Home သတင်း တပ်မ‌တော်မှ တားမြစ်သိမ်းဆည်းထားသည့် ဆန်အိတ် ၁၀ဝ ‌ကျော်ကို ပြန်မယူ‌တော့‌ကြောင်း‌ဒေသခံဆို

တပ်မ‌တော်မှ တားမြစ်သိမ်းဆည်းထားသည့် ဆန်အိတ် ၁၀ဝ ‌ကျော်ကို ပြန်မယူ‌တော့‌ကြောင်း‌ဒေသခံဆို

3339
Photo: KNU

ဒီဇင်ဘာ ၃၁ရက်၊ ၂၀၁၉ခုနှစ်။ စအိုင်ဆူး

ပဲခူးတိုင်း‌ဒေသကြီး၊ ‌ကျောက်ကြီးမြို့နယ်ရှိ‌စောမီးလု‌ကျေးရွာတွင် ပြီးခဲ့သည့် ဒီဇင်ဘာလ၂၁ ရက်‌နေ့ကအစိုးရ တပ်မ‌တော်က‌ဒေသခံရွာသားများထံမှ တားမြစ်သိမ်းဆည်းထားသည့် ဆန်အိတ်‌ပေါင်း၁၀၀‌ကျော်ကို ပြန်ယူ‌တော့မည်မဟုတ်‌ကြောင်း‌ဒေသခံရွာသားဘက်ကဆိုသည်။

‌ကျောက်ကြီးမြို့တွင် ဆန်ရိက္ခာများသွားဝယ်ပြီး ပြန်လာ‌သောတ‌ကော်ဒဲရွာသား၏ ကားကိုတပ်မ‌တော် ‌ခြေလျင်တပ်ရင်း (ခလရ-၃၉)က ‌ခေါ်ယူတားမြစ်၍ ဖြတ်သန်းခွင့်မပြုဘဲကား‌ပေါ်ပါလာသည့် ဆန်အိတ် (၁၅၀)အိတ်ကိုသိမ်းယူခဲ့ခြင်းဖြစ်သည်ဟုရွာသူ‌နော်‌ဂေဟဲက‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းက “ဗမာစစ်တပ်က‌နေ့လည် ၁၂နာရီ‌လောက်မှာ ‌ခေါ်တားလိုက်တယ်။ ရွာသား‌တွေကမွန်းလွဲ ၃နာရီအထိ ‌စောင့်ပြီးအမျိုးမျိုး‌တောင်းပန်ခဲ့‌ပေမဲ့ မရ‌တော့တဲ့အဆုံးဆန်အိတ်‌တွေထားပစ်ပြီးရွာကို ပြန်လာလိုက်တယ်။ ‌နောက်‌နေ့ကျ‌တော့ ဆန်အိတ်‌တွေကိုပြန်လာယူဖို့ ဗမာစစ်တပ်ကအ‌ကြောင်းကြားလာတယ်။ ဒါ‌ပေမဲ့ ဆန်ပိုင်ရှင်ကပြန်မယူရဲ‌တော့ဘူး။ စားဖို့လည်းစိတ်မလုံ‌တော့လို့ ပြန်မယူတာဖြစ်တယ်။”ဟုယ‌နေ့ (ဒီဇင်ဘာလ၃၁ရက်)တွင်‌ပြောသည်။

‌ဒေသခံရွာသားများအ‌နေဖြင့် အဆိုပါ ဆန်အိတ်ရိက္ခာများကို ၎င်းတို့၏ လုံခြုံ‌ရေးအရ ပြန်သွားယူရန် မဝံ့ရဲကြသလိုဆန်ရိက္ခာများထဲတွင်လည်းအဆိပ်‌သေစာများခတ်ထားခံရမည်ကိုစိုးရိမ်‌သော‌ကြောင့် ပြန်မယူ‌တော့ခြင်းဖြစ်‌ကြောင်းအဆိုပါရွာသူ‌နော်‌ဂေဟဲဆက်‌ပြောသည်။

