Home သတင်း အပြည်ပြည်ဆိုင်ရာလူငယ်များ‌နေ့ အကြို‌ဘောလုံးပွဲ လူငယ်‌ဘောလုံးအသင်း ၂၂သင်း ပါဝင်ယှဉ်ပြိုင်

အပြည်ပြည်ဆိုင်ရာလူငယ်များ‌နေ့ အကြို‌ဘောလုံးပွဲ လူငယ်‌ဘောလုံးအသင်း ၂၂သင်း ပါဝင်ယှဉ်ပြိုင်

2622

ဩဂုတ်လ ၁ရက်၊ ၂၀၁၉ခုနှစ်။ ‌ကေအိုင်စီ

၂၀၁၉ခုနှစ်၊ ဩဂုတ်လ ၁၂ရက်‌နေ့တွင် ကျ‌ရောက်မည့် အပြည်ပြည်ဆိုင်ရာ လူငယ်များ‌နေ့ကို ကြိုဆို ဂုဏ်ပြုသည့်အ‌နေဖြင့် ကရင်ပြည်နယ်အတွင်းရှိ လူငယ်အမျိုးသားနှင့်အမျိုးသမီး ‌ဘောလုံးအသင်း ၂၂သင်း ပါဝင်ယှဉ်ပြိုင်သည့် ချစ်ကြည်‌ရေး‌ဘော လုံးပြိုင်ပွဲကို ဩဂုတ်လ ၁ရက်(ယ‌နေ့)တွင် စတင်ကျင်းပ‌နေပြီဖြစ်သည်။

ဖားအံမြို့ လှာကမြင်ကွက်သစ်၊ ဇွဲကပင်ကွင်းတွင် ယ‌နေ့ စတင်ကျင်းပသည့် အပြည်ပြည်ဆိုင်ရာလူငယ်များ‌နေ့ အကြိုလူငယ် ‌ဘောလုံးပြိုင်ပွဲမှာ ပြည်နယ်အတိုင်းအတာအရ ၄ကြိမ်‌မြောက် ကျင်းပပြုလုပ်ခြင်းလည်းဖြစ်သည်။

“လူငယ်အချင်းချင်း ချစ်ခင်ရင်းနှီးမှုရ‌စေပြီး ကျန်းမာကြံ့ခိုင်ဖို့အပြင် ဒီလိုကျင်းပ‌ပေးခြင်းဖြင့် လူငယ်‌တွေအ‌နေနဲ့ အားကစားဘက် ပိုမို စိတ်ဝင်စားလာပြီး မူးယစ်‌ဆေးဝါးသုံးစွဲမှု ‌လျော့ကျလာဖို့၊ ‌နောက်ပြီး အပြည်ပြည်ဆိုင်ရာလူငယ်များ‌နေ့ကို ကြိုဆိုတဲ့အ‌နေနဲ့ ကျင်းပတာလည်းဖြစ်တယ်။”ဟု ပြိုင်ပွဲကျင်းပ‌ရေး ဦး‌ဆောင်‌ကော်မတီဝင် ‌စော‌ကျော်‌ခေါင်ခလိန်းက ‌ပြောသည်။

ချစ်ကြည်‌ရေး‌ဘောလုံးပြိုင်ပွဲဖြစ်‌မြောက်‌ရေးအတွက် ကရင်ပြည်နယ်အတွင်းရှိ လူငယ်များ၊ လူငယ်‌ရေးရာ‌ကော်မတီတွင် ပါဝင် သည့်လူငယ်များက ဦး‌ဆောင်ပြုလုပ်‌ပေးခြင်းဖြစ်ပြီး ယ‌နေ့ကျင်းပပြုလုပ်သည့် ဖွင့်ပွဲအခမ်းအနားကို ကရင်ပြည်နယ် လူဝင်မှုကြီး ကြပ်‌ရေးနှင့်လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာနဝန်ကြီး ဦးမင်းကိုခိုင်ကိုယ်တိုင် တက်‌ရောက်အား‌ပေးခဲ့သည်။

ယ‌နေ့စတင်ယှဉ်ပြိုင်‌နေပြီဖြစ်သည့် အပြည်ပြည်ဆိုင်ရာလူငယ်များ‌နေ့အကြို ‌ဘောလုံးပြိုင်ပွဲတွင် PEDU, ဖားအံလူငယ်၊ အကြင် နာမီးအိမ်၊ မျိုးဆက်သစ်၊ လှိုင်းဘွဲလူငယ်၊ ‌ဒေါနလူငယ်၊ Royal Karen U-20, KSC, Kot Satt Youth, Youth Power, LED, YLC, Generation youth, ZKBM, Bridge.4 All နှင့် Green youth group လူငယ်အစုအဖွဲ့ ၁၆ဖွဲ့မှ အမျိုးသားအသင်း၊ အမျိုး သမီးအသင်းများကို အုပ်စုခွဲကာ ယှဉ်ပြိုင်သွား‌စေမည်ဖြစ်သည်။

၎င်းပြိုင်ပွဲ၌ အမျိုးသား‌ဘောလုံးအသင်း ၁၆သင်းနှင့် အမျိုးသမီး‌ဘောလုံးအသင်း ၆သင်းတို့ ပါဝင်ကြပြီး အမျိုးသားအသင်းတွင် အုပ်စု ၄စု၊ အမျိုးသမီးအသင်းတွင် အုပ်စု ၂စုခွဲကာ ဩဂုတ်လ ၁၆ရက်‌နေ့အထိ ယှဉ်ပြိုင်ကစားသွားကြမည်ဖြစ်သည်။

ကရင်ပြည်နယ်တွင် ပြီးခဲ့သည့် ၂၀၁၆ခုနှစ်မှစ၍ အပြည်ပြည်ဆိုင်ရာလူငယ်များ‌နေ့ အကြို‌ဘောလုံးပြိုင်ပွဲများကို ကျင်းပလာခဲ့ ကြသည်။