-ငါတို့က လစာမရှိဘူး …
မရှိတာကို မရှိဘူးလို့ပြောရင်
မင်းတို့ ဘယ်ယုံမလဲ …
မင်းတို့က ခွဲတမ်းနဲ့ကိုး …။
-ငါတို့မှာ …
ရှိတာတွေတော့ အများကြီးပဲ …
အိပ်မက်နဲ့ ယုံကြည်ချက်ရှိတယ်။
ရင်ဘတ်မှာ လွတ်လပ်မှုရှိတယ်
ဘောလ်ပင်နဲ့ ဗလာစာရွက်ရှိတယ်
ထုဆစ်ရေးခြစ်ထားတဲ့ စာလုံးတချို့ရယ်ပေါ့ …။
-ဘဝကြမ္မာနိဒါန်းမှ …
အဆုံးမဲ့ဇာတ်အထိ ညှိမရတဲ့ပုစ္ဆာ
အခန်းဆက်မှာ ဝါကျစီကြည့်မိတယ်
သတ်ပုံအမှားတွေ တွေ့တယ်
သဒ္ဒါအမှားတွေ တွေ့တယ်
— တွေ့တယ်
တွေ့တာကို တွေ့မနေနဲ့ … တဲ့ ။
-ြကေးစားနဲ့ ငွေသားအကြောင်း
မင်းတို့လာဖျောင်းဖျတာ
ငါတို့ မသာယာဘူးလို့ လိမ်မပြောချင်ဘူး
မှတ်ကျောက်တင်တာချင်း မတူရင်
မင်းတို့တန်ဖိုးထားမှုနဲ့
ငါတို့ရဲ့ အလင်းဓာတ်ခံက
ဖောက်ပြန်သူနဲ့ သစ္စာရှင်လို ကွာခြားတယ် …။
-ချဉ်းကပ်မှုရဲ့ နောက်ကွယ်မှာ
တံခါးမရှိ ဓားမရှိဆိုပေမဲ့
ကျင့်ဝတ်သိက္ခာတွေ မပျက်စေချင်ဘူး
ငါတို့ စောင့်ထိန်းသလို
မင်းတို့လည်း ကျင့်ကြံသင့်တယ်
မင်းတို့ငါတို့ ရပ်တည်တဲ့ကမ္ဘာက
အစွန်းတစ်ဖက်စီဆိုတော့
တန်းတွေ လာညှိမနေနဲ့
မင်းတို့လည်း မင်းတို့လစာနဲ့ ကျေနပ်
ငါတို့လည်း ငါတို့ဘဝနဲ့ ရှင်သန်မယ် ။ ။
အမျိုးသားသစ္စာဖြင့်
စောယောင့်သာအဲဆန်