တပ်မ‌တော်၏ တားမြစ်သိမ်းဆည်းထားမှုသည် အဖွဲ့အစည်း(‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး)၏ ဆန်ရိက္ခာများပါသည်ဟုသံသယဖြစ်ခြင်း‌ကြောင့် ဖြစ်နိုင်‌ကြောင်း၊ယခုနှစ် ‌ဒေသတွင်းဆန်စပါးများကို ကြွက်များဝင်‌ရောက်ဖျက်ဆီးမှုများ‌ကြောင့် ဆန်စပါးရှားပါးခြင်းဖြစ်၍ မြို့‌ပေါ်သို့ တက်‌ရောက်ဝယ်ယူပြီးတင်‌ဆောင်လာစဉ် ထိုသို့ သိမ်းဆည်းခံရခြင်းဖြစ်သည်ဟု‌ဒေသခံဘက်ကဆိုသည်။

“ဒီနှစ်ကကျမတို့ရွာသား‌တွေရဲ့ ‌တောင်ယာစပါးခင်းကကြွက်ဖျက်ဆီးတာခံရတယ်‌လေ။ အဲဒါ‌ကြောင့် စားရဖို့အတွက် မြို့‌ပေါ်တက်ပြီးဆန်သွားဝယ်ရတယ်‌ပေါ့။ ပြန်လာ‌တော့ စစ်တပ် သိမ်းယူခံရတာ ကြုံလိုက်ရတာပဲ‌လေ။ ရွာသား‌တွေ ဆန်သွားဝယ်တယ်ဆိုတာစားရဖို့အတွက်ပါပဲ။ ဘယ်သူ့အတွက်မှမဟုတ်ပါဘူး။ ”ဟုတ‌ကော်ဒဲရွာသူ‌နော်‌ဂေဟဲက‌ပြောသည်။

၎င်းဖြစ်စဉ်သည် ပြီးခဲ့သည့် ဒီဇင်ဘာလ၂၁ရက်၊‌နေ့လည် ၁၂နာရီဝန်းကျင်ခန့်တွင် ‌စောလား‌ဂေ၊‌စောလန်း‌ဂေ၊ ‌စော‌အေး၊ ‌စောကြည်‌အေးစီးနင်း‌မောင်းနင်လာ‌သောဆန်အိတ်တင်ကားကို ခလရ-၃၉ဒုရင်းမှူးဗိုလ်မှူးမျိုးကိုကို၏ ညွှန်ကြားမှုဖြင့် ‌ခေါ်ယူတားမြစ်ခံရခြင်းဖြစ်ပြီး‌ဒေသခံများမှာဆန်အိတ် အပါအဝင် ဆီ၊ ငါးပိများပါဝင်သည့် ရိက္ခာပစ္စည်းများကိုချန်ထား၍ ၎င်းတို့‌နေအိမ်သို့ ပြန်သွားခဲ့ခြင်းဖြစ်သည်ဟု‌ကေအဲန်ယူတပ်မဟာ (၃) ဆက်ဆံ‌ရေးရုံးတာဝန်ရှိသူက‌ပြောသည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်ပြီး‌ဒေသခံရွာသားများမှဒီဇင်ဘာလ ၂၂ရက်‌နေ့က‌ကျောက်ကြီးမြို့ရှိ‌ကေအဲန်ယူတပ်မဟာ (၃) ဆက်ဆံ‌ရေးရုံးသို့ အသိ‌ပေးအ‌ကြောင်းကြားစာ‌ပေးပို့ခဲ့ပြီး ၎င်းကိစ္စရပ်အ‌ပေါ် ‌ဖြေရှင်းသွားရန်အစီအစဉ်ရှိသည်ဟု‌ကေအဲန်ယူတပ်မဟာ( ၃)ဆက်ဆံ‌ရေးရုံးတာဝန်ခံ‌စောဝါး‌ရေတိုးကယခုလို‌ပြောသည်။

