Home သတင်း မြဝတီ-‌ကော့ကရိတ်အာရှလမ်​းတွင် ​‌တောင်ပြိုပြီး နာရီအတန်ကြာ ယာဉ်‌ကြောပိတ်ဆို့မှု ဖြစ်ပွားခဲ့

မြဝတီ-‌ကော့ကရိတ်အာရှလမ်​းတွင် ​‌တောင်ပြိုပြီး နာရီအတန်ကြာ ယာဉ်‌ကြောပိတ်ဆို့မှု ဖြစ်ပွားခဲ့

2687
ယာဉ်‌ကြောပိတ်ဆို့မှု မြင်ကွင်း (Photo_Nay Naw)


ဩဂုတ် ၉ ရက်၊ ၂ဝ၁၉ ခုနှစ်။ ‌နေ‌နော်

မြဝတီ-​‌ကော့ကရိတ် အာရှလမ်​း မိုင်​တိုင်​အမှတ်​ ၁၅၈ နှင်​့ ၁၅၉ ကီလိုမီတာကြားတွင် ​‌တောင်ပြိုကျမှုဖြစ်ပွားခဲ့ ပြီး ၃ နာရီခန့် ယာဉ်‌ကြောပိတ်ဆို့မှု ဖြစ်ပွားခဲ့‌ကြောင်း သိရသည်။

ယ‌နေ့(ဩဂုတ်လ ၉ ရက်)၊ နံနက် ၄နာရီခွဲချိန်က မြဝတီမြို့နယ် သဃင်္န်းညီ‌နောင် ‌ကျေးရွာအုပ်စု မြဝတီ-‌ကော့ ကရိတ် အာရှလမ်းမိုင်တိုင်အမှတ် ၁၅၈ နှင့် ၁၅၉ အကြား ̔ မြဝတီမြို့မှ ကြိုဆိုပါ၏̕ ဆိုင်းဘုတ်အနီးတွင် မိုး သည်းထန်စွာ ရွာသွန်းမှု‌ကြောင့် ‌တောင်ပြိုကျ၍လမ်းပိတ်ဆို့မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု တာဝန်ရှိသူများက ‌ပြောသည်။

အဆိုပါ ယာဉ်‌ကြောပိတ်ဆို့မှု ဖြစ်ပွားရာ‌နေရာသို့ လမ်းဦးစီးဌာနမှ လက်‌ထောက် အင်ဂျင်နီယာ ဦးထွန်းဝင်းမြင့်၊ မြို့နယ် ရဲတပ်ဖွဲ့မှူးရဲမှူးဦးစီးသည့် ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကယ်ဆယ်‌ရေးအဖွဲ့ဝင်များက သွား ‌ရောက်ခဲ့ကြပြီး ‌မော်‌တော်ယာဉ်များ အချိန်မီဖြတ်သန်းသွားလာနိုင်‌ရေးအတွက် ဝိုင်းဝန်း‌ဆောင်ရွက်ခဲ့ကြသည် ဟု လမ်းရှင်းလင်း‌ရေး‌ဆောင်ရွက်သည့် အဖွဲ့‌ခေါင်း‌ဆောင် မြဝတီမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး‌ကျော်သူရည်က ‌ပြော သည်။

“ဖြစ်တဲ့အချိန်က‌တော့ မနက် ၄း၃ဝ ချိန်မှာဖြစ်တာပါ။ ကျ​‌နော်တို့ ၅ နာရီမှာ ‌ရောက်ရှိပြီးရှင်းလင်းကြပါတယ်။ ‌တောင်​ပြိုလို့ လမ်​း​‌ပေါ်​‌ရောက်​​‌နေတဲ့ ​‌မြေသား​‌တွေကို ဖယ်​ရှားရှင်​းလင်​းဖို့ စက်​ယန္တရားကို​‌စောင့်​ရတဲ့ အချိန်​က အနည်​းငယ်​ကြာသွား​‌ပေမယ်​့ ယ​‌နေ့ မနက် ၇းဝဝ နာရီအချိန်မှာ ရှင်​းလင်​း​‌ဆောင်​ရွက်​နိုင်​ခဲ့တဲ့အတွက်​ လမ်းပွင့် သွားခဲ့ပြီး ​‌မော်‌တော်ယာဉ်‌တွေဖြတ်သန်းသွားနိုင်ခဲ့ပါတယ်”ဟု ရဲမှူး‌ကျော်သူရည်က ‌ပြောသည်။

အဆိုပါ‌တောင်ပြိုကျမှု‌ကြောင့် လူ၊ တိစ္ဆာန်၊ ‌မော်‌တော်ယာဉ်များ တစ်​စုံတစ်ရာ ထိခိုက်ပျက်စီးဆုံးရှုံးမှု မရှိ‌ကြောင်းနှင့် နံနက် ၇းဝဝ နာရီအချိန် ‌မော်‌တော်ယာဉ်များပုံမှန်သွားလာ‌နေပြီဖြစ်‌ကြောင်း သိရသည်။