Home သတင်း မြဝတီနယ်စပ်ကုန်သွယ်လမ်း‌ကြောင်းရှိ ကျုံဒိုး(ဂျိုင်​း)တံတား ယာယီပိတ်ထားရ

မြဝတီနယ်စပ်ကုန်သွယ်လမ်း‌ကြောင်းရှိ ကျုံဒိုး(ဂျိုင်​း)တံတား ယာယီပိတ်ထားရ

2940
Photo_Nay Naw

ဩဂုတ် ၉ ရက်၊ ၂ဝ၁၉ ခုနှစ်။ ‌နေ‌နော်

ကရင်ပြည်နယ်တွင် ယခုရက်ပိုင်းအတွင်း မိုးသည်းထန်စွာရွာသွန်းပြီး မြစ်‌ရေ မြင့်တက်လာခြင်း‌ကြောင့် မြဝတီ နယ်စပ်ကုန်သွယ်လမ်း‌ကြောင်း‌ပေါ်ရှိ ကျုံဒိုး (ဂျိုင်း) မြစ်ကူးတံတားအား ယ‌နေ့(ဩဂုတ်လ ၉ ရက်) နံနက်က ယာယီပိတ်ထားလိုက်ရ‌ကြောင်း သိရသည်။

ယ‌နေ့ နံနက် ၉ နာရီခွဲ အချိန်ခန့်က​ ဂျိုင်းမြစ်‌ရေ ဆက်လက်တိုးလာသဖြင့်တံတားအဝင် ဂျိုင်းဘက် ၄ ‌ပေခွဲထိ ​‌ရေ‌ကျော်‌နေ၍ လက်​ရှိအချိန်တွင်​ မည်​သည်​့ယာဉ်​မျှ ဖြတ်​သန်​း၍မရ​‌တော့ဘဲ ကျုံဒိုးရဲစခန်​း​​‌ရှေ့ထိ ကားတန်​းပိတ်​​ကာ ဖြတ်​သန်​းခွင်​့မပြု​‌တော့​‌ကြောင်​း သိရသည်​။

ထို့အပြင် ကျုံဒိုး (ဂျိုင်း) တံတားလမ်း‌ကြောင်း ပွန်တွန်းတံတားအဝင်တွင် ခါလီယာဉ်ကြီး (ကုန်စည် တင် ‌ဆောင်ထားခြင်းမရှိ‌သော ကုန်တင်ယာဉ်) တစ်စီးလည်း လမ်း‌ချော် တိမ်း‌စောင်းလျက်ရှိသလို မြစ်‌ရေ မှာလည်း နံနက် ၇:၃ဝ အချိန်ကထက် ၁၉ လက်မ ထပ်တိုးလျက်ရှိသည်ဟု တာဝန်ယူရှိသူများက ‌ပြောသည်။

အ‌ရှေ့အ‌နောက်စီးပွား‌ရေးစကြင်္န်လမ်း၊ ထိုင်းနိုင်ငံမှ သွင်းကုန်အများဆုံး တင်သွင်းလျက်ရှိ‌သော အဆိုပါ နယ် စပ်ကုန်သွယ်လမ်း‌ကြောင်း‌ပေါ်တွင် ဂျိုင်​းရွာဘက်​ခြမ်​း တံတားထိပ်​မှ ကျားက​‌လေးလမ်​းဆုံထိ (၃ မိုင်​ခန်​့) အနိမ့် ပိုင်​း​‌နေရာများတွင်​ ၃ ​‌ပေမှ ၄ ​‌ပေနီးပါး လမ်​း​‌ပေါ်​‌ရေ​‌ကျော်​​‌နေခြင်​း​‌ကြောင်​့ ဖားအံဘက်​မှ လာ​‌သော မည်​သည်​့ ယာဉ်​မျှ ဖြတ်​သန်​း၍ မရဘဲ ယာဉ်​​‌ပေါင်​း​​‌ထောင်​နှင်​့ချီ၍​ ​‌စောင်​့ဆိုင်​း​‌နေရသလို မြဝတီ-‌ကောကရိတ်​ဘက်​မှ လာ​‌သော ယာဉ်​များကိုလည်​း ကျုံဒိုးရဲစခန်​း​‌ရှေ့မှစ၍ ဖြတ်​သန်​းခွင်​့မပြု​‌သေး​‌ကြောင်​း ​‌တွေ့ရသည်​။

