ဧပြီ ၃ ရက်၊ ၂၀၁၉ ခုနှစ်။ စောရှား
KNU-ကရင်အမျိုးသားအစည်းအရုံး၏ KED-ကရင်ပညာရေးဌာနမှ ဦးစီးဦးဆောင်ပြီး ဝင်းရေးမြို့နယ် (ကြာအင်း ဆိပ်ကြီးဆိပ်ကြီးမြို့နယ်၊ ဝင်းရော်ဒေသ)ရှိ ခလယ်ရွာတွင် ပထမဦးဆုံးအကြိမ် နွေရာသီ အဂင်္လိပ်စာသင်တန်း ကို ဖွင့်လှစ်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ အဂင်္လိပ်စာသင်တန်းကို အဂင်္လိပ်စာ စကားပြောနှင့် သဒ္ဒါအခြေခံများကို တတ်မြောက်စေရန် ရည် ရွယ်ပြီး ကရင်ပြည်နယ်နှင့် ထိုင်းနိုင်ငံနယ်စပ်ရှိ သူးမွဲခီးကျောင်းမှ ဆရာ၊ ဆရာမများက ဧပြီတစ်လလုံး လာရောက် သင်ကြားပေးမည်လည်းဖြစ်သည်။
ဝင်းရေးမြို့နယ်၊ KED ဒု ပညာရေးမှူး မန်းရှားထူးဝေါ်က “KED က သင်ကြားပေးမယ့် ဆရာ၊ ဆရာမတွေကို ချိတ်ဆက်ပေးရုံမက အကြိုအပို့၊ သွားလာစားသောက်နေထိုင်ဖို့ အထိ တာဝန်ယူထားပေးပါတယ်။ အဓိကက ၅ တန်းက စပြီး တက္ကသိုလ်ကျောင်းသူ၊ ကျောင်းသားတွေ အဂင်္လိပ်စာ အခြေခံတတ်မြောက်သွားဖို့ပါ↔ဟု ဧပြီ ၃ ရက်(ယနေ့)တွင် ကေအိုင်စီသို့ ပြောသည်။
ဧပြီ ၁ ရက်မှ စပြီး ၃ဝ ရက်နေ့အထိ သူးမွဲခီးကျောင်းရှိ ဆရာ၊ ဆရာမ ၅ ဦးမှ ခလယ်ရွာရှိ အလယ်တန်း၊ အထက်တန်းနှင့် တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၂၀ဝ ဦးခန့်ကို အဆင့် ၄ ဆင့်ခွဲ၍ အတန်း အလိုက် သင်ကြားပေးသွားမည်လည်းဖြစ်သည်။
သူးမွဲခီးကျောင်းသားဟောင်း အဂင်္လိပ်စာဆရာ စောသောအဲမူးက “ကလေးတွေရဲ့ သူတို့ရှိတဲ့ နွေရာသီ အား လပ်ရက်ကလေးမှာ အချိန်ကို အလဟသ မဖြစ်စေဘဲ အဂင်္လိပ်စကားတွေ တတ်သွားစေချင်တယ်။ ကလေး တွေက မှားမှာကြောက်လို့ စကားပြော မရဲတာကို ပြောရဲလာအောင် တိုက်တွန်း သင်ကြားသွားမယ်။”ဟု ပြောသည်။
သင်တန်းတက်ရောက်လာသော ၈ တန်းကျောင်းသား စောထွန့်သားအွာကလည်း “အဂင်္လိပ်စကားတတ်ချင် တယ်။ အဂင်္လိပ်စာ တတ်ပြီး နိုင်ငံခြားသွားချင်တယ်။ တနေ့ကျရင် အဂင်္လိပ်စာ ဆရာဖြစ်ဖို့ ရည်မှန်းထားပါ တယ် ↔ကေအိုင်စီသို့ ပြောသည်။
ဝင်းရေးမြို့နယ်အတွင်း ၂၀၁၉ ခုနှစ်၏ နွေရာသီ အဂင်္လိပ်စာသင်တန်းများကို ခလယ်ရွာအပြင် လိုင့်နာ့ထို၊ သံပု ရာ ချောင်းဖျား၊ သပြေကုန်း၊ မြောက်ကွင်းဖြူ စသည့်ရွာများကို KED-ကရင်ပညာရေးဌာနမှ ဦးစီးဦးဆောင်ပြီး သူးမွဲခီးကျောင်းမှ ဆရာ၊ ဆရာမများက သင်ကြားပေးလျက် ရှိနေကြောင်းလည်း သိရသည်။



















