝန်ရှိသူများနှင့် ထို‌နေ့ မွန်းလွဲ ၁နာရီတွင် ‌တွေ့ဆုံ‌ဆွေး‌နွေးခဲ့‌သေးသည်။

ယခု‌ဆွေး‌နွေးမှုမှာ ပြီးခဲ့သည့်ဧပြီလ ၃ဝရက်‌နေ့က ‌နေပြည်‌တော် ပြန်ကြား‌ရေးဝန်ကြီးဌာန အစည်းအ‌ဝေးခမ်းမတွင် ပြုလုပ်ခဲ့သည့် တတိယအကြိမ် ပြည်‌ထောင်စုအဆင့် မဏ္ဍိုင်‌လေးရပ်‌တွေ့ဆုံပွဲ‌ဆွေး‌နွေးဆုံးဖြတ်ချက်ထဲမှ ‘ပုံနှိပ်မီဒီယာ‌ရေရှည် ရပ်တည်‌ရေးအတွက် လုပ်‌ဆောင်သွားရန်’ဟူ‌သောအချက်ကိုအ‌ကောင်အထည်‌ဖော်ခြင်းဖြစ်ပြီးဒီဇင်ဘာလ ၂၂ရက်‌နေ့ကလည်း ရန်ကုန်တိုင်း၊ ဗိုလ်တ‌ထောင်မြို့နယ်၊ ကုန်သည်လမ်းရှိ MPC ရုံးတွင် ပုံနှိပ်မီဒီယာကဏ္ဍ ‌ရေရှည် ရပ်တည်‌ရေး‌ဆွေး‌နွေးပွဲကို ပြုလုပ်ခဲ့‌သေးသည်။