Photo_Nay Naw

၎င်းအပြင် ကျုံဒိုးမြို့ (ဂျိုင်​း)တံတား ယာယီပိတ်​ထားရသည့်အတွက် ​‌ကော့ကရိတ်​ တစ်​မိုင်​ကုန်​းမှ လှိုင်​ဝဂိတ်​ထိ နှင်​့ ဂျိုင်​းနယ်​​‌မြေရဲစခန်​းအနီးမှ ဂျိုင်​းတံတားအဝင်​ထိ ကုန်​တင်​ယာဉ် အစီး‌ရေ ၁,ဝဝဝ ခန့် လမ်​း​‌ဘေးချရပ်​တန်​့​‌နေရသဖြင့် ခရီးသွား လာ‌ရေးအတွက် အခက်အခဲ ကြုံ‌တွေ့ရသလို ကုန်စည်စီးဆင်းမှုလည်း ထိခိုက်မှုရှိသည်ဟု ကုန်သည်များက ‌ပြောသည်။

နယ်စပ်‌မော်‌တော်ယာဉ်လုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦး‌ကျော်မျိုးနိုင်က “‌ရေ ကျတာ‌တော့ မဟုတ်‌သေးဘူး။ ‌အောက်‌ရေ တိုင်‌နေတဲ့အတွက် ‌စောင့် ကြည့်‌နေရတယ်။ ‌နောက်ထပ် ၂ ‌ပေ‌လောက်ကျရင်‌တော့ ကားပြန် လွှတ်မှာပါ။ သို့‌ပေမဲ့ လမ်းပိုင်းဆိုင်ရာမှာ အခက်အခဲရှိရင်လည်း သွားလို့မရ‌သေးဘူး။ ဒီနှစ်အ‌ခြေ အ‌နေကို ကြည့်ပြီး ‌နောက်နှစ်လမ်းပိုင်း‌တွေကို ပြင်ဆင်ဖို့ လိုတယ်လို့ အကြံပြုချင်ပါတယ်” ဟု ‌ပြောသည်။

ကျုံဒိုးမြို့၏ ‌ဟောင်သ‌ရော‌ချောင်းမြစ်‌ရေအ‌ခြေအ‌နေမှာ သတ်မှတ်စင်တီမီတာ ၆ဝဝ အထက် ခန့်မှန်းတိုင်း ထွာချက် ၆၁ဝ စီတီမီတာထိ ‌ရောက်ရှိ‌နေပြီး အမှတ် ၃ ရပ်ကွက် ကမ်းနားတံတား နစ်မြှုုပ်‌နေသည့်အတွက် ရပ်ကွက်‌နေ အိမ်အနည်းငယ် ညတွင်းချင်း‌ပြောင်း‌ရွှေ့ခဲ့ရ‌ကြောင်း သိရသည်။

​အဆိုပါ ‌ရေ‌ဘေး‌ရှောင် အိမ်‌ထောင်စုများ ခိုလှုံရန်အတွက် ‌ရေ‌ဘေးကယ်​ဆယ်​​‌ရေးစခန်း ၃ ခုဖွင်​့လှစ်​ထား‌သော် လည်း ထပ်တိုးစခန်းအဖြစ် ကျုံဒိုး အ.ထ.က ‌ကျောင်းသို့ပါ ‌ပြောင်း‌ရွှေ့ထားရ‌ကြောင်း သိရသည်။