Home သတင်း နယ်‌မြေ တည်ငြိမ်‌နေပြီဖြစ်‌သော‌ကြောင့် ပြည်သူများ ‌အေးချမ်းစွာ‌နေထိုင်နိုင်ပြီဖြစ်‌ကြောင်း KNU နှင့် NMSP တို့‌ပြော

နယ်‌မြေ တည်ငြိမ်‌နေပြီဖြစ်‌သော‌ကြောင့် ပြည်သူများ ‌အေးချမ်းစွာ‌နေထိုင်နိုင်ပြီဖြစ်‌ကြောင်း KNU နှင့် NMSP တို့‌ပြော

3037

‌အောက်တိုဘာလ ၃၁ ရက်၊ ၂ဝ၁၉ ခုနှစ်။ ‌စောရှား

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်တွင် KNU- ကရင်အမျိုးသားအစည်းအရုံးနှင့် မွန်ပြည်သစ်ပါတီ-NMSP တို့ တပ်ဖွဲ့ဝင်များအကြား ဖြစ်ပွားခဲ့‌သောပစ်ခတ်မှုများ ချုပ်ငြိမ်းကာ လက်ရှိအချိန်တွင် နယ်‌မြေ တည်ငြိမ် ‌အေးချမ်း‌နေပြီဖြစ်‌သော‌ကြောင့် ပြည်သူများ ‌အေးချမ်းစွာ‌နေထိုင်နိုင်ပြီဖြစ်‌ကြောင်း နှစ်ဖက်တာဝန်ရှိသူများက ‌ပြောသည်။

ဘုရားသုံးဆူမြို့‌ဒေသ ဗလဲ့ဒွန်ဖိုက်(မွန်ရွာ)နှင့် ထီးဝါးဒို့(ကရင်ရွာ)အနီးတစ်ဝိုက် ပြီးခဲ့သည့် ‌အောက်တိုဘာလ ၁၇ ရက်မှ ၂၃ ရက်‌နေ့အထိ ဖြစ်ပွားခဲ့သည့် နှစ်ဖက်ပစ်ခတ်မှုများ‌ကြောင့် နှစ်ဖက်ရွာမှ ရွာသူ၊ ရွာသားများ ထွက်‌ပြေး တိမ်း‌ရှောင်မှုများရှိခဲ့သလို ထို‌ဒေသရှိ ပြည်သူလူထုများ စိုးရိမ်မှုမြင့်တက်လာခဲ့သည့် အ‌ခြေအ‌နေ များလည်းဖြစ်‌ပေါ်ခဲ့သည်။

ယင်းကိစ္စနှင့် ပတ်သက်၍ ဘုရားသုံးဆူမြို့ရှိ KNU ဆက်ဆံ‌ရေးရုံး၊ ဒုတာဝန်ခံ ‌စောတူးတူးက “နှစ်ဖွဲ့‌ပေါင်းပြီး မ‌ပေါက်တဲ့ ကျည်‌တွေကို ရှင်းလင်းတယ်။ ပစ်ခတ်မှုဖြစ်တဲ့ ရွာ ၂ ရွာက ရွာသား‌တွေ ပြန်လာ‌နေနိုင်‌အောင် လုပ်‌ဆောင်‌ပေးခဲ့တယ်။ ၂ ရွာလုံးကိုလည်း လူထုရှင်းလင်းပွဲအ‌နေနဲ့ ရှင်းလင်းချပြမှုလည်းလုပ်ခဲ့ပြီးဖြစ်တယ်” ဟု ‌ကေအိုင်စီသို့ ယ‌နေ့(‌အောက်တိုဘာ ၃၁ ရက်)တွင် ‌ပြောသည်။

ပစ်ခတ်မှုဖြစ်ပွားခဲ့‌သော နှစ်ဖက်တပ်များအား ထိ‌တွေ့မှုထပ်မံမဖြစ်ပွားနိုင်သည့် ‌နေရာအထိ တပ်‌နေရာချထား မှုများပြုလုပ်ခဲ့ပြီးဖြစ်သလို နယ်‌မြေ ‌ဒေသ ‌အေးချမ်း‌နေပြီဖြစ်‌သော‌ကြောင့် ပြည်သူလူထုများ စိုးရိမ်ထိတ်လန့် မှုမရှိ ကြရန်နှင့် ထူးခြားမှု တစုံတရာဖြစ်ပွားပါက မိမိတို့ KNU နှင့် NMSP ဆက်ဆံ‌ရေးရုံးများသို့ လာ‌ရောက် တိုင်ကြားနိုင်‌ကြောင်းလည်း ‌စောတူးတူးက ဆက်‌ပြောသည်။

မွန်ပြည်သစ်ပါတီမှ ဘုရားသုံးဆူမြို့နယ်၊ NMSP အတွင်း‌ရေးမှူး နိုင်ဝင်းစိန်ကလည်း “အခုအချိန်မှာ‌တော့ ဘာမှ လည်း စိုးရမ်‌ကြောင့်ကြစရာ မရှိ‌တော့ပါဘူးလို့‌နော်။ လူထုရှင်းလင်းပွဲ‌တွေကိုလည်း ဆက်လုပ်သွားဖို့ရှိတယ်။ လုပ်မယ့်အချိန်က‌တော့ တစ်ဖက်က မဟာမိတ်(KNU)နဲ့ ညှိနှိုင်းတိုင်ပင်ပြီး လုပ်‌ဆောင်သွားမယ်” ဟု ယ‌နေ့ တွင် ‌ကေအိုင်စီသို့ ‌ပြောသည်။