“ အခုထိ‌တော့ သွား‌ဖြေရှင်းတာမျိုး‌တော့ မရှိ‌သေးဘူး။ ဒါ‌ပေမဲ့ ဒီကိစ္စအတွက် လုပ်‌ဆောင်ဖို့ရှိတယ်။ ဒါကို‌တော့ ထုတ်‌ဖော်‌ပြောဖို့ အဆင်သင့်မဖြစ်‌သေးဘူး။ ဒါ‌ပေမဲ့ ‌နောက်လာမယ့် တပ်ပိုင်းဆိုင်ရာ‌ဆွေး‌နွေးပွဲကျရင် ထည့်‌ဆွေး‌နွေးမလား‌တော့ မသိဘူး” ဟု၎င်းက ‌ကေအိုင်စီသို့‌ပြောသည်။

ထိုကိစ္စရပ်နှင့်ပတ်သက်၍ တပ်မ‌တော်၏ ‌တောင်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ‌ပြောခွင့်ရ ဗိုလ်မှူးကြီး‌ကျော်စိုးမိုးကိုဆက်သွယ်‌မေးမြန်ရာတွင် ၎င်းက “ကျ‌နော်‌မေးကြည့်‌ပေးမယ်။ ပြီးရင် ပြန်ဆက်‌ပေးမယ်”ဟုယ‌နေ့ ‌ကေအိုင်စီသို့ ‌ဖြေကြားခဲ့သည်။
အလားတူပြီးခဲ့သည့် ဒီဇင်ဘာလ ၂၇ရက်‌နေ့က KNU၏ ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော်-KNLA ဗဟိုမှ ဗိုလ်မှူးချုပ် မန်းရှာထု‌ဝေါဦး‌ဆောင်သည့် တပ်မဟာမှူးများကိုယ်စားလှယ်အဖွဲ့နှင့် ‌တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးဗိုလ်ချုပ်မျိုးဝင်းဦး‌ဆောင်‌သောအဖွဲ့တို့ ‌ကျောက်ကြီးမြို့ရှိ‌ကေအဲန်ယူဆက်ဆံ‌ရေးရုံးတွင် NCA အ‌ပေါ် အ‌ခြေခံသည့် လမ်း‌ဖောက်လုပ်‌ရေးကိစ္စရပ်များကို‌တွေ့ဆုံညှိနှိုင်းမှု ပြုလုပ်ခဲ့‌သေးသည်။

အဆိုပါ ‌တွေ့ဆုံမှုမှ တပ်‌နေရာချထား‌ရေးနှင့် အပစ်ရပ်နယ်‌မြေကိုဆက်လက်‌ဆွေး‌နွေးသွားရန် သ‌ဘောထားရှိသလိုလမ်း‌ဖောက်လုပ်ခြင်းနှင့်ပတ်သက်၍ ပြည်သူလူထုများအကြား‌တွေ့ဆုံရန် အချိန်ယူရမည်ဖြစ်၍ လာမည့် ၂၀၂ဝခုနှစ်၊ ဇန်နဝါရီ၁ဝ ရက်‌နေ့တွင် ‌တွေ့ဆုံသွားရန်သ‌ဘောတူခဲ့ကြသည်။

အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအကြားလက်မှတ်‌ရေးထိုး ချုပ်ဆိုထားသည့် NCA အပစ်ရပ်စာချုပ်၏ နှစ်ဖက်လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းနှင့် စစ်ဘက်ဆိုင်ရာကျင့်ဝတ်များပါ အခန်း(၂) အရပ်သားပြည်သူနှင့် ပတ်သက်၍ ‌စောင့်ထိန်းလိုက်နာရမည့် ကျင့်ဝတ်စည်းကမ်းများ၊ အပိုဒ် (ည)အရ ပြည်သူလူထု၏ စားနပ်ရိက္ခာစု‌ဆောင်းခြင်း၊ ကုန်ပစ္စည်းများနှင့် ‌ကောက်ပဲသီးနှံများကိုတပိုင်တနိုင် သယ်ယူပို့‌ဆောင် ‌ရောင်းချခြင်း၊ ကူးသန်း‌ရောင်းဝယ်ခြင်းလုပ်ငန်းများကို ‌နှောင့်ယှက်ဟန့်တားခြင်းမပြုလုပ်ရဟူ၍ ပါရှိသည်။