Home သတင်း မြဝတီမြို့တွင် ဆီ‌လှောင်ကန်မှ ‌လောင်စာဆီများ မီး‌လောင်မှုဖြစ်ပွား

မြဝတီမြို့တွင် ဆီ‌လှောင်ကန်မှ ‌လောင်စာဆီများ မီး‌လောင်မှုဖြစ်ပွား

2853

ဧပြီ ၃ရက်၊ ၂ဝ၁၉ခုနှစ်။ ‌နေ‌နော် (အလွတ်သတင်း‌ထောက်)

မြန်မာ-ထိုင်း နယ်စပ် ‌သောင်ရင်းမြစ်အနီး မြဝတီမြို့ အမှတ်(၅)ရပ်ကွက် မြတ်လင်း‌အေးမြိုင်လမ်းရှိ နယ်ခြား‌စောင့်တပ်(BGF) တပ်ဖွဲ့ပိုင် (၁၄)ဂိတ်အနီး ‌လောင်စာဆီများ သို‌လှောင်ထား‌သော ဆီ‌လှောင်ကန်တွင် မီး‌လောင်ကျွမ်းမှုဖြစ်ပွားခဲ့သည်ဟု သိရသည်။

ယမန်‌နေ့ (ဧပြီလ ၂ရက်) မွန်းလွဲ ၁း၂ဝ နာရီအချိန်တွင် ‌ရွှေမြစ်‌သောင်ရင်းကုမ္ပဏီ City ဆီဆိုင်မှ ‌လောင်စာဆီများ သို‌လှောင် ထားသည့် ဆီ‌လှောင်ကန်(တန့်ကန်) ဂါလံ(၂၂,၀၀၀)ဆံ့ ဆီ‌လှောင်ကန်မှ ဂါလံ(၂၀,၀၀၀)ဆံ့ ဆီ‌လှောင်ကန်သို့ လွှဲ‌ပြောင်းမှုပြု လုပ်‌နေစဉ် အပူရှိန်လွန်ကဲမှု‌ကြောင့် ဆီ‌လှောင်ကန်များတွင် သွယ်တန်းထား‌သော ‌လောင်စာဆီပိုက်များမှတဆင့် မီးပွင့်၍ စတင် ‌လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်ဟု မြဝတီမြို့မရဲစခန်းက သတင်းထုတ်ပြန်ထားသည်။

အဆိုပါ မီး‌လောင်ကျွမ်းမှု‌ကြောင့် အနီးဝန်းကျင်ရှိ ကိုင်းပင်နှင့်မြက်ပင်များသို့ မီးကူးစက်‌လောင်ကျွမ်းသွားခဲ့ပြီး မြဝတီခရိုင် မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်‌နေပြည်သူများ ဝိုင်းဝန်းငြိမ်းသတ်‌ပေးမှု‌ကြောင့် မွန်းလွဲ ၁း၄ဝနာရီတွင် မီးငြှိမ်းသတ်နိုင်ခဲ့ ‌ကြောင်း သိရသည်။

အဆိုပါ City ဆီဆိုင်တွင် ဆီ‌လှောင်ကန် (တန့်ကန်) စုစု‌ပေါင်း ၄လုံး ထားရှိထား‌သော်လည်း မီး‌လောင်ကျွမ်းရာတွင် ဆီ‌လှောင် ကန်များပျက်စီးမှုမရှိဘဲ သွယ်တန်းထား‌သောပိုက်များနှင့် ဓာတ်ဆီဂါလံ(၁၅၀)ခန့် (ကာလတန်ဘိုး ၅၂,၅၀၀၀) ကျပ်ခန့် မီး‌လောင်ရှုံး ဆုံးခဲ့ပြီး ‌လောင်စာဆီလွှဲ‌ပြောင်းရာတွင် ‌ပေါ့ဆမှု‌ကြောင့် မီး‌လောင်ကျွမ်း ‌စေခဲ့သူ ဦးမြင့်ဝင်း(၃၂)နှစ်အား (ပ)၄၁၉ /၂၀၁၉ ရာဇ သတ်ကြီး ပုဒ်မ ၂၈၅ဖြင့် အမှုဖွင့်ကာ ဖမ်းဆီးအ‌ရေးယူထားသည်ဟု မြဝတီမြို့မ ရဲစခန်းက သတင်းထုတ်ပြန်ထားသည်။

နယ်စပ်မြို့တစ်မြို့ဖြစ်‌သော မြဝတီမြို့တွင် ယခုလို မီး‌လောင်ပျက်စီးဆုံးရှုံးမှုမှာ ယခုနှစ်အတွင်း ပထမဆုံး အကြိမ်ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။