KNU ဒူးပလာယာခရိုင်၊ ဝင်း‌ရေးမြို့နယ်က စိုက်ထူထားသည့် ကရင်အမျိုးသားအလံအား မွန်ပြည်သစ်ပါတီ ဘက်က သုံးကြိမ်တိုင် လာ‌ရောက်ဖြုတ်ချခဲ့သည်ဟုဆိုကာ KNU နှင့် မွန်ပြည်သစ်ပါတီအဖွဲ့ဝင်တို့ကြား နှစ်ဖက် ပစ်ခတ်မှု ၃ ကြိမ် ဖြစ်ပွားခဲ့ကာ ထီးဝါးဒို့ရွာသား ၁ ဦး အပါအဝင် နှစ်ဖက်တပ်မှ ၂ ဦးစီ ထိခိုက် ကျဆုံးသွားခဲ့ ‌ကြောင်း နှစ်ဖက်တာဝန်ရှိသူများထံမှ သိရသည်။

အဆိုပါဖြစ်စဉ်‌ကြောင့် နှစ်ဖက်‌ကျေးရွာရှိ ‌ဒေသခံလူထုများ ‌နေအိမ်စွန့်ပြီး စစ်‌ရှောင်‌နေရမှုများဖြစ်‌ပေါ်ခဲ့ရသည့် အတွက် လူထုရှင်းလင်းပွဲများ လုပ်‌ဆောင်ခဲ့သည့်အပြင် အနီးအနားရှိ ရွာများကိုပါ ထပ်မံရှင်းလင်းပွဲများကို အလျင်းသင့်သလို ပြုလုပ်သွားမည်ဖြစ်‌ကြောင်း နှစ်ဖက်တာဝန်ရှိသူများက ‌ပြောသည်။

ဘဝတူတိုင်းရင်းသား‌တော်လှန်‌ရေးအဖွဲ့အစည်းအချင်းချင်း နှစ်ဖက်တပ်များ ထိပ်တိုက်မဖြစ်ပွား‌ရေး ‌အောက်‌ခြေ အဆင့်ဆင့်သို့ ညွှန်ကြားရန်၊ ပြဿနာဖြစ်လာပါက အင်အားသုံး‌ဖြေရှင်းခြင်းမပြုဘဲ ‌တွေ့ဆုံ‌ဆွေး‌နွေး အ‌ဖြေရှာ သွားကြရန် KNU နှင့် NMSP တို့မှ ‌အောက်တိုဘာလ ၂၃ ရက်‌နေ့တွင် ပူးတွဲ‌ကြေညာချက်တစ်‌စောင် ထုတ်ပြန်ခဲ့ ကြသည်။

ထို့အပြင် ပစ်ခတ်မှုဖြစ်ပွားခဲ့သည့်‌နေရာတွင် နှစ်ဖက်တပ်စခန်းချခြင်း၊ ‌နေထိုင်ခြင်း၊ စစ်ဝတ်စုံနှင့် လက်နက်များ ကိုင်စွဲသွားလာခြင်းမပြုရန်၊ မိမိတို့ အဖွဲ့အစည်းအချင်းချင်း အတူတကွ ယုံကြည်မှု တည်‌ဆောက်ပြီး တည်ငြိမ် ‌အေးချမ်းစွာ ‌နေထိုင်သွားကြရန်နှင့် မွန်၊ ကရင် ပြည်သူလူထုအချင်းချင်း ငြိမ်းချမ်းစွာ အတူတကွ ‌နေထိုင် သွားကြရန် သ‌ဘောတူ‌ကြောင်း အဆိုပါ ၂၃ ရက် ‌ကြေညာချက်တွင် ‌ဖော်ပြပါရှိသည်။

၁၉၈၈ ခုနှစ်အချိန်ကာလတွင် KNU နှင့် မွန်ပြည်သစ်ပါတီတို့ ဘုရားသုံးဆူမြို့တွင်း ရက်‌ပေါင်း ၂ဝ ‌ကျော်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး နှစ်ဖက်တပ်နှင့် အရပ်သားစုစု‌ပေါင်း ၂ဝဝ နီးပါး‌သေဆုံးခဲ့ရသည်။ ၂ဝ၁၆ ခုနှစ်တွင် နယ်‌မြေ အငြင်းပွားမှုပြဿနာ‌ကြောင့် တစ်‌ကျော့ပြန် ပစ်ခတ်မှုပြန်လည်ဖြစ်ပွားခဲ့သည်မှာ ၁၅ ကြိမ်ထက် မနည်း ရှိသည် ဟု တာဝန်ရှိသူများထံမှ သိရသည်။

KNUနှင့် မွန်ပြည်သစ်ပါတီတို့သည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲ‌ရေးဆိုင်ရာ သ‌ဘောတူစာချုပ် -NCA တွင် လက်မှတ်ထိုးထား‌သော အဖွဲ့များဖြစ်ကြသည်။