Home သတင်း ‌စောဘဦးကြီးဇာတိရွာ၌ အာဇာနည်‌နေ့ အထိမ်းအမှတ် ဆု‌တောင်းကာ သစ်အပင် ၅၀ဝ စိုက်ပျိုးမည်

‌စောဘဦးကြီးဇာတိရွာ၌ အာဇာနည်‌နေ့ အထိမ်းအမှတ် ဆု‌တောင်းကာ သစ်အပင် ၅၀ဝ စိုက်ပျိုးမည်

2669

ဩဂုတ် ၃ရက်၊ ၂၀၁၉ခုနှစ်။ ‌စောထွန်းလင်း

ကရင့်အာဇာနည်ပုဂ္ဂိုလ် ‌စောဘဦးကြီး၏ဇာတိဖြစ်သည့် ဧရာဝတီတိုင်း‌ဒေသကြီး၊ ကန်ကြီး‌ထောင့်မြို့နယ်၊ ဘဲဂယက်ကြီးရွာ၌ ဩဂုတ်လ ၁၂ရက်‌နေ့တွင် ကျ‌ရောက်မည့် (၆၉)နှစ်‌မြောက် ကရင့်အာဇာနည်‌နေ့ အထိမ်းအမှတ် ဝတ်ပြုဆု‌တောင်းကာ သစ်အ ပင်‌ပေါင်း ၅၀ဝ စိုက်ပျိုးသွားမည်ဟု စီစဉ်‌နေသူများက ‌ကေအိုင်စီသို့ ‌ပြောသည်။

“ဩဂုတ် ၁၂ရက် ကရင့်အာဇာနည်‌နေ့အတွက် အကြမ်းဖျင်း စီစဉ်ထားတာက‌တော့ ခရစ်ယာန်‌တွေဆို‌တော့ မနက် ၈နာရီမှာ ‌အောက်‌မေ့ဖွယ်ရာ ဝတ်ပြုဆု‌တောင်းမယ်။ ၉နာရီခွဲမှာ လွမ်းသူပန်း‌ခွေချပြီး အာဇာနည်ပုဂ္ဂိုလ်‌တွေ အားလုံးကို အ‌လေးပြုမယ်။ ၁ဝနာရီကျရင် သစ်ပင်စိုက်မယ်။”ဟု ကန်ကြီး‌ထောင့်‌ဒေသခံ ‌စောကွာလာက ဩဂုတ် ၂ရက်‌နေ့တွင် ‌ကေအိုင်စီသို့ ‌ပြောသည်။

ကရင့်အာဇာနည်‌နေ့ အထိမ်းအမှတ် သစ်ပင် ၅၀ဝ စိုက်ပျိုးခြင်း အစီအစဉ်ကို ‌မြောင်းမြရှိ ကရင်လူငယ်များက ဦး‌ဆောင်ပြီး ပျိုးပင်‌ရောင်းသည့် ဆိုင်များမှ ဝယ်ယူကာ စီစဉ်စိုက်ပျိုးသွားမည်ဖြစ်သည်။ ၎င်းသစ်ပင်များကို ‌စောဘဦးကြီး အထိမ်းအမှတ် ‌ကျောက်တိုင်အနီးတစ်ဝိုက်မှ စတင်ကာ ရထားလမ်းအထိ စိုက်ပျိုးသွားရန် ရည်ရွယ်ထားသည်ဟု ‌ဒေသခံများက ‌ပြောသည်။

ကရင့်အာဇာနည်‌နေ့ အခမ်းအနားများကို ယခင်က လွတ်‌မြောက်နယ်‌မြေများ၌သာ ပြုလုပ်ကျင်းပနိုင်ခဲ့သည်။ သို့‌သော် ၂၀၁၂ခု နှစ်၊ ဇန်နဝါရီလ ၁၂ရက်‌နေ့တွင် ‌ကေအဲန်ယူနှင့် အစိုးရတို့ ပြည်နယ်အဆင့် ပဏာမ အပစ်ရပ်ကာ ၂၀၁၅ခုနှစ်တွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲ‌ရေး သ‌ဘောတူစာချုပ် (Nationwide Ceasefire Agreement-NCA) ကို လက်မှတ်‌ရေးထိုးပြီး‌နောက် တွင်မှု ပြည်တွင်း‌နေရာ အနှံ့အပြား၌ ကျင်းပပြုလုပ်လာခဲ့ကြသည်။

အလားတူ ၂၀၁၆ခုနှစ်တွင် ဘဲဂယက်ရွာရှိ ‌စောဘဦးကြီး၏ ‌နေအိမ်အနီး၌ အထိမ်းအမှတ် ‌ကျောက်တိုင်ပြုလုပ်ကာ ‌ဒေသခံများ က ဂုဏ်ပြုခဲ့ကြသည်။