Home သတင်း လာမည့်မိုးရာသီအတွက် မြိုင်ကြီးငူစစ်‌ဘေး‌ရှောင်များ အင်ဖက်နှင့်ဝါး အကူအညီမရ‌သေး

လာမည့်မိုးရာသီအတွက် မြိုင်ကြီးငူစစ်‌ဘေး‌ရှောင်များ အင်ဖက်နှင့်ဝါး အကူအညီမရ‌သေး

3293

ဧပြီလ ၈ ရက်၊ ၂၀၁၉ ခုနှစ်။ ‌ကေအိုင်စီ

ယိုယွင်းပျက်စီးမှုများရှိ‌နေပြီး ပြန်လည်ပြင်ဆင်ပြုပြင်ရန် လိုအပ်‌နေသည့် မြိုင်ကြီးငူစစ်‌ဘေး‌ရှောင်‌နေအိမ်များအတွက် အိမ်မိုး အင်ဖက်နှင့် ဝါး အကူအညီမရ‌သေးသဖြင့် လာမည့် မိုးဦးကျရာသီအတွက် စိုးရိမ်ပူပန်‌နေရ‌ကြောင်း မြိုင်ကြီးငူစစ်‌ဘေး‌ရှောင်များ က ‌ပြောဆိုသည်။

လက်ရှိမြိုင်ကြီးငူစစ်‌ဘေး‌ရှောင်အချို့မှာ ၎င်းတို့၏ ‌နေအိမ်များကို ကိုယ်ထူကိုယ်ထစနစ်ဖြင့် ပြန်လည်ပြုပြင်‌နေမှုများ ရှိ‌နေ‌သော်လည်း အများစုမှာ ‌နေအိမ်ပြင်ဆင်‌ရေးအတွက် အခက်ကြုံ ‌တွေ့‌နေရဆဲဖြစ်သည်ဟု စခန်းတာဝန်ရှိသူများ၏ ‌ပြောပြချက်များအရ သိရသည်။

‌အေးလင်းမြတ်ရှင်စခန်း အတွင်း‌ရေးမှူး ‌စော‌အောင်ဝင်းထွန်းက “မိုးရာသီကလည်း ‌ရောက်ခါနီး‌နေပြီ။ ဒီမှာက အများအားဖြင့် အင်ဖက်နဲ့ဝါးမရှိတာ များတယ်။ မုဆိုးမတို့ သားကြီးသမီးကြီးမရှိသူ‌တွေဆို ပိုဆိုးတာ‌ပေါ့။ မရှိ‌တော့ သူတို့ပိုဒုက္ခ‌ရောက်တယ်။ အဲဒီလိုအခက်အခဲရှိသူ‌တွေ ဒီမှာထက်ဝက်‌ကျော်‌လောက် ရှိတယ်။ မြန်မြန်ရ‌တော့ မြန်မြန်‌ဆောက်ရတာ‌ပေါ့။ လိုအပ်ချက် ‌တွေကို‌တော့ ဝန်ကြီးချုပ်လာတုန်းက တင်ပြထားတာ‌တော့ ရှိတယ်။ စာနဲ့‌ပေနဲ့‌တော့ တင်ပြထားတာမရှိဘူး”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

၂၀၁၈ အကုန်နှင့် ၂၀၁၉ နှစ်ဆန်းပိုင်းမှစတင်ကာ အလှူရှင်များ နည်းပါး လာသည့် မြိုင်ကြီးငူစစ်‌ဘေး ‌ရှောင်များအတွက် ပြည်နယ်အစိုးရဘက်မှ (၃) လ တစ်ကြိမ် ပုံမှန်စားနပ်ရိက္ခာအတွက် ‌ထောက်ပံ့ကူညီ‌ပေး မှုများ ရှိ ‌နေ‌သေး‌သော်လည်း ယ‌နေ့အထိ အလှူရှင် မရှိ‌သေးသည့် အင်ဖက်၊ ဝါးရရှိ‌ရေးအတွက်သာ စိုးရိမ်ပူပန်‌နေရ‌ကြောင်း စခန်း‌နေ စစ်‌ရှောင်မိသား စုများက ‌ပြောသည်။

ယင်းသို့ ခက်ခဲ‌နေသည့် ‌နေအိမ်များ ပြန်လည်ပြုပြင်ရန်အတွက် ၁ဝ ‌တောင်ပတ်လည် (၁၅)‌ပေ၊ ‌နေအိမ်တစ်လုံးလျှင် အင်ဖက် အနည်းဆုံး ၃၀ဝခန့်နှင့် ဝါးအလုံး‌ပေါင်း ၁၀ဝခန့်ကုန်ကျမည်ဖြစ်ပြီး အဆိုပါ‌နေအိမ်တစ်လုံးလျှင် ခန့်မှန်း‌ခြေ ကုန်ကျမှု ၅၀၀၀ဝ ခန့်ရှိမည်ဖြစ်‌ကြောင်း စခန်းတာဝန်ရှိသူများထံမှ သိရသည်။

လှိုင်းဘွဲမြို့နယ် ဒုမြို့နယ်အုပ်ချုပ်‌ရေးမှူး ‌စော‌နေလင်းထက်က ” ဖက်‌တွေ၊ ဝါး‌တွေကိစ္စက‌တော့ စခန်းတာဝန်ခံ ‌တွေက ကျ‌နော်တို့ဆီကို နှုတ်နဲ့‌သော်လည်း‌ကောင်း၊ စာနဲ့‌သော်လည်း‌ကောင်း အခုအချိန် တရားဝင်တင်ပြတာ ‌တော့ မရှိ‌သေးဘူး။ မရှိ‌သေးတဲ့အတွက်‌ကြောင့် သူတို့က‌နေတင်ပြလာပြီဆိုတာနဲ့ ကျ‌နော်တို့လည်း ဆက်လည်း တင်ပြပြီး သူတို့လိုအပ်ချက် ‌လေး‌တွေကို ဖြည့်ဆည်းနိုင်‌အောင် ကြိုးစား‌ပေးရမှာ‌ပေါ့။ ဖက်‌တွေ၊ ဝါး‌တွေကိစ္စကို ‌တော့ ကျ‌နော်တို့စခန်းတာဝန်ခံ‌တွေကို ပြန်ချိ်တ်ဆက်ပါမယ်”ဟု ဆိုသည်။

မြိုင်ကြီးငူ‌ဒေသရှိ စစ်‌ဘေး‌ရှောင်စခန်း ၂ ခုတွင် ခိုလှုံ‌နေရသည့် စစ်‌ရှောင်‌နေသူများ အ‌ရေအတွက်မှာ ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၁ရက်‌နေ့ ‌ကောက်ယူထားသည့် စာရင်းများအရ ‌အေးလင်းမြတ်ရှင် စစ်‌ဘေး‌ရှောင်စခန်းတွင် ၃၈၀၂ဦးနှင့် မြတ်ပန်းဝတ်မှုန်တွင် ၁၄၇၂ဦး စုစု‌ပေါင်း ၅၂၇၄ ဦးရှိ‌ကြောင်း သိရသည်။