ဧပြီလ ၈ရက်၊ ၂ဝ၁၉ခုနှစ်၊ စောမြတ်ဦးသာ
ဖားအံမြို့ ဒုံရင်းတိုက်နယ်ရှိ ဒုံရင်းပညာတော်သင်ထောက်ပံ့ရေးအသင်းက မိမိတို့တိုက်နယ်ကျေးရွာများမှ ပညာထူးချွန်သူ ရဟန်းသာမဏေများနှင့် ကျောင်းသူကျောင်းသား စုစုပေါင်း ၃၃ဦးကို ကရင်ကော့ကျိုက်ကျေးရွာအုပ်စု ကော့နိုင်ထုံးရွာ ဘော လုံးကွင်းတွင် ဧပြီလ ၇ရက်နေ့ညက ကျင်းပပြုလုပ်သည့်အသင်း၏ ဆဋ္ဌမအကြိမ်မြောက် ပညာရည်ချွန်ဆုချီးမြှင့်ပွဲ အခမ်းအ နားတွင် ဆုပေးအပ်ခဲ့သည်။
ဒုံရင်းတိုက်နယ်အတွင်း အငယ်တန်း၊ အလတ်တန်းနှင့် အကြီးတန်း အောင်မြင်သူ ရဟန်းသာမဏေ ၄ပါးနှင့် တက္ကသိုလ်ဝင် တန်း(ဆယ်တန်း)ကို ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သော ကျောင်းသူ/ကျောင်းသား ၂၉ဦးကို ဂုဏ်ပြုဆုချီးမြှင့်ပြီး ပညာတတ်လူ ငယ်တွေ ပိုများလာအောင် အားပေးချီးမြှင့်ပေးရခြင်းဖြစ်သည်ဟု ဒုံရင်းပညာတော်သင်ထောက်ပံ့ရေးအသင်း ဦးဆောင်သူဖြစ် သည့် ကော့ကလွေ(ကိုကလွေ)၊ စိတ္တသုခကျောင်းတိုက် ဆရာတော် အရှင်ပညာသာမိက ကေအိုင်စီ၏ မေးမြန်းမှုကို ယခုလို မိန့်ကြားသည်။
“ဘာသာမခွဲခြားဘဲ ပညာရေးထူးချွန်တဲ့ ကလေးအားလုံးဂုဏ်ပြုဆုပေးပါတယ်။ လူငယ်တွေ ပညာရေးမြင့်မားဖွံ့ဖြိုးလာအောင် အစစအရာရာမနောက်ကျရအောင် ထူးချွန်တဲ့ကလေးတွေကို ဂုဏ်ပြုဆုချီးမြင့်ပေးတာပါ။”ဟု ကော့ကလွေကျေးရွာ၊ စိတ္တသုခ ကျောင်းတိုက် ဆရာတော်အရှင်ပညာသာမိက ကေအိုင်စီကို မိန့်ကြားခဲ့သည်။
ဆယ်တန်းအောင်မြင်သည့် ဂုဏ်ပြုခံ ကျောင်းသူကျောင်းသားများအတွက် ဂုဏ်ထူးရဘာသာရပ်တစ်ခုလျှင် ငွေကျပ် ၁သိန်းနှုန်း ဖြင့် ၎င်းတို့ရရှိသည့် ဘာသာရပ်အလိုက်လည်းကောင်း၊ ထူးချွန်သာမဏေများကိုလည်း ပထမငယ်တန်း ၁သိန်း၊ ပထမလတ် တန်း ၂သိန်းနှင့် ပထမကြီးတန်း ၃သိန်းကို ဂုဏ်ပြုမှတ်တမ်းများဖြင့် ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ဆုလက်ခံယူသည့် ၃ဘာသာ ဂုဏ်ထူးရှင် နန်းသဒ္ဓါကြည်ရှင်က “ကြိုးစားခဲ့သလောက် အောင်မြင်မှုရလာတဲ့အပေါ် ပညာရေး ထောက်ပံ့ရေးအဖွဲ့က ခုလိုအားပေးချီးမြှင့်မှုပေးတဲ့အပေါ်မှာ ဝမ်းသာပါတယ်။ ပညာရေးမှာ ဒီထက်အောင်မြင်အောင် အားစိုက် လုပ်ဆောင်သွားမယ်။ ရှေ့ဆက်ပညာသင်ဖို့အတွက် အခက်ခဲဖြစ်တဲ့ဟာတွေ ဒီလိုထောက်ပံ့ပေးတာ ပိုပြီးအဆင်ပြေတယ်။ ချီးမြှင့်ဆုရတဲ့အပေါ်မှာတော့ ပညာရေးအတွက် လိုအပ်တဲ့ စာအုပ်ကိရိယာတွေ အသုံးပြုသွားတယ်။ တစ်ဝက်က အမေကို ကန်တော့မယ်။”ဟု ကေအိုင်စီသို့ပြောသည်။
ဒုံရင်းပညာတော်သင်ထောက်ပံ့ရေးအသင်းကို ဒုံရင်းတိုက်နယ်ရှိ ဆရာတော်များက ၂ဝ၁ဝခုနှစ်တွင် ဦးဆောင်ဖွဲ့စည်းခဲ့ပြီး နောက် သုံးနှစ်အကြာတွင် ပညာထူးချွန်သည့် ရှင်သာမဏေနှင့် ဆရာလေးများအား ဂုဏ်ပြုလာခဲ့သည်။ ၎င်းနောက် ငါးနှစ်မြောက်တွင် အတန်းပညာ ထူးချွန်သော တိုက်နယ်အတွင်းမှ ကျောင်းသူကျောင်းသားများကိုပါ ထပ်မံဂုဏ်ပြုရင်း လောကီပညာ လောကုတ္တရာစာပေ ထူးချွန်သူများကို နှစ်စဉ်ပညာသင် ထောက်ပံ့ဆု ပေးအပ်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဒုံရင်းတိုက်နယ်ရှိ ကျေးရွာအုပ်စု ၇စုမှ အသင်းဝင်ဘုန်းတော်ကြီးကျောင်း ၄၈ကျောင်းမှ ဆရာတော်၊ သံဃာတော်များနှင့် ကျေးရွာအသီးသီးမှ ဒါယကာများ၏ လှူဒါန်းထည့်ဝင်ငွေဖြင့် ပညာတော်သင်ထောက်ပံ့ရေးအသင်း ရန်ပုံငွေကို မတည်ခဲ့ပြီး ပညာတော်သင်ဆုချီးမြှင့်ခြင်း အခမ်းအနားကို နှစ်စဉ်ကျေးနယ်တစ်ခုချင်းစီအလိုက် အလှည့်ကျ ပြုလုပ်ခဲ့ခြင်းဖြစ်ရာ ယမန် နှစ်က လှိုင်ကမာ္ဘကျေးရွာအုပ်စုတွင် ကျင်းပသွားခဲ့သည်။
ဒုံရင်းပညာတော်သင်ထောက်ပံ့ရေးအသင်း၏ ဆဋ္ဌမအကြိမ် ပညာရည်ချွန်ဆု ချီးမြှင့်ပွဲအခမ်းအနားသို့ ဖားအံမြို့နယ် သံဃာ့မ ဟာနာယက ဆရာတော်များ၊ ဒုံရင်းတိုက်နယ်အုပ်ချုပ်ရေးမှူး၊ နယ်ခြားစောင့်အမှတ်(၁၀၁၆)နှင့် ကျေးရွာအသီးသီးမှ လူပရိ ဿတ် တစ်ထောင်ကျော် တက်ရောက်အားပေးခဲ့ကြသည်။



















